ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

အားကစား/ကမ္ဘာ့ဖလား

မန်ယူ ပြန်လာနေပါပြီ….. ​နိုင်ပွဲ​တွေ ဆက်​နေမလား

Dawei Watch

September 30, 2023

ဒီနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၇ ရဲ့ပွဲစဉ်တွေ စတင်ယှဉ်ပြိုင်ပါတော့မယ်။ ပရီးမီးယားလိဂ်အသင်းကြီးတွေဟာ အခုဆိုရင် ပွဲကျပ်တွေကို ဆက်တိုက်ဆိုသလိုပဲ ဖြတ်သန်းနေရပါပြီ။ ဥရောပပွဲစဉ်တွေ၊ ခရာဘောင်းဖလားပွဲတွေ၊ ပရီးမီးယားလိဂ်ပွဲတွေကို မရပ်မနား ကစားရင်း အသင်းကြီးတွေဟာ ပွဲဆက်တွေ များသထက် များလာခဲ့ပါပြီ။ ရှေ့လာမယ့် သီတင်းပတ်မှာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ကွန်ဖရင့်လိဂ်ပွဲစဉ်တွေက ဥရောပပြိုင်ပွဲဝင်ခွင့်ရ အသင်းတွေကို ပြန်လည်စောင့်ကြိုနေလို့ ပွဲပန်းမှုတွေက ပိုများလာတော့မှာပါ။ ဒီတစ်ပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အသင်းကြီးတွေ ရလဒ်ကောင်းနိုင်ပါ့မလားဆိုတာကို သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

လမ်းပျောက်နေတဲ့ မန်ယူ နိုင်ပွဲရှာတွေ့နိုင်မှာလား

Dawei Watch

September 23, 2023

ပရီးမီးယားလိဂ် ပွဲစဉ် ၆ ရောက်ရှိလို့ လာပါပြီ။ ဒီတစ်ပတ်မှာဆိုရင် ပွဲကြီးပွဲကောင်းတွေ အများအပြား ပါဝင်လို့နေပါတယ်။ အာဆင်နယ်နဲ့ စပါးတို့ အားပြိုင်ကြမယ့် မြောက်လန်ဒန်ဒါဘီပွဲစဉ်၊ နိုင်ပွဲရဖို့အတွက် မဖြစ်မနေ ရုန်းကန်ရတော့မယ့် မန်ယူ၊ ဝက်စ်ဟမ်းနဲ့ ပွဲကျပ်ကစားရဖို့ ရှိနေတဲ့ လီဗာပူး စတဲ့ပွဲစဉ်တွေဟာ ပရိသတ်တွေကို ဖမ်းစားလာမှာပါ။ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ကစားထားရသလို ရှေ့တစ်ပတ်ရောက် ခရာဘောင်းဖလားပွဲစဉ်တွေ ယှဉ်ပြိုင်ရဖို့ ရှိနေတာကြောင့် ပရီးမီးယားလိဂ်အသင်းကြီးတွေ ပွဲပန်းပါလိမ့်မယ်။ ဒီတစ်ပတ် ယှဉ်ပြိုင်ကစားဖို့ ရှိနေတဲ့ ပရီးမီးယားလိဂ် ထိပ်သီးအသင်းကြီးတွေရဲ့ပွဲစဉ်တွေကို ရင်ခုန်ခံစား အကောင်းဆုံးဘောလုံးပွဲစဉ်များအဖြစ် သုံးသပ်တင်ဆက်ပေးလိုက်ပါတယ်။

ရင်ခုန်ခံစား Dawei Watch ရဲ့ဘောလုံးပွဲသုံးသပ်ချက်များ

Dawei Watch

September 16, 2023

ဒီနေ့ညမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၅ ရဲ့ပွဲစဉ်တွေ စတင်ယှဉ်ပြိုင်ရပါတော့မယ်။ နိုင်ငံတကာပွဲစဉ်တွေပြီးတာနဲ့ ကလပ်ပွဲတွေ ဆက်လက် ကစားရတော့မှာဖြစ်လို့ ကစားသမားတွေ ပွဲပန်းနေနိုင်တာ သတိပြုရပါလိမ့်မယ်။ ဒါပြီးရင်တော့ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲတွေ ဆက်တိုက်ဆိုသလို ရောက်လာတော့မှာပါ။ ပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲစဉ်တွေထဲက အသင်းကြီးတွေ ယှဉ်ပြိုင်မယ့်ပွဲတွေကို ရွေးချယ်ကောက်နုတ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ဖော်ပြပေးလိုက်ပါတယ်။

