ဘန်ကောက်တွင် အလှအပရေးရာ မြန်မာဆရာဝန်တစ်ဦး ဖမ်းဆီးခံရ
Dawei Watch
July 24, 2023ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အလှအပရေးရာဆေးခန်းတစ်ခုတွင် လိုင်စင်မရှိဘဲ ဆေးကုသနေသည်ဟုဆိုကာ အလှအပရေးရာ မြန်မာဆရာဝန်တစ်ဦးကို ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ယင်းဆေးခန်းကို ထိုင်းကျန်းမာရေးဌာနက အာဏာပိုင်များ ဝင်ရောက်စစ်ဆေးရာ မြန်မာဆရာဝန်နှင့် ဆေးခန်းသုံး ပစ္စည်းများကို ဖမ်းမိကြောင်း ရေးသားထားသည်။ ဘန်ကောက်မြို့ အေကမိုင်ဒေသတွင် တရားမဝင် ဖွင့်လှစ်ထားသော တရုတ်နိုင်ငံသားပိုင် CCoco အလှအပရေးရာ ဆေးခန်းကို ဇူလိုင်လ ၂၁ ရက်နေ့က ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် ပိတ်သိမ်းခဲ့ကြောင်း စားသုံးသူကာကွယ်ရေး ရဲတပ်ဖွဲ့က ရဲမှူးကြီးက ပြောသည်။ မအိမွန် အမည်ရှိ မြန်မာဆရာဝန်ကို ဆေးခန်း၏ အလှအပရေးရာကုသရေးတွင် ခန့်ထားပြီး ၎င်းသည် ဆရာဝန် တစ်ဦးအနေဖြင့် ဆေးစစ်ခြင်း၊ ဗစ်တာမင်ထိုးသွင်းခြင်းများ ပြုလုပ်နေခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။ မြန်မာနိုင်ငံက ဆေးတက္ကသိုလ် ကျောင်းဆင်းတစ်ဦးဖြစ်သော ၎င်းသည် ကုသမှုတစ်ခုအတွက် […]


