ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

လည်စင်းပေးနေရသည့် ထိုင်းရောက် မြန်မာလုပ်သားများ

Dawei Watch

June 15, 2023

ကိုလှမျိုးအပါအဝင် မြန်မာအလုပ်သမား ၆ ဦးက အလုပ်ထွက်ပြီး အခြားအလုပ်တစ်ခုလုပ်ရန်အတွက် စက်ရုံမန်နေဂျာထံမှ တရားဝင်အထောက်အထား တောင်းမည်ဟု ဆုံးဖြတ်ပြီး အလုပ်သို့သွားခဲ့ကြသည်။ သို့သော်ဖိုးချစ်ကန်းဟု ခေါ်သည့် စက်ရုံမန်နေဂျာက ပစ္စတိုသေနတ်တကိုင်ကိုင်ဖြင့် လမ်းလျှောက်နေသည့်အတွက် ယင်းကိစ္စနှင့်ပတ်သက်၍ စကားတစ်ခွန်းပင် မဟရဲတော့ကြောင်း ကိုလှမျိုးက ဆိုသည်။ စက်ရုံပိုင်ရှင်သူဌေးအမည်ဖြင့် ပန်းရောင်ကတ်၊ အလုပ်လုပ်ခွင့်ပါမစ် လုပ်ထားကြပြီး ကျသင့်ငွေကို အပြေအကြေဆပ်ပြီးဖြစ်သည်ဟု ကိုလှမျိုးက ဆိုသည်။ သို့သော် အလုပ်သမားများလက်ဝယ်တွင် တရားဝင်အထောက်အထားဟူ၍ စာရွက်တစ်ရွက်ပင် မရှိကြပေ။ “ပန်းရောင်ကတ်နဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတောင်းချိန်ဆို ပစ္စတိုသေနတ်တကားကားနဲ့ အလုပ်သမားတွေနဲ့ ရှင်းမယ်ဆိုရင် မန်နေဂျာက ပစ္စတိုယူလာရော။ ပစ္စတိုကိုင်ပြီးတော့ ငါ့ကိုလာရှင်းတဲ့” ဟု ၎င်းက ရှင်းပြသည်။ ကိုလှမျိုးမှာ ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်အနီးရှိ လှဘူရီမြို့ အုန်းသီးစက်ရုံတွင်  အလုပ်လုပ်နေခြင်းဖြစ်သည်။ အဆိုပါ အုန်းသီးစက်ရုံမှ အလုပ်ထွက်မည့် […]

စမွတ်စခွန်တွင် မြန်မာလုပ်သားတစ်ဦး မြောင်းထဲတွင် သေဆုံးနေ

Dawei Watch

June 14, 2023

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင်တွင် စက်ဘီးဖြင့် အလုပ်သွားသော မြန်မာအလုပ်သမားတစ်ဦး လမ်းဘေးမြောင်းအတွင်း ပြုတ်ကျသေဆုံးနေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ဇွန်လ ၁၃ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်တွင် စမွတ်စခွန်ခရိုင် ကထူးဘင်ဒေသ၌ ကုမ္ပဏီဝတ်စုံဝတ်ထားသော စက်ရုံအလုပ်သမားတစ်ဦး လမ်းဘေးမြောင်းထဲ မှောက်လျက် ပြုတ်ကျသေဆုံးနေသဖြင့် ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးအဖွဲ့များ သွားရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။ သေဆုံးသူသည် အသက် ၃၅ နှစ်အရွယ် မောင်မျိုးသက်နိုင် အမည်ရှိသော စက်ရုံအလုပ်သမားတစ်ဦးဖြစ်ပြီး စက်ရုံနှင့် မီတာ ၅၀၀ ခန့်အကွာတွင် သေဆုံးနေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ အလောင်းအနီးတွင် စက်ဘီး၊ ထမင်းချိုင့်၊ နိုင်ငံကူးလက်မှတ်စာအုပ်များ ထည့်ထားသော အိတ်တစ်လုံးကို တွေ့ရှိခဲ့သဖြင့် ၎င်း၏ဆွေမျိုးများကို ပေးအပ်ခဲ့ကြောင်း ဖော်ပြထားသည်။ သေဆုံးသူ၏ အနီးပတ်ဝန်းကျင်တွင် ခိုက်ရန်ဖြစ်ပွားမှု၊ တိုက်ခိုက်ခံရသည့်ပုံစံမျိုး မတွေ့ရှိရဘဲ အလောင်းတွင်လည်း […]

