ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ကော့ဖငန်းကျွန်းတွင် မူးယစ်ဆေးဝါး ရောင်းချသုံးစွဲ၍ မြန်မာ ၆ ဦး ထပ်မံဖမ်းဆီးခံရ

Dawei Watch

November 22, 2025

ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့ဖငန်းကျွန်းတွင် မူးယစ်ဆေးပြားများကို ဝယ်ယူရောင်းချနေပြီး သုံးစွဲနေသည်ဟုဆိုကာ မြန်မာနိုင်ငံသား ၆ ဦးကို ရဲတပ်ဖွဲက ထပ်မံဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့ ညနေ ၂ နာရီခန့်က ကော့ဖငန်းကျွန်းပေါ်တွင် အသက် ၂၇ နှစ်အရွယ် မြန်မာနိုင်ငံသားတစ်ဦးကို WY မူးယစ်ဆေးပြား နှစ်ပြားနှင့်အတူ ဖမ်းဆီးရမိရာမှတစ်ဆင့် ကွင်းဆက်ကို ဆက်လက်စုံစမ်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံသားက မူးယစ်ဆေးပြားများကို ကိုစည်သူအောင်ထံက ဝယ်ယူခဲ့ကြောင်း ထွက်ဆိုခဲ့သဖြင့် ည ၈ နာရီခန့်တွင် ကိုစည်သူအောင်ထံက ဆေးပြားဝယ်ယူ၍ အသွင်ယူဖမ်းဆီးရန် ကြိုးပမ်းခဲ့သော်လည်း လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။ ကျွန်းပေါ်က CCTV မှတ်တမ်းများကို လိုက်လံစစ်ဆေးရာမှ ကိုစည်သူအောင်စီးသော ဆိုင်ကယ်သည် ဘန်တိုင်းဒေသရှိ ဘန်ဂလိုတစ်ခုတွင် ရပ်ထားသည်ကို စုံစမ်းသိရှိခဲ့ရသည်။ […]

ထိုင်းတွင် ကြိတ်စက်ထဲ ညှပ်ပါသွားသဖြင့် မြန်မာလုပ်သားတစ်ဦး သေဆုံး

Dawei Watch

November 21, 2025

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ ပလပ်စတစ်စက်ရုံတွင် ဖော့တုံးများ ကြိတ်နေသော စက်ထဲသို့ လူတစ်ကိုယ်လုံးညှပ်ပါသွားသဖြင့် မြန်မာအလုပ်သမားတစ်ဦး သေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနနှင့် WAG အဖွဲ့ထံမှ သိရသည်။ နိုဝင်ဘာလ ၁၉ ရက်နေ့ ည ၁၀ နာရီခန့်က ချွန်ဘူရီမြို့တွင် အသက် ၂၄ နှစ်အရွယ် ကိုသက်ဇော်ကိုသည် ဖော့ကြိတ်စက်ထဲသို့ လူတစ်ကိုယ်လုံးဝင်သွားပြီး တစ်စစီ ကြိတ်မိသွားသဖြင့် နေရာတွင်ပင် သေဆုံးခဲ့ခြင်းဖြစ်သည်။ စက်ထဲ လူခန္ဓာကိုယ်တစ်ခုလုံး ကြေသွားသဖြင့် အလောင်းကို နံနက်အထိ ကောက်ယူခဲ့ရကြောင်းသိရသည်။ ကိုသက်ဇော်ကိုသည် နာရီပေါင်းများစွာ အလုပ်လုပ်ကိုင်နေခဲ့ပြီးနောက် အိပ်ငိုက်သွားသဖြင့် ကြိတ်စက်ထဲ ပြုတ်ကျခဲ့ခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များက သုံးသပ်ထားသည်။ ကိုသက်ဇော်ကိုသည် ယင်းစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည်မှာ ၅ လခန့်သာရှိသေးပြီး ပန်းရောင်ဘတ်ကိုင်ဆောင်ထားသော မြန်မာအလုပ်သမားဖြစ်ကြောင်း WAG အဖွဲ့ထံမှ သိရသည်။ […]

