ကန်ချနဘူရီတွင် တရားမဝင် မြန်မာလုပ်သား ၁၂ ဦး ဖမ်းဆီးခံရ
Dawei Watch
September 18, 2023ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် အဝေးပြေးလမ်းမတွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၂ ဦးကို စက်တင်ဘာလ ၁၇ ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ နံနက် ၅ နာရီအချိန်ခန့်တွင် အဝေးပြေးရဲတပ်ဖွဲ့များက မြို့အတွင်းရှိ ဝမ်းဒေါင်းဒေသတွင် ကင်းလှည့်နေစဉ် ပုံမှန်အလေးချိန်ထက် ပိုတင်လာသော ပစ်ကပ်ကားတစ်စီးမောင်းလာသဖြင့် စစ်ဆေးရန် ရပ်ခိုင်းခဲ့သည်။ သို့သော်လည်း ပစ်ကပ်ကားသည် ဘရိတ်အုပ်ကာ ရုတ်တရက်အရှိန်လျှော့ခဲ့ပြီး လမ်းကို U turn ပြန်ကွေ့ကာ မောင်းပြေးသွားခဲ့ကြောင်း ဖော်ပြထားသည်။ နောက် ရဲတပ်ဖွဲ့ကလည်း နောက်မှလိုက်လံ စစ်ဆေးစဉ် ကားပေါ်တွင် မြန်မာအလုပ်သမား အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ၂ ဦးနှင့် ထိုင်းကားသမားတစ်ဦးကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။ မြန်မာအလုပ်သမားများတွင် တရားဝင် စာရွက်စာတမ်းများနှင့် နိုင်ငံကူးလက်မှတ်များကို မတွေ့ရှိရကြောင်း ဖော်ပြထားသည်။ […]


