ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

ယူရို ၂၀၂၄ ပြိုင်ပွဲကြီး စတော့မယ်

Dawei Watch

June 7, 2024

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကြီးနဲ့တန်းတူထားပြီး ပရိသတ်စိတ်ဝင်စားမှုမြင့်တက်လေ့ရှိတဲ့ နောက်ထပ် နိုင်ငံတကာဘောလုံးပြိုင်ပွဲကြီးကတော့ ယူရိုပြိုင်ပွဲပဲ ဖြစ်ပါတယ်။ လေးနှစ်ကြာမှ တစ်ကြိမ်စီ ကျင်းပလေ့ရှိတဲ့ ယူရိုပြိုင်ပွဲကြီးကို လက်ရှိ ၂၀၂၄ ခုနှစ်မှာ ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ပြင်ဆင်နေပြီပဲဖြစ်ပါတယ်။ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပတုန်းက တတိယနဲ့သာ ကျေနပ်ခဲ့ရတဲ့ ဂျာမနီဟာ အခုတစ်ကြိမ်မှာတော့ ချန်ပီယံဖြစ်ခွင့်ရနိုင်ဖို့အထိ ရည်မှန်းနေပါတယ်။ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့ပြီးတဲ့နောက် ဂျာမနီဟာ နိုင်ငံတကာအဆင့်အောင်မြင်မှုနဲ့ အလှမ်းကွာဝေးနေခဲ့တာ ၁၀ နှစ် ရှိလာခဲ့ပါပြီ။ ဇွန်လ ၁၄ ရက်နေ့ ရောက်ရင် ပြိုင်ပွဲစတင်မှာဖြစ်ပြီး ဇူလိုင်လ ၁၄ ရက်နေ့ကိုရောက်ရင် ပြိုင်ပွဲကြီး ပြီးဆုံးမှာဖြစ်ပါတယ်။ ဂျာမနီနိုင်ငံမှာရှိတဲ့ ဘောလုံးကွင်းကြီး ၁၀ ကွင်းမှာ ယူရို ၂၀၂၄ ပြိုင်ပွဲကြီးကို ကျင်းပသွားမှာပါ။ ယူရို […]

သိထားရမယ့် မြေမြှုပ်မိုင်း

Dawei Watch

June 6, 2024

မြေမြှုပ်မိုင်းအမျိုးအစားတွေကို လူသတ်မြေမြှုပ်မိုင်းနဲ့ ယာဉ်ဖျက်မိုင်းဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ လူသတ်မြေမြှုပ်မိုင်းမှာမှ ရုတ်ချည်းပေါက်ကွဲမိုင်းနဲ့ အစထွက်လူသတ်မိုင်း(ပေါက်ကွဲမိုင်း)ဆိုပြီး နှစ်မျိုးရှိပါတယ်။ ဒါကြောင့် သိထားရမယ့် မြေမြှုပ်မိုင်းအကြောင်းကို တင်ဆက်ပေးလိုက်ပါတယ်။

မိုင်းအန္တရာယ်သတိပေး အမှတ်အသားနဲ့သဲလွန်စတွေက ဘာတွေလဲ

Dawei Watch

June 5, 2024

နိုင်ငံတကာ မိုင်းအန္တရာယ်သတိပေး အမှတ်အသားကတော့ အနီရောင်အခံပေါ်မှာ အဖြူရောင် အရိုးခေါင်းနဲ့ အရိုးနှစ်ချောင်းဖြစ်ပြီး မိုင်းအန္တရာယ်ရှိတယ်ဆိုတဲ့ သတိပေးစာသားကို အင်္ဂလိပ်ဘာသာ (ဒါမှမဟုတ် ) ဒေသသုံးဘာသာစကား တခုခုနဲ့ ဖော်ပြလေ့ရှိပါတယ်။ ကိုယ်ဒေသမှာကော ဘယ်လိုအမှတ်အသားတွေကို သတိထားသင့်ပါသလဲ။