ထိုင်းရောက်မြန်မာလုပ်သားတစ်ဦး လိင်တံကြီးလို၍ သံကွင်းစွပ်ထားရာမှ ရောင်ရမ်းလာသဖြင့် ဆေးရုံတက်ရ

Dawei Watch

June 13, 2023

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် မြန်မာအလုပ်သမားတစ်ဦး လိင်တံကြီးလာစေရန် သံကွင်းဖြင့် စွပ်ထားမိရာမှ ရောင်ရမ်းလာပြီး ပြည်တည်ကာ နာကျဉ်ကိုက်ခဲလာသဖြင့် ဆေးရုံတက်ကုသရကြောင်း နခွန်ဖင့်ဆေးရုံစာမျက်နှာက ဇွန်လ ၉ ရက်နေ့တွင် ဖော်ပြထားသည်။ အသက် ၂၉ နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦးသည် လိင်တံအရင်းကို သံကွင်းဖြင့် တစ်ပတ်ကြာ စွပ်ထားမိခြင်းဖြစ်ကြောင်း ဆိုသည်။ နောက်ပိုင်းတွင် ရောင်ကိုင်းလာပြီး အရေပြား ကွာကျလာကာ ဒဏ်ရာများတွင် ပြည်တည်နာများဖြစ်ပေါ်လာပြီး နာကျင်ကိုက်ခဲလာကြောင်း ဖော်ပြထားသည်။ ဒဏ်ရာများကြောင့် သံကွင်းကို မဖြုတ်နိုင်တော့သဖြင့် နခွန်ဖင့်ဆေးရုံသို့ လာရောက်ကုသမှု ခံယူခဲ့ကြောင်း ရေးသားထားသည်။ ဆရာဝန်များက သံကွင်းကို ဖြတ်တောက်ပေးခဲ့ပြီး ရောင်ကိုင်းနေသော ဒဏ်ရာများကို ကုသပေးခဲ့ကြောင်း ဆိုသည်။ လူနာမှာ သက်သာလာသဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ကြောင်းလည်း ဖော်ပြသည်။ လိင်တံတွင် သံကွင်း ကာလရှည် စွပ်ထားပါက […]

ထိုင်းရောက် မြန်မာလုပ်သားတွေ လုပ်ငန်းခွင်လုံခြုံရေး

Dawei Watch

June 12, 2023

ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသား ၂ သန်းကျော် အလုပ်လုပ်ကိုင်နေပါတယ်။ အလုပ်သမား အများစုကတော့ အလုပ်ကြမ်းတွေကို လုပ်ကိုင်နေကြရတာဖြစ်ပြီး အန္တရာယ်ရှိလုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေရသူ အများအပြားရှိနေပါတယ်။ တစ်ကယ်လို့ အန္တရာယ်ကြုံလာပြီဆိုရင်လည်း အချိန်မီ ဆေးကုသခွင့်နဲ့ ခံစားခွင့်တွေ ဘယ်လိုရယူနိုင်မလဲ ဆိုတာတွေကို တင်ဆက်ပေးလိုက်ပါတယ်။

