ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

ထားဝယ်ဒေသက ပွာကညော

Dawei Watch

May 21, 2023

အရှေ့တောလို့ခေါ်တဲ့ ထားဝယ်ဒေသ အရှေ့ဘက်မှာ နေကြတဲ့ပွာကညောဆိုတဲ့ လူမျိုးတွေအကြောင်း ဒီအပတ်ရဲ့ ‘ဓလေ့ သမိုင်း’ အစီအစဉ်မှာတင်ဆက်ပေးလိုက်ပါတယ်။ ဒီလူမျိုးတွေက ထားဝယ်အရှေ့ဘက်သာ မဟုတ်ပါဘူး။ တနင်္သာရီရိုးမတစ်လျှောက်လုံးကနေ မြောက်ဘက် ရှမ်းပြည်အထိ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးရိုးမမှာလည်းတွေ့ရပါတယ်။ သူတို့အကြောင်းကို စိတ်ဝင်စားဖွယ် တင်ဆက်ထားတာကို နားသောတဆင်နိုင်ကြပါပြီ။ တနင်္သာရီတိုင်းရဲ့ ခမ်းနားလှတဲ့ ဓလေ့တွေ သမိုင်းအထောက်အထားတွေကို တင်ဆက်နေတဲ့ Dawei Watch ရဲ့ ‘ဓလေ့ သမိုင်း’ အစီအစဉ်ကို အများသိရှိစေဖို့ ဖြန့်ဝေပေးကြပါလို့ တိုက်တွန်းလိုက်ပါတယ်။

တစ်ပတ်အတွင်း တနင်္သာရီသတင်း (မေလ ၁၅ ရက်ကနေ ၂၀ ရက်နေ့အထိ)

Dawei Watch

May 20, 2023

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

ရွာသူကြီးစတိုင်နဲ့ ဝန်ကြီး

Dawei Watch

May 20, 2023

NLD အစိုးရလက်ထက် တနင်္သာရီတိုင်းအစိုးရအဖွဲ့မှာ စိုက်ပျိုးရေး၊မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးတာဝန်ယူခဲ့သူ။ အခုတော့သူခေတ္တတိမ်းရှောင်နေတဲ့ ထိုင်းနိုင်ငံတောင်ပိုင်းက ပူကစ်မြို့လေးမှာပဲကင်ဆာရောဂါနဲ့ ခေါင်းချသွားခဲ့ပါတယ်။ မေလ၂၀ ရက်နေ့မှာတော့ သူ့ရဲ့အလောင်းကို ထိုင်းဓလေ့ထုံးတမ်းတွေအရ သင်္ဂြိုဟ်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။

Dawei Watch ရဲ့ ရင်ခုန်ခံစား တစ်ပတ်တာအကောင်းဆုံးပွဲစဉ်များ

Dawei Watch

May 20, 2023

အခုတစ်ပတ်မှာဆိုရင် ပရီးမီးယားလိဂ်က ပွဲစဉ် ၃၇ ကို ယှဉ်ပြိုင်ကစားတော့မှာပဲဖြစ်ပါတယ်။ မန်စီးတီးနဲ့ ချယ်လ်ဆီးတို့ ထိပ်တိုက်တွေ့နေတဲ့ပွဲကတော့ ပရိသတ်စိတ်ဝင်စားမှု အမြင့်မားဆုံးပါပဲ။ ဒီပွဲမှာသာ အနိုင်ရလိုက်ရင် မန်စီးတီးက ပရီးမီးယားလိဂ်အမှတ်ပေးချန်ပီယံဆုကို သုံးနှစ်ဆက်တိုက် ရယူနိုင်တဲ့ ဒုတိယမြောက်အသင်းအဖြစ် သမိုင်းသစ်ရေးထိုးတော့မှာပါ။ ချန်ပီယံလိဂ်ဝင်ခွင့်တစ်ရောစာရရှိရေးအတွက် နယူးကာဆယ်၊ မန်ယူနဲ့ လီဗာပူးတို့ အားပြိုင်နေကြတာဟာလည်း စိတ်ဝင်စားစရာပါပဲ။ ဒီတစ်ပတ်မှာ ယှဉ်ပြိုင်ကစားမယ့်ပွဲစဉ်တွေထဲက အကောင်းဆုံးဖြစ်နိုင်လောက်တဲ့ ပွဲစဉ် ၅ ပွဲကို ရွေးချယ်ပြီး Dawei Watch ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

Dawei Watch

May 20, 2023

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို မိတ်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ မေလ ၁၃ ရက်နေ့ကနေ မေလ ၁၉ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချို့ကို စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

မေလ ၁၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

May 19, 2023

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

မေလ ၁၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

May 18, 2023

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

“ရွာတွေဆို တောပျက်ကြီးလို ဖြစ်သွားတယ်”မုန်တိုင်းကြောင့် ပျက်စီးခဲ့ရတဲ့ ရသေ့တောင်

Dawei Watch

May 17, 2023

နာဂစ်မုန်တိုင်းအလွန် အကြီးဆုံးဆိုင်ကလုန်းမုန်တိုင်းဖြစ်တဲ့ မိုခါမုန်တိုင်းက မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်ကို ဖြတ်သန်းဝင်ရောက်သွားခဲ့ပါတယ်။ မေလ ၁၄ ရက်က တိုက်ခတ်ခဲ့တဲ့ မိုခါမုန်းတိုင်းဒဏ်ခံခဲ့ရသူ ငါးသန်းခွဲနီးပါးလောက်ရှိတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာမှုဆိုင်ရာ ညှိုနှိုင်းရေးရုံးက ထုတ်ပြန်ထားပါတယ်။ မုန်တိုင်းကြောင့် ရခိုင်ပြည်နယ် ဒေသအတော်များများ ပျက်စီးခဲ့ပြီး လူသေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။ မုန်တိုင်းမတိုင်မီ၊ တိုက်နေတဲ့အချိန်နဲ့ မုန်တိုင်အလွန်ကာလတွေမှာ ရခိုင်ပြည်သူတွေ ဘယ်လိုရင်ဆိုင်ခဲ့ရလဲဆိုတာကို ရသေ့တောင်မြို့က ဒေသခံတစ်ဦးကို Dawei Watch က ဆက်သွယ်မေးမြန်း ဖော်ပြလိုက်ပါတယ်။