ပဋိပက္ခဒေသများနှင့် အစားအသောက်ဖူလုံရေး

Dawei Watch

June 4, 2024

တနင်္သာရီတိုင်းမှာ စစ်ရေးတွေပြင်းထန်လာတာကြောင့် တော်လှန်ရေးအဖွဲ့တွေ အားကောင်းတဲ့ ဒေသတွေကို စစ်ကောင်စီက စားနပ်ရိက္ခာ ဖြတ်တောက်ပိတ်ဆို့ထားပါတယ်။ ထားဝယ်နဲ့ မြိတ်ခရိုင်ထဲက မြို့နယ်လေးခုမှာ စားနပ်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ခံထားရတာ နှစ်နဲ့ချီ ရှိနေပါပြီ။ တိုင်းအတွင်းမှာ စစ်ဘေးရှောင်ဦးရေကလည်း ခြောက်သောင်းနီးပါး ရှိနေပါတယ်။ တော်လှန်ရေးအားကောင်းလာလို့ စစ်ရေးတွေ ပိုမိုပြင်းထန်လာဖို့ရှိတာကြောင့် စားနပ်ရိက္ခာဖြတ်တောက်ပိတ်ဆို့မှုတွေ ပိုမိုလုပ်လာနိုင်ဖွယ်လည်း ရှိနေပါတယ်။ ဒီလိုအခြေအနေမှာ အသက်ရှင်ရပ်တည်နိုင်ဖို့ စားနပ်ရိက္ခာဖူလုံရေး ဘယ်လို လုပ်ဆောင်ကြမလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။

မိုင်းနဲ့ အန္တရာယ်ရှိတဲ့ စစ်ကျန်လက်နက်ပစ္စည်းတွေကို ဘယ်လိုနေရာတွေမှာ တွေ့ရတတ်လဲ

Dawei Watch

June 4, 2024

အသုံးပြုပြီးမပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်းဆိုတာ ပေါက်ကွဲစေဖို့ ရည်ရွယ်ပြီး ပစ်ခတ်လိုက်ပေမယ့် မပေါက်ကွဲသေးဘဲ ကျန်နေတဲ့ စစ်လက်နက်ပစ္စည်းတွေ ဖြစ်ပါတယ်။ မိုင်းနဲ့ အခြားမပေါက်ကွဲသေးတဲ့ စက်ကျန်လက်နက်ပစ္စည်းရှိနေတဲ့ နေရာတွေကို သတိထားရှောင်ကျဉ်သင့်ပါတယ်။

အလွန်အမင်း တန်ဖိုးကျသွားသည့် ငွေစက္ကူများ

Dawei Watch

June 2, 2024

ပေါင်မုန့်တစ်လုံးရဖို့ ငွေစက္ကူ တစ်အိတ်နဲ့ သယ်သွားဝယ်ရခဲ့တာမျိုး ကမ္ဘာ့ သမိုင်းစဉ် တစ်လျှောက် ကြုံဖူး ခဲ့ကြပါတယ်။ အထူးသဖြင့်တော့ စစ်ပွဲတွေအကြားမှာ ကြုံလေ့ရှိတာမျိုးပါ။ အစိုးရ ဒါမှမဟုတ် အုပ်စိုးသူတွေက ဘဏ္ဍာငွေကြေး အလွန်အကျွံသုံးစွဲတာ။ (ရတာထက် သုံးတာ အဆမတန် ပိုများနေတာ)၊ စစ်အသုံးစရိတ်၊ အကျင့်ပျက်ချစားမှုနဲ့ ငွေစက္ကူ အလွန်အကျွံ ရိုက်ထုတ်မှုတွေဟာ ငွေကြေး အလွန်အမင်း ဖောင်းပွမှုရဲ့ တရားခံတွေ ပါပဲ။ ပညာရပ်ဆိုင်ရာအရတော့ လစဉ် လစဉ် စျေးတွေ ၅၀ ရာခိုင်နှုန်းနဲ့ အထက် ဆက်တိုက် တက်နေတာမျိုးကို ငွေကြေး အလွန်အမင်းဖောင်းပွမှု အဖြစ်ယူပါတယ်။ သမိုင်းစဉ်တစ်လျှောက် ကြည့်လိုက်ရင် ဇင်ဘာဘွေတစ်နိုင်ငံတည်း ကြုံခဲ့ရတာ မဟုတ်ပါဘူး။ အချို့သော ဆိုးဝါးတဲ့ သမိုင်းတွေကို ထုတ်နုတ်ကြည့်ရအောင်ပါ။ Stacker.com ပါ Amanda […]

ဗထူးနေ့အခမ်းအနား ကျင်းပ

Dawei Watch

June 2, 2024

ဗထူးကျဆုံးခြင်း ၇၉ နှစ်မြောက်နေ့နဲ့ ဗထူးနေ့အခမ်းအနားကို ဗိုလ်မှူးကြီးဗထူးရဲ့ မွေးရပ်ဇာတိ လောင်းလုံးမြို့နယ် လေးသွန်းခံကျေးရွာက ဗထူးမော်ကွန်းဥယျာဉ်တွင်းမှာ ဒီနေ့ (ဇွန်လ ၂ ရက်နေ့) ကျင်းပခဲ့ပါတယ်။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

Dawei Watch

June 1, 2024

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ မေလ ၂၅ ရက်နေ့ကနေ မေလ ၃၁ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။ ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။