အိမ်တံခါးဝဆိုတော့ ဘယ်တော့မှမအေးစက်ဘူး ရာမို့စ်ရေ

Dawei Watch

September 9, 2023

“ဒီနေရာကို ကျွန်တော် စွန့်ခွာခဲ့ပါတယ်။ ဘဝတိုးတက်မှုအတွက် ကျွန်တော် အရမ်းချစ်တဲ့နေရာလေးကို ကျောခိုင်းခဲ့ရပါတယ်။ ဒီနေရာဆီကို ပြန်လာဖို့အတွက် ကျွန်တော် အမြဲပဲ စိတ်ကူးရှိနေခဲ့တာပါ”တဲ့။ ဒီစကားကို ပြောကြားလိုက်သူက ဆာဂျီယို ရာမို့စ် ဖြစ်ပါတယ်။ သူ့ကို စင်တင်ပေးခဲ့၊ မြေတောင်မြှောက်ပေးခဲ့တဲ့ ဆီဗီလာကလပ်ဆီကို ပြန်လည်ပြောင်းရွှေ့အပြီးမှာ ဒီစကားကို ရာမို့စ်က ပြောကြားလိုက်တာပါ။ အခု စကားတွေကို ပြောနေချိန်မှာ ရာမို့စ်က မျက်ရည်တွေလည်း ကျဆင်းနေခဲ့ပါတယ်။ ငယ်ကချစ်၊ အနှစ်တစ်ရာ၊ မမေ့သာ ဆိုသလို ဆီဗီလာနဲ့ သူ့ရဲ့အကြားက ချည်နှောင်ခဲ့တဲ့သံယောဇဉ်တွေကို ရာမို့စ် မမေ့ရစ်နိုင်ခဲ့ဘူးဆိုတာ သူ့မျက်ရည်စတွေက သက်သေပါပဲ။ အောင်မြင်မှုတွေကို ရယူပြချင်စိတ်တစ်ခုနဲ့ ဒီမြေကို စွန့်ခွာသွားခဲ့ရပေမယ့် အချိန်တန်တော့ လွမ်းဖို့ရာ လက်တို့ခေါ်နေတဲ့ အစပြုရာ နေရာဆီကို ပေးဆပ်လိုစိတ်သက်သက်နဲ့ လူတိုင်း ပြန်ချင်ကြတာပဲ မဟုတ်လား။ […]

Dawei Watch ရဲ့ ရင်ခုန်ခံစား ပရီးမီးယားလိဂ်ခန့်မှန်းချက်များ

Dawei Watch

September 2, 2023

မနေ့ကညမှာ ပရီးမီးယားလိဂ်ပွဲစဉ်(၄)ရဲ့အဖွင့်ပွဲစဉ်အဖြစ် လူတန်တောင်းနဲ့ ဝက်စ်ဟမ်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး ဝက်စ်ဟမ်းက နှစ်ဂိုး တစ်ဂိုးဆိုတဲ့ရလဒ်နဲ့ အနိုင်ယူသွားခဲ့ပါတယ်။ ဒီနေ့ညမှာဆိုရင်လည်း ချယ်လ်ဆီး-နော်တင်ဟမ်၊ မန်စီးတီး-ဖူလ်ဟမ်တို့ အားပြိုင်ဖို့ ရှိနေသလို မနက်ဖြန် စူပါဆန်းဒေးမှာဆိုရင်တော့ လီဗာပူး-အက်စတွန်ဗီလာ၊ အာဆင်နယ်-မန်ယူ အစရှိတဲ့ ပွဲကြီးပွဲကောင်းတွေ ရောက်ရှိလာတော့မှာပါပဲ။ Dawei Watch ပရိသတ်တွေအတွက် ရင်ခုန်စရာ ပရီးမီးယားလိဂ် သုံးသပ်ခန့်မှန်းချက်တွေကို တင်ဆက်ပေးထားပါတယ်။

