ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရွှေ့ပြောင်းလုပ်သား

ချင်းမိုင်တွင် မြန်မာအမျိုးသမီးတစ်ဦး ရထားတိုက်ခံရပြီးသေဆုံး

Dawei Watch

October 21, 2023

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်တွင် မြန်မာအမျိုးသမီးတစ်ဦး ရထား အတိုက်ခံရပြီး သေဆုံးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အောက်တိုဘာလ ၂၀ ရက်နေ့ နံနက် ၉ နာရီခန့်တွင် စာရဖီဒေသအနီး၌ ချင်းမိုင်မြို့သို့ မောင်းနှင်လာသော ရထား အတိုက်ခံရပြီး သေဆုံးခဲ့ခြင်းဖြစ်သည်။ သေဆုံးသူသည် အသက် ၂၇ အရွယ်ရှိ မြန်မာအမျိုးသမီးဖြစ်ပြီး လမ်းဖွန်ခရိုင်မှတစ်ဆင့် ချင်းမိုင်တွင် လာရောက် လုပ်ကိုင်နေသူဖြစ်ကြောင်း သတင်းတွင်ဖော်ပြသည်။ မိန်းကလေးသည် အနီးရှိ သတိပေးတိုင်ကို ကျော်၍ ရထားလမ်းပေါ်ရောက်ရှိလာပြီးနောက် ရထားလမ်းအလယ်တွင် လမ်းလျှောက်လာသည်ကို တွေ့ရှိရသော်လည်း အချိန်မီ ဘရိတ်အုပ်နိုင်ခြင်းမရှိခဲ့သဖြင့် ဝင်တိုက်မိခြင်းဖြစ်ကြောင်း ရထားမောင်းသူ၏ ပြောကြားချက်ကို ဖော်ပြသည်။ ရဲတပ်ဖွဲ့က မိန်းကလေးငယ်သည် မိမိကိုယ်ကို အဆုံးစီရင်သည်ဟု ကနဦး ကောက်ချက်ချထားပြီး စာရဖီရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းစစ်ဆေးသွားမည်ဖြစ်ဟု ပြောဆိုကြောင်း သတင်းများတွင် ဖော်ပြထားသည်။ […]

သေဆုံးသွားသော မြန်မာလုပ်သားအတွက် နစ်နာကြေး ဘတ် ၁ သန်းကျော်ရရှိ

Dawei Watch

October 20, 2023

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်ကိုင်နေရင်း လုပ်ငန်းခွင်မတော်တဆ ထိခိုက်မှုကြောင့် သေဆုံးသွားသော မြန်မာအလုပ်သမားအတွက် နစ်နာကြေးငွေ ဘတ် ၁ သန်းကျော်ရရှိခဲ့ကြောင်း မြန်မာအလုပ်သမားသံအရာရှိရုံးက အောက်တိုဘာ ၁၉ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ သေဆုံးသူသည် ကိုဇော်လင်းထက်အမည်ရှိသူဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ဇာတိဖြစ်ကြောင်း သိရသည်။ ၎င်းသည် ချွန်ဘူရီခရိုင်ရှိ Evergrowing Resources Recycling (Thailand) Co., Ltd တွင် အလုပ်လုပ်ကိုင်နေစဉ် လုပ်ငန်းခွင်အတွင်း ဖော့်လစ်ကားတိမ်းမှောက်ခဲ့သဖြင့် ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နေ့တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။ ကျန်ရစ်သူမိသားစုဝင်များ နစ်နာကြေး အကျိုးခံစားခွင့်များ ရရှိနိုင်ရန်အတွက် မြန်မာအလုပ်သမားသံအရာရှိရုံးက ကူညီဆောင်ရွက်ပေးခဲ့ပြီး မိခင်ဖြစ်သူ ဒေါ်ခင်ပြုံးအတွက် နစ်နာကြေးငွေ ဘတ် ၁၀၁၇၂၄၄ ကို ရရှိခဲ့ကြောင်း ဖော်ပြထားသည်။ မိခင်ဖြစ်သူအတွက် ချာချင်ဆောင် လူမှုဖူလုံရေးရုံးက […]

