ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

နိုဝင်ဘာလ ၂၈ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

November 28, 2023

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ကြားကာလဥပဒေကို ဘာလို့ကန့်ကွက်နေကြတာလဲ

Dawei Watch

November 28, 2023

ကြားကာလအစီအမံ ကြိုတင်ပြင်ဆင်မှုဆိုင်ရာဥပဒေကိုတနင်္သာရီတိုင်းရွေးကောက်ခံ ကိုယ်စားလှယ်များ ဖြင့် စုဖွဲ့ထားသည့် တိုင်းလွှတ်တော်က နိုဝင်ဘာလ ၁၇ ရက်နေ့တွင် အတည်ပြုလိုက်သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကလည်း တနင်္သာရီဖက်ဒရယ်ယူနစ် ကြားကာလ အစီအမံကြိုတင် ပြင်ဆင်မှုဆိုင်ရာဥပဒေကို အတည်ပြုလိုက်ကြောင်း ထုတ်ပြန်သည်။ ယင်းမှာတနင်္သာရီတိုင်းသားများ၏ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးရန် ကျားကုတ်ကျားခဲ ကြိုးပမ်းနေမှုကို ပါတီတစ်ခုက  နိုင်ငံရေးလက်ဝါးကြီးအုပ်ရန် ကြိုးစားလာခြင်းဟု ဝေဖန်ထောက်ပြမှုများ၊ ကန့်ကွက်မှုများစွာဖြင့် တနင်္သာရီတိုင်းတွင် ဂယက်ထသွားစေသည်။ ယင်းဥပဒေ အတည်ပြုလိုက်မှုကို တိုင်းအတွင်းရှိ နိုင်ငံရေးအစုအဖွဲ့များ၊ တော်လှန်ရေးအစုအဖွဲ့များက ပြင်းပြင်းထန်ထန် ဝေဖန်ကန့်ကွက်ကြသလို တိုင်းအတွင်းရှိ ကရင်တိုင်းရင်းသားအစုအဖွဲ့ အပါအဝင် အစုအဖွဲ့ပေါင်း နှစ်ဆယ်ကျော်ကလည်း ကန့်ကွက်စာ ထုတ်ခဲ့ကြသည်။ ကြားကာလဥပဒေဆိုတာ  တိုင်းလွှတ်တော်က ပြဋ္ဌာန်းခဲ့သည့် ယင်းဥပဒေတွင် တိုင်းဒေသကြီးအတွက် ဖက်ဒရယ်ယူနစ်ကြားကာလ အစီအမံများ စနစ်တကျရေးဆွဲအတည်ပြုနိုင်ရေးအတွက် လိုအပ်သောပေါင်းစပ်ညှိနှိုင်းရေး လုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ပြဋ္ဌာန်းကြောင်း ဖော်ပြထားသည်။ ကနဦးအနေဖြင့် ပုဂ္ဂိုလ် ၅ ဦးပါ […]

နိုဝင်ဘာလ ၂၇ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

November 27, 2023

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ပန်းပဲလုပ်ငန်း၏ အနာဂတ်

Dawei Watch

November 26, 2023

ယခင် ဆယ်စုနှစ်တစ်ခု နီးပါးခန့်အထိ ပန်းပဲဖိုများတွင် မီးသွေးခဲရဲအောင် ဖိုဆွဲခဲ့ကြသော်လည်း ယခုအချိန်တွင်တော့ ဖားဖိုများက ဖုန်အထပ်ထပ်ဖြင့် ရှိနေကြသည်။ နှစ်ပေါင်းရာထောင်ချီ တည်တံ့လာခဲ့သည့် မြန်မာ့ပန်းဆယ်မျိုးအနက် ပန်းပဲလုပ်ငန်းမှာ ယခုအချိန်တွင် လူငယ်ထုအကြား စိတ်ဝင်စားမှု နည်းလာနေပြီဖြစ်သည်။ ယခုအပတ် Dawei Watch ၏ ‘ဓလေ့ သမိုင်း’ အစီအစဉ်တွင် ပျောက်ကွယ်တော့မည့် ပန်းပဲလုပ်ငန်း၏ အနာဂတ်အကြောင်းကို တင်ဆက်ပေးလိုက်ပါသည်။

နေ့ဘက် ကျင်းပတဲ့ ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ

Dawei Watch

November 26, 2023

ထားဝယ်မြို့မှာ နှစ်ကျိပ်ရှစ်ဆူဘုရားလှည့်ပွဲကို ဒီနေ့(နိုဝင်ဘာ ၂၆)နံနက်ပိုင်းက မြို့တွင်းအပူဇော်ခံ လှည့်လည်ခဲ့ပါတယ်။ ဒေသတွင်းအစည်ကားဆုံး ပွဲတော်တစ်ခုဖြစ်ခဲ့တဲ့ ထားဝယ်နှစ်ကျိပ်ရှစ်ဆူဘုရားပွဲက ပုံမှန်ဆို ညဘက်မှသာ လှည့်လည်ပွဲကျင်းပခဲ့သလို အလွန်စည်ကားတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနှစ်မှာတော့ အရင်နှစ်တွေလို အခြေအနေမျိုးမရှိခဲ့ပါဘူး။ ဒီနေ့ကျင်းပခဲ့တဲ့ ထားဝယ်နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲ အခြေအနေကို တင်ဆက်ပေးလိုက်ပါတယ်။

မြန်မာ့ရေးရာ

Dawei Watch

November 26, 2023

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ နိုဝင်ဘာလ ၁၉ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

တစ်ပတ်အတွင်း တနင်္သာရီသတင်း (နိုဝင်ဘာလ ၁၉ ရက်ကနေ ၂၅ ရက်နေ့အထိ)

Dawei Watch

November 25, 2023

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

Dawei Watch

November 25, 2023

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ နိုဝင်ဘာလ ၁၈ ရက်နေ့ကနေ နိုဝင်ဘာလ ၂၄ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။ ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။