ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

Podcast: စစ်ဘေးရှောင်တို့အတွက် ကျန်းမာရေး

Dawei Watch

July 2, 2024

တနင်္သာရီတိုင်းအတွင်း ယခုဧပြီလတွင် စစ်ဘေးရှောင် ခြောက်သောင်းနီးပါးရှိပြီး ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများက အများစုဖြစ်ပါသည်။   စစ်ဘေးရှောင်များမှာ နေရေး၊စားရေး အခက်အခဲများအပြင် ရာသီအလိုက် မတူညီသည့် ကျန်းမာရေးပြဿနာများကို ရင်ဆိုင်နေကြရသည်။   ယင်းကြောင့် စစ်ဘေးရှောင်များ ကြုံတွေ့နေရသည့် ကျန်းမာရေးဆိုင်ရာ အခက်အခဲများကို ဖော်ပြလိုက်ပါသည်။

ဇူလိုင်လ ၁ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

July 1, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ – ထားဝယ်ကသံဃာတော်တွေ စစ်ကောင်စီကို ကံဆောင်သပိတ်မှောက်တဲ့အကြောင်း – တနင်္သာရီမြစ်ဘေးက ကျောက်လုံးကြီးစခန်းမှာ စစ်ကောင်စီတပ်သားတွေ ပြန်လာပြီးတပ်စွဲထားတဲ့ သတင်း – ကျိုက်ထိုက လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်လေးဦးကို စစ်ကောင်စီက အကြမ်းဖက်ပုဒ်မနဲ့ အမှုဖွင့်လိုက်တဲ့အကြောင်း – မတူပီမြို့ကို ချင်းညီနောင်နဲ့မဟာမိတ်ပူးပေါင်းတပ်တွေ သိမ်းပိုက်ခဲ့တဲ့အခြေအနေ – မြိတ်မှာ သစ်သီးဈေးနှုန်း အဆမတန်မြင့်နေလို့ ရောင်းအားကျနေတဲ့အကြောင်း – မိုးသည်းလို့ မြစ်ကြီးနားမှာရေကြီးနေပြီး မြို့နယ်ခြောက်ခုကို ရေဘေးသတိပေးချက်ထုတ်ပြန်ထားတဲ့အခြေအနေ အပါအဝင် – CI စခန်းတွေ ပိတ်မယ်လို့ ထိုင်းဘက်ကထုတ်ပြန်ထားပေမယ့် မြန်မာဘက်က မညွှန်ကြားသေးတဲ့အကြောင်း စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe […]

Podcast: ပြည်တွင်းရွှေ့ပြောင်းလူငယ်များနှင့် အလုပ်အကိုင်အခွင့်အလမ်း

Dawei Watch

July 1, 2024

မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းခဲ့တာ အခုဆိုရင် ရက်ပေါင်း ၁၃၀၀ နီးပါးရှိလာပါပြီ။ အလုပ်အကိုင်ရှားပါးမှု၊ ပဋိပက္ခတွေနဲ့ စစ်ကောင်စီရဲ့ ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်မှုတွေကြောင့် လူငယ်လူရွယ်တွေဟာ ဒေသကိုစွန့်ခွာနေကြရတာပါ။ တနင်္သာရီတိုင်းရဲ့ စစ်ရေးအခြေအနေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုပြင်းထန်လာနေသလို စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းဥပဒေ အပါအဝင် အမျိုးမျိုးသော တင်းကျပ်မှုတွေကြောင့် လူငယ်၊လူရွယ်အများစု ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့နေကြရပါတယ်။ ဒါပေမဲ့လည်း အခက်အခဲမျိုးစုံကို ဆက်လက်ရင်ဆိုင်နေကြရဆဲပါ။ ဒါကြောင့် ဒီအခက်အခဲတွေကို ဘယ်လိုရင်ဆိုင် ကျော်လွှားကြမလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။

မြန်မာ့ရေးရာ

Dawei Watch

June 30, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ ဇွန်လ ၂၃ ရက်နေ့ကနေ ဇွန်လ ၂၉ ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

ပြည်တွင်းရွှေ့ပြောင်းလူငယ်များနှင့် အလုပ်အကိုင်အခွင့်အလမ်း

Dawei Watch

June 29, 2024

မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းခဲ့တာ အခုဆိုရင် ရက်ပေါင်း ၁၃၀၀ နီးပါးရှိလာပါပြီ။   အလုပ်အကိုင်ရှားပါးမှု၊ ပဋိပက္ခတွေနဲ့ စစ်ကောင်စီရဲ့ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်မှုတွေကြောင့် လူငယ်လူရွယ်တွေဟာ ဒေသကိုစွန့်ခွာနေကြရတာပါ။   တနင်္သာရီတိုင်းရဲ့ စစ်ရေးအခြေအနေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုပြင်းထန်လာနေသလို စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းဥပဒေ အပါအဝင် အမျိုးမျိုးသော တင်းကျပ်မှုတွေကြောင့် လူငယ်၊လူရွယ်အများစု ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့နေကြရပါတယ်။   ဒါပေမဲ့လည်း အခက်အခဲမျိုးစုံကို ဆက်လက်ရင်ဆိုင်နေကြရဆဲပါ။   ဒါကြောင့် ဒီအခက်အခဲတွေကို ဘယ်လိုရင်ဆိုင် ကျော်လွှားကြမလဲဆိုတာကို တင်ဆက်ပေးလိုက်ပါတယ်။

တစ်ပတ်အတွင်း တနင်္သာရီသတင်း (ဇွန်လ ၂၃ ရက်ကနေ ၂၉ ရက်နေ့အထိ )

Dawei Watch

June 29, 2024

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

အီတလီနဲ့ ဂျာမနီပဲ ကွာတားဖိုင်နယ်ကို တက်လှမ်းသွားလိမ့်မယ်

Dawei Watch

June 29, 2024

ယူရို ၂၀၂၄ ပြိုင်ပွဲကြီးရဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွေကို အစပြုပါပြီ။ ဒီညမှာတော့ နာမည်ကြီးအသင်းတွေဖြစ်ကြတဲ့ လက်ရှိချန်ပီယံ အီတလီ၊ အိမ်ရှင် ဂျာမနီတို့ရဲ့ ပွဲတွေကို စတင်ရှုစားရတော့မှာပါ။ ဂျာမနီနဲ့ ဒိန်းမတ် ပွဲစဉ်ကတော့ ပိုပြီး အကြိတ်အနယ်ဖြစ်လာဖို့ ရှိနေပါတယ်။ အဲ့ဒီပွဲစဉ်ဟာ စိတ်မကျေပွဲသဘောမျိုးတောင် ဖြစ်လာပါလိမ့်မယ်။ အီတလီနဲ့ ဆွစ်ဇာလန်တို့ရဲ့ ပွဲစဉ်ကို မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ ယှဉ်ပြိုင်ဖို့ ရှိနေပြီး ဂျာမနီနဲ့ ဒိန်းမတ်တို့ရဲ့ ပွဲစဉ်ကိုတော့ ညသန်းခေါင်ယံကျော်လို့ နောက်တစ်နေ့မနက်ကို ကူးတဲ့ မနက် ၁ နာရီခွဲမှာ ကျင်းပမှာပါ။ ဘယ်အသင်းတွေက ရလဒ်ကောင်းတွေ ရယူပြီး နောက်တစ်ဆင့်ဆီကို ဆက်လက် တက်လှမ်းသွားလေမလဲ။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

Dawei Watch

June 29, 2024

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ ဇွန်လ ၂၂ ရက်နေ့ကနေ ဇွန်လ ၂၈ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။ ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။