ဓားကိုင်ဆဲဆိုနေသော မြန်မာလုပ်သားကို ထိုင်းရဲပစ်ခတ်ဖမ်းဆီးသဖြင့် သေဆုံး

Dawei Watch

October 19, 2023

ထိုင်းနိုင်ငံ ပကျွတ်ခီရီခန်ခရိုင်ရှိ အလုပ်သမားတန်းလျားတွင် ဓားနှစ်လက်ကိုင်ကာ အော်ဟစ်ဆဲဆိုနေသာ မြန်မာ အလုပ်သမားတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးရာ မြန်မာအလုပ်သမား သေဆုံးသွားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ကူဘူရီဒေသရှိ အလုပ်သမားများနေထိုင်သော အခန်းတွဲများရှေ့တွင် အောက်တိုဘာလ ၁၈ရက် ည ၁၂နာရီခွဲ (ယနေ့ နံနက်) တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေဆုံးသူသည် အသက် ၃၀ နှစ်အရွယ် ကိုအောင်ကိုဆိုသူဖြစ်ပြီး ဓားနှစ်လက်ကို ကိုင်ဆောင်ကာ တန်းလျား ရှေ့တွင် အော်ဟစ်ဆဲဆိုနေသဖြင့် အနီးရှိပြည်သူတစ်ဦးက ရဲတပ်ဖွဲ့သို့ အကြောင်းကြားခဲ့ကြောင်း ဖော်ပြသည်။ ရဲတပ်ဖွဲ့များ ရောက်ရှိလာပြီး လက်နက်ချရန် နားချရာ လက်နက်မချဘဲ ဓားကိုင်ကာ ရဲတပ်ဖွဲ့များထံသို့ ပြေးဝင်လာခဲ့သဖြင့် လျှပ်စစ်သေနတ်ဖြင့် ကနဦးပစ်ခတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကားကာ သတင်းများတွင် ဖော်ပြထားသည်။ ပစ်ခတ်ခံရပြီးနောက် လဲကျသွားသော […]

မြန်မာလုပ်သားတစ်ဦး ထိုင်းထီ ဘတ် ၆ သန်းပေါက်

Dawei Watch

October 18, 2023

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသရှိ စက်ရုံတွင် လုပ်ကိုင်နေသော မြန်မာအလုပ်သမားတစ်ဦးသည် အောက်တိုဘာလ ၁၆ ရက်နေ့က ဖွင့်လှစ်ခဲ့သော ထိုင်းထီအမြင့်ဆုံးဆု ဘတ် ၆ သန်းပေါက်ကြောင်း ရွှေ့ပြောင်း အလုပ်သမားကူညီရေး မဟာမိတ်အဖွဲ့ (MHAC) ထံမှ သိရသည်။ ထီပေါက်သူသည် အသက် ၂၆ နှစ်အရွယ် လူပျိုလူလွတ် လူငယ်အမျိုးသားတစ်ဦးဖြစ်ပြီး မဟာချိုင်ရှိ အချိုရည်စက်ရုံ တွင် လုပ်ကိုင်နေသူဖြစ်ကာ ထိုင်းတွင်လုပ်ကိုင်နေသည်မှာ ၄ နှစ်ကျော်ရှိပြီဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အောက်တိုဘာလ ၁၆ ရက်နေ့က ထွက်ခဲ့သည် ထိုင်းထီတွင် အမြင့်ဆုံးဆုဖြစ်သော ပထမဆု 931446 ကို ပေါက်သဖြင့် ဘတ် ၆ သန်းဆုကို ကံထူးခဲ့ခြင်းဖြစ်သည်။ “အလုပ်သွားရင်းနဲ့ လမ်းမှာ ထီရောင်းတဲ့ ထိုင်းအဘိုးကြီးတစ်ယောက်ဆီက ထိုးလိုက်တာပဲလို့ ပြောတယ်။ […]

