ထိုင်းတွင် လမ်းအောက်ရေမြောင်းပိုက်အတွင်း ရေငုပ်ဝင်သော မြန်မာလုပ်သားတစ်ဦးသေဆုံး
diz_admin
April 16, 2023ထိုင်းနိုင်ငံ စမွတ်စွန်ခရမ်ခရိုင် လတ်ရိုင်ဒေသတွင် ရေကူးနေရင်း လမ်းအောက် ရေမြောင်းပိုက်ထဲ ရေငုပ်ဝင်သွားသော မြန်မာအလုပ်သမားတစ်ဦးသည် ဧပြီလ ၁၅ရက် ညနေပိုင်းက သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။သေဆုံးသူမှာ အသက် ၃၅ နှစ်အရွယ် ကိုမင်းသိန်းဆိုသည့် မြန်မာအလုပ်သမားဖြစ်ပြီး ဆုန်ခရန်ပွဲတော် အားလပ်ရက် အတွင်း သူငယ်ချင်းဖြစ်သူနှင့် မြောင်းဘေးတွင် အရက်ထိုင်သောက်နေခဲ့ကြောင်း ဖော်ပြသည်။ ရာသီဥတုပူအိုက်နေသဖြင့် မြောင်းအတွင်း ရေဆင်းကူးကြရာမှ ကိုမင်းသိန်းမှာ ရေမြောင်းပိုက်ထဲ ရေငုပ်ဝင်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။ တစ်ဖက်ရေမြောင်းပိုက် အပေါက်ဝမှ ထိုင်စောင့်နေခဲ့သော်လည်း နာရီဝက်ကြာသည်အထိ ပြန်ထွက်မလာတော့သဖြင့် သူငယ်ချင်းဖြစ်သူက အခြားသူငယ်ချင်းများကို အကူအညီတောင်းခံပြီး ရှာဖွေခဲ့ကြောင်း ဖော်ပြသည်။ သို့သော်လည်း လမ်းအောက်ရေမြောင်းပိုက်ထဲသို့ မဆင်းရဲကြသဖြင့် အာဏာပိုင်များထံသို့ အကူညီတောင်းခံခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ရေးသားထားသည်။ ကယ်ဆယ်ရေးအဖွဲ့များက မြောင်းထဲမှ ရေများကို မီးသတ်ကားရှိ […]


