မြန်မာအပါအဝင် ထိုင်းရောက် တရားမဝင်ရွှေ့ပြောင်းလုပ်သားများ တရားဝင်လုပ်ကိုင်ခွင့်ရရန် အမည်စာရင်းတင်ရမည်
Dawei Watch
July 7, 2023ထိုင်းနိုင်ငံရှိ တရားမဝင် နေထိုင်လုပ်ကိုင်နေသော ရွှေ့ပြောင်းအလုပ်သမားများသည် တရားဝင် ယာယီနေထိုင်လုပ်ကိုင်ခွင့်ရရန် အမည်စာရင်းတင်သွင်းရမည်ဖြစ်ကြောင်း ထိုင်းအစိုးရအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ်က ဇူလိုင်လ ၆ ရက်နေ့တွင် ကြေညာခဲ့သည်။ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် လေးနိုင်ငံတို့မှ တရားမဝင် အလုပ်သမားများ ဇူလိုင်လ ၃၁ ရက်နေ့အထိ တရားဝင်နေထိုင်ခွင့်ရရှိရန်အတွက် အလုပ်ရှင်က အလုပ်သမားစာရင်းကို ယခုလ ၁၅ ရက်အတွင်း တင်သွင်းရမည် ဖြစ်သည်။ ယခုအစီအစဉ်ကို ဇူလိုင်လ ၅ ရက်နေ့က ပြုလုပ်ခဲ့သော အစိုးရအစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ အလုပ်လုပ်ခွင့်လျှောက်ထားခွင့်နှင့် အကျုံးဝင်မည့် အလုပ်သမား အုပ်စု သုံးအုပ်စုရှိကြောင်း ဖော်ပြထားသည်။ နိုင်ငံကူးလက်မှတ် သက်တမ်းရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ယခင်အလုပ်က ထွက်ထားပြီး အလုပ်သစ်ရှာမရသေးသူများ သို့မဟုတ် အလုပ်လုပ်ခွင့် သက်တမ်းတိုးရန် မမီလိုက်သူများ၊ ထိုင်းနိုင်ငံတွင် […]


