ထိုင်းအမျိုးသမီး ၁၄၀ ဦး ရှမ်းပြည်နယ်တွင် လိင်လုပ်သားအဖြစ် လူကုန်ကူးခံရ
Dawei Watch
June 8, 2023ထိုင်းနိုင်ငံသား အမျိုးသမီး ၁၄၀ ဦးသည် ထိုင်း-မြန်မာနယ်စပ် ရှမ်းပြည်နယ်တွင် လိင်အလုပ်သမများအဖြစ် လူကုန်ကူးခံရကြောင်း ထိုင်းသတင်းဌာန၏ ဖော်ပြချက်နှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းကောင်စစ်ဝန်ရုံး၏ ထုတ်ပြန်ချက်များအရ သိရသည်။ လိင်လုပ်သားများအဖြင့် လူကုန်ကူးခံရသော ထိုင်းအမျိုးသမီး ၁၄၀ ဦးကို ကယ်တင်နိုင်ရန် လုပ်ဆောင်နေကြောင်း Paveena Foundation for Children and Women က ထုတ်ဖော်ပြောကြားထားသည်။ ယင်းဖောင်ဒေးရှင်းသည် ထိုင်းနိုင်ငံအတွင်းရှိ အမျိုးသမီးများနှင့် ကလေးငယ်များ လူကုန်ကူးခံရမှု၊ အဓမ္မပြုကျင့် ခံရမှုများကို ကူညီဆောင်ရွက်ပေးနေသော အရပ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်သည်။ အမျိုးသမီးများသည် လိင်လုပ်သမအဖြစ် လုပ်ကိုင်ရန် အတင်းအကျပ်စေခိုင်းခံရပြီး မူးယစ်ဆေးများ သုံးစွဲရန်လည်း အတင်းအကျပ် စေခိုင်းခံနေကြရကြောင်း ထိုင်းသတင်းဌာန The Thaiger တွင် ဖော်ပြသည်။ ထိုင်းအမျိုးသမီးများသည် လစာမက်လုံးဖြင့် ဖြားယောင်းသွေးဆောင်ခံရပြီး လက်တွေ့လုပ်ကိုင်ရသည့်အချိန်တွင် […]