Dawei Watch ရဲ့ ရင်ခုန်ခံစားအကောင်းဆုံးဘောလုံးပွဲစဉ်များ

Dawei Watch

August 26, 2023

ပရီးမီးယားလိဂ် ပွဲစဉ်(၃)ဟာ မနေ့ကညမှာပဲ အစပြုခဲ့ပါတယ်။ ချယ်လ်ဆီးက လူတန်တောင်းကို သုံးဂိုး ဂိုးမရှိနဲ့ ဂိုးပြတ် အနိုင်ရသွားခဲ့ပါတယ်။ ဒါဟာ လက်ရှိဘောလုံးရာသီမှာ ချယ်လ်ဆီးအတွက် ပထမဆုံးသောနိုင်ပွဲ ရှာဖွေရရှိခြင်းပါပဲ။ ဒီနေ့ညမှာဆိုရင်လည်း ပရီးမီးယားလိဂ်ပွဲစဉ်ကောင်းတွေ ဆက်လက်ယှဉ်ပြိုင်ကစားဖို့ ရှိနေပါတယ်။ အခုတစ်ပတ်ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေထဲက အသင်းကြီး ၄ သင်းရဲ့ပွဲစဉ်တွေကို ရွေးချယ်ကောက်နုတ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

တော်လှန်မြေက ပွင့်တဲ့ပန်းတွေ

Dawei Watch

August 24, 2023

စပိန်အမျိုးသမီးအသင်းဟာ ကမ္ဘာ့ဖလားချန်ပီယံဖြစ်သွားခဲ့ပါတယ်။ ဒါဟာ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲသမိုင်းမှာ ချန်ပီယံအသင်းသစ်တစ်သင်း ထွက်ပေါ်လာတာပါပဲ။ စပိန်ဘောလုံးလောကအတွက်လည်း ဒါက သမိုင်းမှတ်တိုင်သစ်တစ်ခု ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အမျိုးသားနဲ့ အမျိုးသမီး ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ခုလုံးမှာ ချန်ပီယံဖြစ်တဲ့အသင်းဆိုလို့ အခုအချိန်အထိ စပိန် အပါအဝင် နှစ်သင်းတည်းသာ ရှိသေးလို့ပါပဲ။ ဒီနေရာမှာ ထူးခြားလှတဲ့ တိုက်ဆိုင်မှုတစ်ခု ရှိလို့နေပါတယ်။ အဲ့ဒါကတော့ စပိန်အမျိုးသားအသင်းရော အမျိုးသမီးအသင်းရော ကမ္ဘာ့ဖလားဆွတ်ခူးခဲ့ရာမှာ ဘာစီလိုနာကစားသမားတွေက အဓိကကျခဲ့လို့ပါပဲ။ တကယ်တော့ စပိန်တွေအတွက် ကတ်တလန်ဆိုတာ သူပုန်မြေပါ။ အခုတော့ တော်လှန်မြေက ပန်းတွေပွင့်ခဲ့ပါပြီ။ သမိုင်းမှန်ဆိုတာ ဖျောက်ဖျက်ပစ်လို့ မရနိုင်တာကြောင့် စပိန်နဲ့ ကမ္ဘာ့ဖလား ကံစပ်မှုကို ပြောတဲ့အချိန်တိုင်းမှာ ဘာစီလိုနာနဲ့ ကတ်တလန်မြေအကြောင်းကို စပိန်ကွန်ဆာဗေးတစ်တွေ ထည့်ပြောရပါတော့မယ်။ ဒါဟာ အသံတိတ်အောင်ပွဲပါပဲ။ တော်လှန်သူတွေရဲ့အောင်ပွဲဟာ ကမ္ဘာနဲ့ချီပြီး သမိုင်းမှာ ကျန်နေရစ်ခဲ့ပြီပဲဖြစ်ပါတယ်။

ရင်ခုန်ခံစား တစ်ပတ်တာ အကောင်းဆုံးပွဲစဉ်များ

Dawei Watch

August 19, 2023

Dawei Watch ရဲ့ ရင်ခုန်ခံစားအကောင်းဆုံးပွဲစဉ်များ အစီအစဉ် တင်ဆက်တဲ့နေ့ရက်ကို ရောက်ရှိလို့ လာခဲ့ပြန်ပြီပဲဖြစ်ပါတယ်။ အခုတစ်ပတ်မှာဆိုရင် ဥရောပလိဂ်ပြိုင်ပွဲကြီးအားလုံး စုံစုံလင်လင် ဖြစ်သွားခဲ့ပြီမို့ ပွဲစဉ်ကောင်းတွေကို မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရတော့မှာပါ။ ဒီတစ်ပတ်မှာလည်း Dawei Watch ပရိသတ်တွေအတွက် ပရီးမီးယားလိဂ်ပွဲစဉ်ကောင်းတွေကို ရွေးချယ်ပြီး အကောင်းဆုံးပွဲစဉ် ရွေးချယ်သုံးသပ်ခြင်းများအနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။