ထိုင်းတွင် သက်တမ်းကုန် MoU မြန်မာလုပ်သားများ ဇူလိုင် ၃၁ အထိ နေထိုင်လုပ်ကိုင်ခွင့်ရ
Dawei Watch
May 31, 2023ထိုင်းနိုင်ငံသို့ နှစ်နိုင်ငံအစိုးရသဘောတူညီချက် MOU စနစ်ဖြင့် တရားဝင်လာရောက်လုပ်ကိုင်နေပြီး သက်တမ်း လေးနှစ်ပြည့်သွားပြီဖြစ်သည့် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမားများကို လာမည့်ဇူလိုင်လ ၃၁ ရက်အထိ နေထိုင်ခွင့်ပြုကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်က ပြောသည်။ မြန်မာ၊ လာအို၊ ကမ္ဘောဒီယား သုံးနိုင်ငံက MoU စနစ်ဖြင့် ဝင်ရောက်လာသော ရွှေ့ပြောင်းလုပ်သား နှစ်သိန်းကျော်ကို အစိုးရအသစ်ဖွဲ့နိုင်သည့်အချိန်အထိ ၎င်းတို့၏ စာချုပ်သက်တမ်းကို ထပ်တိုးနေထိုင်ခွင့်ပြုကြောင်း ဒုဝန်ကြီးချုပ် Wissanu Krea-ngam က ဆိုသည်။ သက်တမ်းကုန် MoU ရွှေ့ပြောင်းအလုပ်သမားများ နေထိုင်လုပ်ကိုင်ခွင့် ထပ်မံသက်တမ်းတိုးပေးရန် အလုပ်သမား ဝန်ကြီးဌာန၏ တောင်းဆိုချက်ကို အစိုးရအဖွဲ့က ယခင်က ငြင်းဆန်ထားသော်လည်း မေလ ၃၀ ရက်နေ့ အစည်းအဝေးတွင် ယခုကဲ့သို့ အတည်ပြုပေးခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် အလုပ်လုပ်ခွင့်ကို နှစ်လသာ […]