ထိုင်းကျောင်းသူကို အဓမ္မပြုကျင့်ရန် လုပ်ဆောင်မှုဖြင့် မြန်မာတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

November 20, 2025

ထိုင်းနိုင်ငံ၊ အန်ထောင်းခရိုင်တွင် ကျောင်းသူတစ်ဦး၏ အခန်းထဲဝင်ပြီး အတင်းအဓမ္မပြုကျင့်ရန် လုပ်ဆောင်သည်ဆိုပြီး မြန်မာနိုင်ငံသားတစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နိုဝင်ဘာလ ၁၈ရက် ည ၁၁နာရီခွဲက အန်ထောင်းမြို့တွင် အသက် ၁၉နှစ်အရွယ် ထိုင်းကျောင်းသူတစ်ဦးတည်း အခန်းထဲ အိပ်ပျော်နေစဉ် အသက် ၂၈နှစ်အရွယ် မြန်မာနိုင်ငံသားက အခန်းထဲဝင်လာပြီး အဓမ္မပြုကျင့်ရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။ ထိုင်းကျောင်းသူသည် ပင်ပန်း၍ ခေတ္တမှေးပြီး အိပ်ပျော်နေစဉ် အသံကြားသဖြင့် လန့်နိုးလာချိန် မြန်မာနိုင်ငံသားက အခန်းထဲရပ်နေပြီး သူမ၏ ကိုယ်ပေါ်သို့ ခုန်အုပ်ခဲ့သည်ဟု ထွက်ဆိုထားကြောင်း ဖော်ပြသည်။ ယင်းနောက် မြန်မာနိုင်ငံသားက လက်ဖြင့် သူမကို တင်းတင်းကျပ်ကျပ် ပါးစပ်ပိတ်ခဲ့ပြီး ကိုယ်ဖြင့် အတင်းကပ်၍ အတင်းအဓမ္မပြုကျင့်ရန် ကြိုးပမ်းခဲ့ကြောင်း ဆိုသည်။ ထိုင်းကျောင်းသူက ရုန်းကန်၍ ခြေထောက်ဖြင့် […]

ထိုင်းသို့ တရားမဝင် ဝင်လာသော မြန်မာ ၃၆ ဦး ယနေ့နံနက်တွင် ထပ်မံဖမ်းဆီးခံရ

Dawei Watch

November 19, 2025

ထိုင်းနိုင်ငံ တာခ့်ခရိုင်ထဲသို့ တရားမဝင် ဝင်လာသော မြန်မာနိုင်ငံသား ၃၆ ဦးကို ယနေ့ နိုဝင်ဘာလ ၁၉ ရက် နံနက်သန်းခေါင်တွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားချက်အရ သိရသည်။ မြန်မာနိုင်ငံ ရွှေ့ကုက္ကိုလ်ဒေသတွင် ကျားဖြန့်လုပ်ငန်းများ နှိမ်နင်းခံရပြီးနောက်ပိုင်း တရားမဝင် ဝင်လာမှုများကို ဖမ်းဆီးနိုင်ရေး ထိုင်းနယ်ခြားစောင့်တပ်က တာခ့်ခရိုင် မယ်လမတ်ဒေသ နယ်စပ်တစ်လျှောက် တင်းတင်းကျပ်ကျပ် ကင်းလှည့်နေစဉ် မြန်မာနိုင်ငံသားများကို လယ်ကွင်းထဲတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများတွင် အမျိုးသား ၂၀ ဦး၊ အမျိုးသမီး ၁၆ ဦးပါဝင်ပြီး အားလုံးသည် ထိုင်းနိုင်ငံထဲသို့ လှေဖြင့် တရားမဝင် ဝင်လာကြသူများဖြစ်သည်။ မြန်မာနိုင်ငံသားများက စမွတ်စခွန်ဒေသသို့ သွားရောက်ရန် ဝင်လာကြပြီး ပွဲစားများ လာခေါ်မည့်အချိန်ကို စောင့်နေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း၊ အားလုံးကို ရွာသူကြီးအိမ်သို့ […]

