ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

မေလ ၃၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

May 31, 2023

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ယူရိုပါလိဂ်မှာ ချန်ပီယံဖြစ်သွားမှာက မော်ရင်ညိုရဲ့ ရိုးမား လား….ဆရာကြီး ဆီဗီလာ လား

Dawei Watch

May 31, 2023

ဒီညမှာတော့ ဥရောပအဆင့် အထင်ကရပြိုင်ပွဲကြီးတွေထဲက တစ်ခုဖြစ်တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲကြီးကို ကျင်းပတော့မှာပဲဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့နေတာက လာလီဂါကလပ် ဆီဗီလာနဲ့ စီးရီးအေကလပ် ရိုးမားတို့ပါပဲ။ မော်ရင်ညိုဟာ သူတာဝန်ယူခဲ့တဲ့ အသင်းတွေကို ဥရောပပြိုင်ပွဲကြီးတွေရဲ့ဗိုလ်လုပွဲအဆင့်ဆီ ၅ ကြိမ် ပို့ဆောင်ပေးခဲ့ဖူးပြီး အဲ့ဒီ ၅ ကြိမ်လုံးမှာ ချန်ပီယံဖြစ်စေခဲ့သူဖြစ်ပါတယ်။ ဆီဗီလာကလည်း ဒီပြိုင်ပွဲကို ယူအီးအက်ဖ်အေဖလားနာမည်နဲ့ကျင်းပချိန်တုန်းက ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့တာတွေနဲ့ ထည့်တွက်လိုက်ရင် ဗိုလ်လုပွဲ ၆ ကြိမ် တက်ဖူးပြီး ၆ ကြိမ်လုံး ဗိုလ်စွဲထားတဲ့အသင်းဖြစ်ပါတယ်။ ဒီနှစ် ယူရိုပါလိဂ်ဗိုလ်လုပွဲကြီးကို ဟန်ဂေရီနိုင်ငံမှာရှိတဲ့ ပွတ်ရှ်ကတ်စ် ဘောလုံးကွင်းကြီးမှာ ကျင်းပသွားမှာပါ။ ဒီည သန်းခေါင်ယံကျော်လွန်ပြီး မြန်မာစံတော်ချိန် ဇွန်လ ၁ ရက် မနက်အရုဏ်တက် နံနက် ၁ နာရီခွဲအချိန်မှာ ယူရိုပါလိဂ်ဗိုလ်လုပွဲကြီးကို ရှုစားရပါလိမ့်မယ်။

မေလ ၃၀ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

May 30, 2023

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ထိုင်းရောက် ရွှေ့ပြောင်းကလေးတွေရဲ့ ပညာရေး

Dawei Watch

May 29, 2023

ပဋိပက္ခတွေ၊ မလုံခြုံမှုတွေ၊ အထွေထွေ အကျပ်အတည်းတွေနဲ့ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် မြန်မာနိုင်ငံသား အများစုက အိမ်နီးချင်း ထိုင်းနိုင်ငံထဲကို ပုံစံအမျိုးမျိုးနဲ့ ရွှေ့ပြောင်းလာနေကြပါတယ်။ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းကလေးတွေအတွက် ဘယ်လို ပညာရေးတွေရှိနေလဲ။ တက်ရောက်ဖို့ ဘာတွေ လိုအပ်မလဲဆိုတာ စုစည်းဖော်ပြထားပါတယ်။

မေလ ၂၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

May 29, 2023

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

မြန်မာ့ရေးရာ

Dawei Watch

May 28, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ မြန်မာ့ရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ မေလ ၂၁ ရက်ကနေ ၂၇ ရက်အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆက်လက်တင်ဆက်သွားမှာဖြစ်ပါတယ်။

မန္တလေးမြို့တော်က ထားဝယ်ဓမ္မာရုံ

Dawei Watch

May 28, 2023

ထားဝယ်ဒေသကလူတွေ မရှိသလောက်ရှားပါးတဲ့ မန္တလေးမြို့တော်ကြီးမှာ ထားဝယ်ဓမ္မာရုံကြီး တစ်ခုရှိနေပါတယ်။ မန္တလေးမြို့ နန်းမြို့တော်ကြီးနဲ့ နီးနီးကပ်ကပ်နေရာမှာ ထားဝယ်ဓမ္မာရုံ ဘာကြောင့် တည်ရှိနေတာပါလဲ။ ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်မှာ ဒီအကြောင်းအရာကို ဖော်ပြထားပါတယ်။ ခမ်းနားလှတဲ့ တနင်္သာရီတိုင်းရဲ့ ‘ဓလေ့ သမိုင်း’ တွေကို အများသိရှိစေဖို့ အပတ်စဉ်တင်ဆက်ပေးနေတာဖြစ်ပါတယ်။

Dawei Watch ရဲ့ ရင်ခုန်ခံစား တစ်ပတ်တာအကောင်းဆုံး ဘောလုံးပွဲများ

Dawei Watch

May 27, 2023

ဒီသီတင်းပတ်မှာ ယှဉ်ပြိုင်ကစားရဖို့ရှိနေတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေပြီးဆုံးရင် ၂၀၂၂-၂၀၂၃ ပရီးမီးယားလိဂ်ဘောလုံးရာသီကြီး ပြီးဆုံးပါပြီ။ ပရီးမီးယားလိဂ်ရဲ့ဇယားထိပ်ပိုင်းကို ကြည့်လိုက်မယ်ဆိုရင် အဖြေအားလုံးက ရှင်းရှင်းလင်းလင်း ပေါ်ထွက်ပြီးနေပြီပဲ ဖြစ်ပါတယ်။ အဖြေမထွက်သေးတာက နောက်ဆုံးတန်းဆင်းရမယ့် အသင်းနှစ်သင်းပါပဲ။ ဒီ နှစ်နေရာအတွက် လိဒ်စ်ယူနိုက်တက်၊ အဲဗာတန်နဲ့ ပရီးမီးယားလိဂ်ချန်ပီယံဟောင်း လက်စတာတို့က အပြိုင်ဖြစ်လို့နေပါတယ်။ ပရီးမီးယားလိဂ်ရဲ့ရာသီသိမ်းပွဲစဉ်တွေဟာ ဘယ်လို အမှတ်တရဖြစ်စရာတွေနဲ့ ချန်ထားရစ်ခဲ့လေမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။