ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ပဋိပက္ခအတွင်း ဆေးဝါးကုသခွင့်

Dawei Watch

September 3, 2023

တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ လက်နက်ကိုင် အဖွဲ့တွေရဲ့ လမ်းခရီး စစ်ဆေးတင်းကြပ်မှုတွေက ပိုမိုများပြားလာနေပါတယ်။ ဒါကြောင့်မို့ ပဋိပက္ခအတွင်း အချိန်မီ ဆေးဝါးကုသခွင့်မရဘဲ အသက်ဆုံးရှုံးရတဲ့ ပြည်သူတွေရှိလာနေပါတယ်။ လူနာတင်ယာဉ် ပစ်ခတ်ခံရမှုကြောင့် သေဆုံးမှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့် စစ်ဖြစ်ပွားရာဒေသနဲ့၊ ပဋိပက္ခဒေသတွေမှာ လိုက်နာရမယ့် ဆေးကုသခွင့်နဲ့ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ပဋိပက္ခအတွင်း ဆေးဝါးကုသခွင့်

Dawei Watch

September 3, 2023

တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ လက်နက်ကိုင် အဖွဲ့တွေရဲ့ လမ်းခရီး စစ်ဆေးတင်းကြပ်မှုတွေက ပိုမိုများပြားလာနေပါတယ်။ ဒါကြောင့်မို့ ပဋိပက္ခအတွင်း အချိန်မီ ဆေးဝါးကုသခွင့်မရဘဲ အသက်ဆုံးရှုံးရတဲ့ ပြည်သူတွေရှိလာနေပါတယ်။ လူနာတင်ယာဉ် ပစ်ခတ်ခံရမှုကြောင့် သေဆုံးမှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့် စစ်ဖြစ်ပွားရာဒေသနဲ့၊ ပဋိပက္ခဒေသတွေမှာ လိုက်နာရမယ့် ဆေးကုသခွင့်နဲ့ပတ်သက်ပြီး ဆောင်ရန် ရှောင်ရန်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ထိုင်းတွင် တရားဝင်လာရောက်လုပ်ကိုင်သည့် မြန်မာလုပ်သား ၁၇ဦး လုပ်အားခမရ

Dawei Watch

September 2, 2023

ထိုင်းနိုင်ငံတွင် MoU စနစ်ဖြင့် တရားဝင်လာရောက်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၁၇ ဦးသည် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် တစ်လကျော်ကြာ လုပ်ကိုင်ခဲ့သော်လည်း လုပ်အားခ မရရှိကြောင်း အလုပ်သမားများနှင့် WAG အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့တို့ထံမှ သိရသည်။ အဆိုပါမြန်မာအလုပ်သမားများကို Actual Tokyo Max မြန်မာပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီက ထိုင်းနိုင်ငံသို့ ဇူလိုင်လ ၂၂ ရက်နေ့တွင် ပို့ဆောင်ပေးခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။ သို့သော် အလုပ်သမားများနှင့် အေဂျင်စီတို့ကြား ချုပ်ဆိုထားသည့် စာချုပ်ပါ အလုပ်အကိုင်အတိုင်း မလုပ်ကိုင်ရဘဲ ရတ်ခ်ျဘူရီခရိုင်ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုသို့ ပို့ဆောင်ခဲ့ကြောင်း အလုပ်သမားများက ပြောသည်။ ယင်းလုပ်ငန်းခွင်တွင် ဇူလိုင်လ ၂၄ ရက်နေ့က အလုပ်စတင်ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး ဩဂုတ်လ ၂၅ ရက်နေ့အထိ အလုပ်လုပ်ကိုင်ပြီးနောက် လုပ်အားခ တောင်းခံရာ အလုပ်ရှင်သူဌေးက လုပ်အားခထုတ်မပေးဘဲ အချိန်မကြာခဏ ရွှေ့ဆိုင်းနေကြောင်း […]