အယုဒ္ဓယတွင် အထောက်အထားမဲ့ မြန်မာလုပ်သား ၇၀ နီးပါး ဖမ်းဆီးခံရ

Dawei Watch

October 16, 2023

ထိုင်းနိုင်ငံ အယုဒ္ဓယခရိုင်တွင် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ တရားမဝင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၇၀ နီးပါးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရမိခဲ့ကြောင်း အောက်တိုဘာလ ၁၄ ရက်နေ့တွင် အလုပ်သမားခန့်ထားရေးဌာနက ထုတ်ပြန်ခဲ့သည်။ အူထိုင်းဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှ အလုပ်သမားများနေထိုင်သည့် စခန်းအတွင်း နိုင်ငံခြားသား အလုပ်သမား တစ်ထောင်ကျော်ရှိကြောင်း ရေဆိုးများကို စနစ်တကျစွန့်ပစ်မှုမရှိခြင်း၊ စိုက်ခင်းများအတွင်းမှ သီးနှံများကို မကြာခဏ ခိုးယူခြင်းတို့ လုပ်ဆောင်နေကြာင်း ထိုင်းရွာသားများက ရဲတပ်ဖွဲ့ကို တိုင်ကြားရာမှ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ ယင်းတိုင်ကြားမှုကြောင့် အလုပ်သမားခန့်ထားရေးဦးစီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အောက်တိုဘာ ၁၂ ရက်နေ့တွင် အလုပ်သမားစခန်းထဲသို့ သွားရောက်ခဲ့ပြီး အလုပ်သမားများ၏ အလုပ်လုပ်ခွင့် အထောက်အထားများနှင့် နိုင်ငံကူးလက်မှတ်များ ကွင်းဆင်းစစ်ဆေးခဲ့ဟု သတင်းများတွင် ဖော်ပြထားသည်။ ၎င်းတို့အနက် အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲ တရားမဝင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ၆၉ […]

ကန်ချနဘူရီတွင် တရားမဝင် ဝင်လာသော မြန်မာလုပ်သား ၁၇ဦး ဖမ်းဆီးခံရ

Dawei Watch

October 13, 2023

ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီခရိုင်တွင် ပစ်ကပ်ကားဖြင့် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၇ ဦး အောက်တိုဘာလ ၁၂ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ည ၉ နာရီခွဲခန့်တွင် စန်ခရာဘူရီ နော့လူဒေသ၌ ရဲတပ်ဖွဲ့များ ဂိတ်ချစစ်ဆေးနေစဉ် ပစ်ကပ်ကားတစ်စီးသည် ကားအနောက်ကို ကင်းဗက်ပိုင်းဖြင့် ဖုံး၍ သာမာန်အလေးချိန်ထက် ပိုပြီး တင်ဆောင်လာကြောင်း ရေးသားထားသည်။ ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေးခံရန် အချက်ပြရာ ပစ်ကပ်ကားသည် ပြန်ကွေ့၍ အရှိန်ဖြင့် မောင်းနှင်ထွက်ပြေးကြောင်း ဖော်ပြသည်။ ရဲတပ်ဖွဲ့က နောက်က လိုက်လံဖမ်းဆီးစစ်ဆေးခဲ့ရာ လမ်းဘေးတွင် ရပ်တန့်ထားသော အဆိုပါပစ်ကပ်ကားကို ပြန်လည်တွေ့ရှိခဲ့ရပြီး ကားသမားသည် ညအမှောင်တွင် ထွက်ပြေးလွတ်မြောက်သွားကြောင်း ဆိုသည်။ ကားထဲနှင့် အနောက်က ကင်းဗက်ပိုင်းအောက်တွင် ပြည့်ကျပ်စွာလိုက်ပါလာသည့် မြန်မာအလုပ်သမား […]

ထိုင်းတွင် အွန်လိုင်းပေါ်ကချစ်သူနှင့် ချိန်းတွေ့ရန်သွားသော မြန်မာလုပ်သားရိုက်နှက်ခံရ