ပစ်ကပ်ကားအနောက်တွင် လှဲအိပ်၍ ထိုင်းသို့ တရားမဝင် လာသော မြန်မာ ၆၀ ခန့် ဖမ်းဆီးခံရ

Dawei Watch

November 18, 2025

ထိုင်းနိုင်ငံ၊ ကန်ဖမ်းဖက်ခရိုင်တွင် ပစ်ကပ်ကားအနောက် လှဲအိပ်၍ တရားမဝင် လိုက်ပါလာသော မြန်မာနိုင်ငံသား ၆၀ နီးပါးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ အောက်တိုဘာလ ၁၇ ရက် ညနေက ကန်ဖမ်းဖက်ခရိုင် ကိုစဖီနခွန်ဒေသတွင် ကားများဖြင့် မြန်မာနိုင်ငံသားများကို အုပ်စုလိုက် တရားမဝင် ပို့ဆောင်နေကြောင်း သတင်းရရှိသဖြင့် ထိုင်းအာဏာပိုင် အဖွဲ့ပေါင်းစုံက လမ်းတစ်နေရာတွင် စစ်ဆေးနေခဲ့ကြောင်း ဖော်ပြသည်။ ယင်းအချိန် ကားအနောက်ပိုင်းကို ဖုံး၍ အရှိန်ဖြင့်လာနေသော ပစ်ကပ်ကားလေးစီးကို တွေ့ရသဖြင့် ရဲတပ်ဖွဲ့က နောက်ကလိုက်၍ တားဆီးစစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။ ကားပေါ်တွင် မြန်မာနိုင်ငံသား အမျိုးသား ၃၇ ဦး၊ အမျိုးသမီး ၂၁ ဦး စုစုပေါင်း ၅၈ ဦးကို တွေ့ရပြီး အားလုံးသည် ကားအနောက်တွင် မှောက်အိပ်၍ ကျောပိုးအိတ်များနှင့်အတူ […]

ချွန်ဘူရီတွင် မြန်မာမောင်နှမနှစ်ဦး ကျောင်းသွားချိန် ယာဉ်မတော်တဆဖြစ်ပြီး သေဆုံး

Dawei Watch

November 18, 2025

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် မြန်မာမောင်နှမနှစ်ဦး ကျောင်းသွားချိန် ယာဉ်မတော်တဆဖြစ်ပြီး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နိုဝင်ဘာလ ၁၇ ရက် နံနက်ပိုင်းက စီရချားဒေသတွင် အသက် ၁၅ နှစ်နှင့် ၉ နှစ်အရွယ်များရှိကြသော မြန်မာနိုင်ငံသား မောင်နှမနှစ်ဦးသည် ကျောင်းကို ဆိုင်ကယ်ဖြင့်လာစဉ် လမ်းဘေးလမ်းလျှောက်နေသော လာအိုနိုင်ငံသားတစ်ဦးကို ဝင်တိုက်ခဲ့ကြောင်း CCTV မှတ်တမ်းအရ သိရသည်။ ယင်းနောက် ဆိုင်ကယ်မှောက်သွားခဲ့ရာ မောင်နှမနှစ်ဦး ဆိုင်ကယ်ပေါ်မှ လွင့်ကျစဉ် အနောက်ကလာသော ကုန်တင်ကားက မောင်နှမနှစ်ဦးကို ဝင်တိုက်ကြောင်း သတင်းများတွင် ဖော်ပြသည်။ အသက် ၉ နှစ်အရွယ် ညီမဖြစ်သူသည် ဘူရာရမ်ဘုန်းကြီးကျောင်းရှိ ထိုင်း-မြန်မာ အာဆီယံ လေ့ကျင့်သင်ကြားရေး စင်တာတွင် ကျောင်းတက်နေသဖြင့် အစ်ကိုဖြစ်သူက ဆိုင်ကယ်မောင်းနှင်ပြီး ကျောင်းလိုက်ပို့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ဖခင်ဖြစ်သူက သမီးဖြစ်သူကို […]

