အဖမ်းမခံရရန်အာမခံသည်ဟု အွန်လိုင်းတွင်ပို့စ်တင်လူခေါ်ပြီး မှောင်ခိုပို့သောမြန်မာပွဲစားကားကို ထိုင်းရဲစောင့်ဖမ်း
diz_admin
March 20, 2023အဖမ်းမခံရရန် အာမခံသည်ဟု အွန်လိုင်းတွင်ပို့စ်တင်ပြီး လူခေါ်ကာ မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံသို့ တရားမဝင် ပို့ဆောင်သည့် မြန်မာပွဲစားကား၏ကားကို ထိုင်းရဲတပ်ဖွဲ့က စောင့်ဆိုင်းဖမ်းဆီးကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။ အွန်လိုင်းပို့စ်ကြောင့် မြန်မာပွဲစားကားကို စမွတ်ပရကန်ခရိုင် လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က မတ်လ ၁၇ ရက်တွင် နောက်ယောင်ခံကာ စောင့်ကြည့်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။ မြန်မာအလုပ်သမားများကို တရားမဝင်ခေါ်ဆောင်ကာ လှိ်ဳ႕ဝှက်ထားရှိသည် စမွတ်ပရာကန်ခရိုင် ဘန်ပူဒေသရှိ တိုက်ခန်းရှိရာသို့ ကားဝင်လာချိန် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ မြန်မာပွဲစားနှစ်ဦးသည် ကျော်မင်းနောင်နှင့် ရွှေစင် အမည်များဖြင့် Facebook နှင့် Tiktok များတွင် မြန်မာဘာသာဖြင့် ရေးသား ပို့စ်တင်ကာ လူခေါ်ခဲ့ခြင်းဖြစ်သည်။ မြန်မာပြည်မှ ဘန်ကောက်သို့ တက်လာလိုသူများကို အဖမ်းအဆီး လုံးဝမရှိဘဲပို့ဆောင်ပေးမည်ဟု ရာနှုန်းပြည့် အာမခံကြောင်း ရေးသားထားသည့်စာနှင့်အတူ ပို့ဆောင်ရာတွင် အသုံးပြုသည့် ကားဓာတ်ပုံကိုပါ တွဲတင်ခဲ့ကြောင်း […]