Dawei Watch

October 12, 2023

အွန်လိုင်းပေါ်တွင် ချစ်ကြိုက်ခဲ့ကြပြီး တွေ့ဆုံရန်ချိန်းသဖြင့် သွားရောက်ခဲ့သော မြန်မာလုပ်သားတစ်ဦး အမည်မသိလူငယ်တစ်စု၏ ဝိုင်းရိုက်ခြင်းခံခဲ့ရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အွန်လိုင်းပေါ်က ချစ်သူနှင့် ချိန်းဆိုထားသဖြင့် အသက် ၂၃ အရွယ် ကိုစိုင်းလင်းသူအမည်ရှိ မြန်မာအလုပ်သမားသည် အောက်တိုဘာလ ၉ ရက်နေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့အနီး စမွတ်ပရကန်ခရိုင်သို့ တစ်ဦးတည်း လာရောက်ခဲ့ကြောင်း သတင်းများတွင်ဖော်ပြထားသည်။ ချိန်းတွေ့ရန်‌ ပြောဆိုထားသော စမ်ရွန်းဒေသရှိ ရှောပင်းမောရှေ့သို့ ရောက်ရှိသောအခါ ချစ်သူကောင်မလေးကို မတွေ့ရှိရဘဲ အမည်မသိ လူငယ် ၁၀ ဦးခန့်က တုတ်၊ ဓါးများဖြင့် ရိုက်နှက်ခဲ့ကြောင်း၊ စမ်ရွန်းရဲတပ်ဖွဲ့များ ရောက်ရှိလာသောအခါတွင် ရိုက်နှက်သူများက ထွက်ပြေးသွားခဲ့ကြောင်း ဖော်ပြထားသည်။ ရိုက်နှက်ခံရမှုကြောင့် ၎င်း၏ နားတွင် ဓါးဒဏ်ရာ၊ မျက်နှာတွင် ထိုးကြိတ်ဒဏ်ရာရရှိခဲ့ပြီး ညာဘက်ခြေထောက် ကျိုးသွားကြောင်း သိရသည်။ ရိုက်နှက်သူများကို […]

ထိုင်းသံအမတ်ဟောင်းအသတ်ခံရမှု သံသယရှိသူမြန်မာလူငယ်အား ဖမ်းဆီးပေးရန် မြန်မာရဲကို ထိုင်းရဲတောင်းဆို

Dawei Watch

October 12, 2023

ဒိန်းမတ်နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ဟောင်းတစ်ဦးကို သတ်ဖြတ်သည်ဟု သံသယရှိသည့် မြန်မာလူငယ်မှာ မြန်မာနိုင်ငံသို့ ထွက်ပြေးသွားသဖြင့် ဖမ်းဆီးပေးရန် ထိုင်းရဲတပ်ဖွဲ့က မြန်မာစစ်ကောင်စီလက်အောက်ခံရဲတပ်ဖွဲ့ကို အကြောင်းကြား တောင်းဆိုလိုက်သည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့က အောက်တိုဘာ ၁၀ ရက်နေ့ ရက်စွဲဖြင့် အကြောင်းကြား ထားကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ အသက် ၁၉ နှစ်အရွယ် မောင်စိုင်းမြတ်မိုးအမည်ရှိ မြန်မာလူငယ်သည် ဘန်ကောက်မြို့တွင် သံအမတ်ဟောင်း Vichit Chitvimarn ကို စက်တင်ဘာ ၂၇ ရက်နေ့က သတ်ဖြတ်ခဲ့သည်ဟု သံသယဖြင့် မှုခင်းတရားရုံးက ဝရမ်းထုတ်၍ ရှာဖွေနေခြင်းဖြစ်သည်။ စက္ကူပုံးများဖြင့် ဖုံးထားသော သံအမတ်၏ အလောင်းကို ချာတူးချတ်ဒေသရှိ သုံးထပ်အဆောက်အအုံ၏ အိမ်သာထဲတွင် အောက်တိုဘာလ ၈ ရက်နေ့က ရှာဖွေတွေ့ရှိခဲ့သည်။ CCTV မှတ်တမ်းများအရ မောင်စိုင်းမြတ်မိုးသည် သံအမတ်ကို […]