တနင်္သာရီတိုင်းက စစ်ဘေးရှောင်များအတွက် ရန်ပုံငွေဘောလုံးပွဲ ဖူးခက်တွင် ကျင်းပမည်

Dawei Watch

September 1, 2023

တနင်္သာရီတိုင်းအတွက် လူသားချင်းစာနာကူညီစောင့်ရှောက်‌ရေး ရန်ပုံငွေဘောလုံးပွဲကို ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့၌ စက်တင်ဘာလ ၁၇ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် တနင်္သာရီတိုင်း၊ တိုင်းလူငယ်ကွန်ရက်ထံမှ သိရသည်။ တိုင်းအတွင်းရှိ စစ်ဘေးရှောင်ဒုက္ခသည်များနှင့် ဒေသအတွင်း အခက်အခဲဖြစ်နေသော အဖွဲ့အစည်းများကို ကူညီထောက်ပံ့နိုင်ရေးအတွက် ရည်ရွယ်၍ ဖူးခက်မြို့ရှိ စမ်းကော်ဘောလုံးကွင်းတွင် ကျင်းပမည်ဖြစ်ကြောင်း ပြိုင်ပွဲကျင်းပရေးတာဝန်ခံတစ်ဦးက ပြောသည်။ “ပြည်တွင်းမှာ ဖြစ်နေတဲ့ အခက်အခဲတွေကို ကူညီနိုင်ဖို့ တစ်ထောင့်တစ်နေရာကနေ ကျွန်တော်တို့ တတ်စွမ်းသမျှ ပါဝင်မယ်ပေါ့ဗျာ” ဟု ၎င်းက ပြောဆိုသည်။ အဆိုပါရန်ပုံငွေ ဘောလုံးပြိုင်ပွဲကို ယမန်နှစ်က စူရတ်ဌာနမြို့တွင် ကျင်းပခဲ့ပြီး ယခုနှစ်တွင် ဖူးခက်မြို့၌ ကျင်းပခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ပါဝင်ယှဉ်ပြိုင်မည့် အသင်းများသည် အသင်းဝင်ကြေးအနေဖြင့် ဘတ် ၄၅၀၀ ဖြင့် သတ်မှတ်ထားပြီး စက်တင်ဘာလ ၁၃ […]

အဓမ္မခိုင်းခံရသော မြန်မာလုပ်သား ၁၄ ဦး နစ်နာကြေး ဘတ် ၄ သိန်းရရှိ

Dawei Watch

September 1, 2023

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင် ကြံစိုက်ခင်းတွင် လုပ်အားခမရရှိဘဲ သေနတ်ဖြင့် ခြိမ်းခြောက် အဓမ္မစေခိုင်းခံနေရသော မြန်မာအလုပ်သမား ၁၄ ဦးသည် ဩဂုတ်လ ၃၁ ရက်နေ့တွင် နစ်နာကြေးငွေ ဘတ် ၄ သိန်း ရရှိခဲ့ကြောင်း လူ့အခွင့်အရေးနှင့် ဖွံဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (HRDF) အဖွဲ့ထံမှ သိရသည်။  ပထုံဌာနီခရိုင်ရှိ လူကုန်ကူးခံရသူများ ထိန်းသိမ်းရေးစခန်းတာဝန်ခံနှင့် မြန်မာအလုပ်သမား ၁၄ ဦးသည် ကန်ချနဘူရီခရိုင်ရှိ အမှတ် ၇ အလုပ်သမားတရားရုံးတွင် အလုပ်သမားများ အဓမ္မစေခိုင်းခံရမှုအတွက် နစ်နာကြေးရရှိရန် သွားရောက်ဖြေရှင်းခဲ့ကြသည်။  ယခင်က အလုပ်သမားစီစစ်ရေးဌာန၏ အမိန့်ချမှတ်ထားသည့် နစ်နာကြေးငွေ ဘတ် ၅ သိန်းခွဲခန့်တွင် ၇၃ ရာခိုင်နှုန်းပေးချေရန် အလုပ်ရှင်နှင့် အလုပ်သမားများဘက်က သဘောတူညီမှုရရှိခဲ့သဖြင့် ဘတ် ၄ သိန်း နစ်နာကြေးရရှိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။ ထို့ကြောင့် အလုပ်သမား တစ်ဦးချင်းအလိုက် ခံစားခွင့်ရရှိမည့် […]

မြန်မာလုပ်သားများအခွင့်အရေးချိုးဖောက်ခံရကြောင်းပြော၍ တရားစွဲခံရသည့် ထိုင်းတက်ကြွလှုပ်ရှားသူသုံးဦး အမှုနိုင်

Dawei Watch

August 31, 2023

ထိုင်းနိုင်ငံ ကြက်မွေးမြူရေးခြံတွင် မြန်မာအလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံနေသည့် ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်တွင်မျှဝေကာ ပြောဆိုခဲ့သဖြင့် တရားစွဲဆိုခံထားရသည့် ထိုင်းလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးသုံးဦး အမှုအနိုင်ရသည်။ ၂၀၁၆ခုနှစ်က လှဘူရီခရိုင်ရှိ ထမ်မကစက် ကြက်မွေးမြူရေးခြံတွင် မြန်မာအလုပ်သမား ၁၄ ဦး အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရမှုကို လူ့အခွင့်အရေးအဖွဲ့အစည်းဖြစ်သည့် Fortify Rights က မေးမြန်းထားပြီး ရုပ်သံမှတ်တမ်းကို ထုတ်ပြန်ခဲ့သည်။ ယင်းမှတ်တမ်းကို ထိုင်းတက်ကြွလှုပ်ရှားသူသုံးဦးဖြစ်သည့် Angkhana Neelapaijit၊ Puttanee Kangkun နှင့် Thanaporn Saleephol တို့က ၎င်းတို့၏ Facebook ၊ Twitter လူမှုကွန်ရက်တွင် ထပ်ဆင့်မျှဝေကာ အလုပ်သမား အခွင့်အရေးချိုးဖောက်ခံရမှုအကြောင်း ရေးသားခဲ့ကြသည်။ ထို့ကြောင့် ကြက်ခြံပိုင်ရှင်က တက်ကြွလှုပ်ရှားသူ သုံးဦးကို ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်တို့တွင် အသရေဖျက်မှုဖြင့် တရားစွဲထားခဲ့ခြင်းဖြစ်သည်။ […]