မလေးရှားသွားမည့် မြန်မာ ၂၉ဦး ကန်ချနဘူရီရှိ နေအိမ်တစ်ဆောင်တွင် ဖမ်းဆီးခံရ

Dawei Watch

November 17, 2025

မလေးရှားနိုင်ငံသို့ သွားရောက်ရန် နယ်စပ်ဖြတ်ကျော်ဝင်လာသော မြန်မာနိုင်ငံသား ၂၉ ဦး ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီ ခရိုင်ရှိ နေအိမ်တစ်ဆောင်တွင် ရှိနေစဉ် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နိုဝင်ဘာလ ၁၅ ရက်က လဝကရဲတပ်ဖွဲ့ဝင်များက လူမှောင်ခိုပို့သည်ဟု သံသယရှိသော ကားတစ်စီးကို လိုက်လံရှာဖွေရာမှ နော်ဘိုဝါဒေသရှိ အိမ်တစ်ဆောင်ရှေ့တွင် ရပ်ထားသည်ကို တွေ့ရကြောင်း ဖော်ပြသည်။ အိမ်ထဲတွင် ဝင်ရောက်စစ်ဆေးရာ ပုန်းနေသော မြန်မာနိုင်ငံသား အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၃ ဦး စုစုပေါင်း ၂၉ ဦးကို အထုပ်အပိုးများနှင့်အတူ တွေ့ရှိခဲ့ကြောင်း ဆိုသည်။ အားလုံးတွင် တရားဝင် နေထိုင်ခွင့် စာရွက်စာတမ်းများ မတွေ့ရဘဲ စမွတ်စခွန်ခရိုင်သို့ ခရီးဆက်ရန် အိမ်ထဲပုန်းနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသတင်းများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံသားများကို နံနက်ပိုင်းက […]

ထိုင်းတောင်ပိုင်းတွင် မြန်မာနှစ်ဦး ဓါတုကန်သန့်ရှင်းရေးလုပ်စဉ် အဆိပ်ငွေ့ရှူမိပြီး သေဆုံး

Dawei Watch

November 15, 2025

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကရာဘီခရိုင်၊ ပလိုင်ဖရာယာဒေသ ကုမ္ပဏီတစ်ခုတွင် မြန်မာအလုပ်သမားသုံးဦး ဓါတုကန်သန့်ရှင်းရေး အလုပ်လုပ်နေစဉ် အဆိပ်ငွေ့ရှူမိပြီး နှစ်ဦးသေဆုံးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ နိုဝင်ဘာလ ၁၄ ရက်က မြန်မာအလုပ်သမားသုံးဦး ဓါတုကန်ပိုက်အရှည်ထဲတွင် သန့်ရှင်းရေးလုပ်နေစဉ် ပြင်းထန်သော အဆိပ်ငွေ့ကို ရှူရှိုက်မိပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မြန်မာအလုပ်သမား သုံးဦးအနက် အသက် ၂၂ နှစ်အရွယ် ကိုပိုင်ကို ကယ်တင်နိုင်ခဲ့ပြီး ဒဏ်ရာအပြင်းအထန် ရရှိထားသဖြင့် ပလိုင်ဖရာယာဆေးရုံသို့ အရေးပေါ်ပို့ဆောင်ပေးခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ ကျန်နှစ်ဦးမှာ အချိန်မီ ကယ်တင်နိုင်ခဲ့ခြင်းမရှိဘဲ သေဆုံးသွားခဲ့ကြောင်း ရေးသားထားသည်။ သေဆုံးသူနှစ်ဦးမှာ အသက် ၂၄ နှစ်အရွယ် ကိုရှိုင်းလင်းအောင်နှင့် အသက် ၂၅ နှစ်အရွယ် ကိုကျော်လင်းဦးတို့ ဖြစ်ကြောင်း ဆိုသည်။ ကြက်ဥပုပ်အနံ့ဟု လူသိများသော လူကိုသေစေနိုင်သည့် ဟိုက်ဒရိုဂျင်ဆာလဖိုက်ဓါတ်ငွေ့ပါဝင်သည့်ကန်ထဲသို့ […]