ဘန်ကောက်မြို့အနီးတွင် တရားမဝင် မြန်မာလုပ်သား ၁၄ ဦး၊ ပွဲစား ၃ ဦး ဖမ်းဆီးခံရ

Dawei Watch

June 12, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်တွင် တရားမဝင် မြန်မာအလုပ်သမား ပို့ဆောင်နေသော ပွဲစား ၃ ဦးနှင့် မြန်မာအလုပ်သမား ၁၄ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ စမွတ်ပရကန်ခရိုင် ဘန်ဖလီဒေသ ဘန့်ပလားလမ်းတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများကို မြန်မာပွဲစားများက နေရာထိုင်ခင်းပြုလုပ်ပေးခြင်း၊ အလုပ်ရှာပေးခြင်းနှင့် သတ်မှတ်နေရာများသို့ ပို့ဆောင်ပေးနေခြင်းတို့ လုပ်ဆောင်နေကြောင်းကို သိရှိရသဖြင့် ထိုင်းရဲများက သွားရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၁၀ ရက်နေ့တွင် ဘန်ပလားလမ်း၌ မြန်မာအလုပ်သမားများကို အိမ်စီးကား၊ အငှားယာဉ်များဖြင့် ပို့ဆောင်ရန်ပြင်ဆင်နေစဉ် စမွတ်ပရကန် ရဲများက ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။ မြန်မာအလုပ်သမားများကို စစ်ဆေးရာ နိုင်ငံကူးလက်မှတ်နှင့် အလုပ်လုပ်ခွင့်လက်မှတ် စာရွက်စာတမ်းများ မတွေ့ရှိရဟုဆိုသည်။ ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများမှာ တရားမဝင် ဝင်ရောက်နေထိုင်မှုများဖြင့် အရေးယူခံရမည်ဖြစ်ပြီး ပွဲစားများကိုမူ မြန်မာအလုပ်သမားများကို ကူညီပို့ဆောင်ပေးမှုများဖြင့် […]

“သတင်းဌာနတွေရဲ့ စုပေါင်းအားကိုသုံးပြီး ပြည်သူ့အကျိုးပြု လှုံ့ဆော်ချက်တွေ ဖြန့်ဝေပါ”

Dawei Watch

June 9, 2023

“သတင်းဌာနတွေရဲ့ စုပေါင်းအားကိုသုံးပြီး ပြည်သူ့အကျိုးပြု လှုံ့ဆော်ချက်တွေ ဖြန့်ဝေပါ” အရင်ဆုံး လူထုအကျိုးပြုလှုံ့ဆော်ချက် (Public Service Announcement- PSA) က ဘာလဲဆိုတာရှင်းပြပါရစေ။ အများပြည်သူအကျိုးရှိစေမယ့်၊ အများပြည်သူ အသက်အိုးအိမ်စည်းစိမ်တွေကို ကြိုတင်ကာကွယ်နိုင်မယ့် အသိပညာ၊ ဗဟုသုတတွေကို ရေးသား၊ ရိုက်ကူး၊ ထုတ်လွှင့်ခြင်းတွေဟာ လူထုအကျိုးပြုလှုံ့ဆော်ချက် Public Service Announcement ပါပဲ။ အဲဒီ Public Service Announcement တွေက အများပြည်သူအတွက် ဘာကြောင့်အရေးပါသလဲဆိုတာကိုလည်း ဆက်ရှင်းပြပါမယ်။ ဥပမာအားဖြင့်ပြောရရင် မိုင်းဘေး၊ စစ်ကျန်လက်နက်ဘေး၊ ငလျင်ဘေး၊ ရေဘေး၊ လေကြောင်းတိုက်ခိုက်မှုအန္တရာယ် စတဲ့ သဘာဝဘေး၊ လူလုပ်ဘေး မျိုးစုံကနေ ကြိုတင်ကာကွယ်နိုင်ကြဖို့ဆိုရင် ကာကွယ်ပုံ၊ ကာကွယ်နည်းလမ်းတွေကို ပြည်သူတွေ သေချာ သိထားဖို့လိုပါတယ်။ အဲဒီလိုသိထားဖို့ဆိုရင် PSA တွေနဲ့ ပြည်သူကို […]