ထိုင်းလုပ်သားခေါင်းဆောင်က မြန်မာလုပ်သား ၄ဝထံမှ ဘတ် ၁၁သိန်းကျော်လိမ်လည်ထွက်ပြေး

Dawei Watch

August 30, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် ထိုင်းအလုပ်သမားခေါင်းဆောင်က မြန်မာအလုပ်သမား ၄၀ဦးထံမှ ဘတ် ၁၁သိန်းကျော် လိမ်လည်ထွက်ပြေးသွားကြောင်း WAG အလုပ်သမား ကူညီစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။ စူကူဝစ်နယ်မြေ ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုတွင် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားအမျိုးသား ၃၂ဦး၊ အမျိုးသမီး ရှစ်ဦးတို့ထံမှ လိမ်လည်သွားခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ မြန်မာအလုပ်သမားများသည် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရန်၊ အလုပ်လုပ်ခွင့်လက်မှတ် (ပန်းရောက်ကတ်) လုပ်ရန်၊ အလုပ်ရှင်ပြောင်းလဲရန်တို့အတွက် ထိုင်းနိုင်ငံသား အလုပ်သမား ခေါင်းဆောင်ထံ ဘတ် ခြောက်သိန်းကျော် ပေးချေထားကြောင်း WAG တာဝန်ခံ ကိုမုန်တိုင်းက ပြောသည်။ ယင်းအပြင် အလုပ်သမားများ၏ တစ်လစာ လုပ်အားခငွေ ဘတ် ငါးသိန်းခွဲခန့်ကိုပါ ထိုင်းအလုပ်သမား ခေါင်းဆောင်က ယူပြီး ဩဂုတ်လ ၂၉ ရက်နေ့တွင် ထွက်ပြေးတိမ်းရှောင်သွားကြောင်း ၎င်းက ဆိုသည်။ […]

ပတ္တရားတွင် မြန်မာပစ္စည်းအရောင်းဆိုင်အချို့ကို ရဲဝတ်စုံဝတ်ထားသူများက ခြိမ်းခြောက်ငွေညှစ်

Dawei Watch

August 29, 2023

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင် ပတ္တရားမြို့ပေါ်ရှိ မြန်မာပစ္စည်းများ ရောင်းချနေသော စတိုးဆိုင်အချို့ကို ထိုင်းရဲဝတ်စုံဝတ်ထားသူများက ခြိမ်းခြောက်ငွေညှစ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။  ဩဂုတ်လ ၂၇ ရက်နေ့တွင် ထိုင်းရဲဝတ်စုံဝတ်ထားသူများက မြန်မာပစ္စည်းများ ရောင်းချမှုသည် တရားမဝင်ကြောင်းပြောကြား၍ ခြိမ်းခြောက်ငွေညှစ်မှုများ ပြုလုပ်ခဲ့သဖြင့် ပတ္တရားရဲစခန်းသို့ ထိုင်းဆိုင်ပိုင်ရှင်များက လာရောက်အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ထိုင်းရဲဟန်ဆောင်ထားသော အမျိုးသားများသည် ဆိုင်အတွင်းသို့ ဝင်ရောက်လာခဲ့ပြီး ထိုင်းဘာသာဖြင့် ရေးသားထားခြင်းမရှိသော မြန်မာပစ္စည်းများသည် FDA ခွင့်ပြုချက်မရှိသဖြင့် ရောင်းချခွင့်မရှိဘဲ သိမ်းဆည်းမည်ဟု ပြောဆိုခဲ့ကြောင်း ဆိုင်ရှင်၏ ပြောကြားချက်ကို ဖော်ပြထားသည်။ အကယ်၍ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိပါက ဘတ် ၂ သိန်းမှ ၃ သိန်းအထိ ဒဏ်ငွေပေးဆောင်ရန် အရေးယူခံရနိုင်ကြောင်း ခြိမ်းခြောက်ခဲ့သည်ဟု ဖော်ပြထားသည်။ ဆိုင်ရှင်က ကြောက်လန့်ပြီး ရဲဟန်ဆောင်ထားသူများကို ဘတ် ၂၀၀၀၀ […]