ထိုင်းတွင် ဒဏ်ရာရမြန်မာလုပ်သားကို လမ်းဘေးစွန့်ပစ်ခဲ့သည့် အလုပ်ရှင် ရဲစခန်းတွင်လာဖမ်းခံ
Dawei Watch
September 26, 2023ထိုင်းနိုင်ငံတွင် ဒဏ်ရာရသည့် မြန်မာအလုပ်သမားကို လမ်ဘေးတွင်စွန့်ပစ်ပြီးနောက် ထွက်ပြေးတိမ်းရှောင်နေသည့် အလုပ်ရှင် ရဲစခန်းတွင်လာရောက်အဖမ်းခံကြောင်း မြန်မာအလုပ်သမားအရေးကူညီဆောင် ရွက်ပေးနေသည့် AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။ နခွန်စဝမ်ခရိုင်တွင် စက်တင်ဘာလ ၅ရက်နေ့က ဂိုဒေါင်ခေါင်မိုးပြုပြင်နေစဉ် မြန်မာအလုပ်သမားတစ်ဦး ပြုတ်ကျကာ ဒဏ်ရာရသဖြင့် အလုပ်ရှင်က ဆေးရုံသို့ ပို့ဆောင်မည်ဟုဆိုကာ ကားဖြင့်တင်ဆောင်လာပြီး လမ်းဘေးတွင် စွန့်ပစ်ခဲ့ခြင်း ဖြစ်သည်။ မြန်မာအလုပ်သမားမှာသေဆုံးသွားပြီးနောက် အလုပ်ရှင်ထွက်ပြေးသွားခြင်းဖြစ်သည်။ ယင်းနောက် စက်တင်ဘာလ ၂၀ ရက်နေ့တွင် နခွန်စဝမ်အနီးရှိ ပီကျစ်ရဲစခန်း၌ အလုပ်ရှင် လာရောက်ဝန်ခံ၍ အဖမ်းခံခဲ့ကြောင်း AAC မဟာမိတ်အဖွဲ့မှ ကိုနေလင်းသူက ပြောသည်။ “သူကိုယ်တိုင် ရဲစခန်းကို လာပြီးတော့ ဝန်ခံသွားတယ်။ မှားပါတယ်ဆိုတဲ့အကြောင်း။ သူလုပ်တာပါဆိုတဲ့အကြောင်း ဝန်ခံသွားပြီ” ဟု ၎င်းက ပြောဆိုသည်။ အလောင်းဖျောက်ဖျက်မှု၊ အထောက်မထားမရှိသော အလုပ်သမားကို ခိုင်းစေမှုဖြင့် […]