လေးလကျော်အတွင်း ထိုင်းက မြန်မာလုပ်သား ၁‌၃၀၀ ကျော် လွှဲပေး

Dawei Watch

June 9, 2023

ယခုနှစ် ဖေဖော်ဝါရီလ ၂ ရက်မှ ဇွန်လ ၉ ရက်ရက်အထိ လေးလကျော်ကာလအတွင်း ထိုင်းနိုင်ငံ ရနောင်းမြို့မှ ကော့သောင်းမြို့သို့ မြန်မာအလုပ်သမား ၁၃၀၀ ကျော်ကို ပြန်လည်လွှဲ‌ပြောင်းပေးကြောင်း ရွှေအဏ္ဏဝါပရဟိတလူငယ်အဖွဲ့ထံမှ သိရသည်။ ကော့သောင်းအခြေစိုက် ယင်းအဖွဲ့သည် မြန်မာအလုပ်သမားများကို လက်ခံရာတွင် ပါဝင်ကူညီပေးနေသည့်အဖွဲ့ ဖြစ်သည်။ ဖေဖော်ဝါရီလ ၂ ရက်က မြန်မာအလုပ်သမား အမျိုးသား ၅၄၀ ဦးနှင့် အမျိုးသမီး ၁၃၈ ဦး စုစုပေါင်း ၆၇၈ ဦးအား ကော့သောင်းဘက်သို့ လွှဲပြောင်းပေးခဲ့သည်။ ယင်းနောက် မတ်လ ၁၇ ရက်နေ့တွင် အမျိုးသား ၉၉ ဦး၊ အမျိုးသမီး ၃၂ ဦး စုစုပေါင်း ၁၃၁ ဦးတို့အား လွှဲပြောင်းပေးသည်။ ဧပြီလ ၂၄ ရက်နေ့တွင်မူ […]

ထိုင်းတွင် ကံပေါက်သားတစ်ဦး ဘတ် ၁၂ သန်း ထီပေါက်

Dawei Watch

June 9, 2023

ထိုင်းနိုင်ငံတောင်ပိုင်း ဖန်ငခရိုင်တွင် အလုပ်လုပ်ကိုင်နေသော ကံပေါက်ဒေသခံတစ်ဦးသည် ဇွန်လ ၁ ရက်နေ့တွင် ဖွင့်လှစ်သော ထိုင်းထီပေါက်စဉ်တွင် ဘတ် ၁၂ သန်း ထီပေါက်ကြောင်း AAC-မဟာမိတ်အဖွဲ့ထံမှ သိရသည်။ ထိုင်းထီပေါက်စဉ်တွင် အမြင့်ဆုံးဆုဖြင့်သော 125272 ခြောက်လုံးတူ နှစ်စောင်တွဲ ထီပေါက်သဖြင့် တစ်စောင်စီအတွက် ဘတ် ၆သန်း စုစုပေါင်းဘတ် ၁၂ သန်းဆုကို ဆွတ်ခူးခဲ့ခြင်းဖြစ်သည်။   ထီကံထူးသောသူသည် ဖန်ငခရိုင်တွင် ဒူးရင်းသီး၊ ကြက်မောက်သီး စသော သစ်သီးခြံတွင် လုပ်ကိုင်နေသည်မှာ ၇ နှစ်ရှိပြီဖြစ်ပြီး ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသခံတစ်ဦးဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ထိုင်းထီဆုကြီးပေါက်သည်ကို သိပြီးနောက် AAC-မဟာမိတ်အဖွဲ့ထံသို့ လာရောက်အကူညီတောင်းခံခဲ့သဖြင့် ဇွန်လ ၈ ရက်နေ့တွင် ဆုကြေးငွေအားလုံးကို လိုက်ပါထုတ်ယူပေးပြီးဖြစ်ကြောင်း ယင်းအဖွဲ့၏ ဒါရိုက်တာ ဦးခိုင်ကြီးက […]