ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

မြန်မာ့ရေးရာ

Dawei Watch

October 6, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ စက်တင်ဘာလ ၂၉ ရက်နေ့ကနေ အောက်တိုဘာလ ၅ရက်နေ့အထိ တစ်ပတ်တာအတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။

ရော့ထန်နဲ့ တာကေးရု တို့ ၂၀၂၅ ခုနှစ် မတ်လမှာ ထိုးမယ်

Dawei Watch

October 6, 2024

ထိုင်းဖိုက်တာတွေထဲက နာမည်ကျော် ရော့ထန်နဲ့ မကြာသေးခင်ကမှ သန့်ဇင်ကို အနိုင်ရထားတဲ့ တာကေးရု တို့ ပွဲထိုးပါတော့မယ်။ ရော့ထန်ရဲ့မန်နေဂျာကိုယ်တိုင်က သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ရော့ထန်နဲ့ တာကေးရု တို့ ပွဲထိုးမယ့်အချိန်ကို ပြောပြလိုက်တာပါ။ ရော့ထန်နဲ့ တာကေးရု တို့ဟာ ၂၀၂၅ ခုနှစ် မတ်လမှာ ထိုးကြတော့မယ်လို့ သိရှိရပါတယ်။ ပွဲထိုးရမယ့်နေ့ရက် အတိအကျကိုတော့ လတ်တလောမှာ မသိရှိရသေးပါဘူး။ တာကေးရုက စူပါလက်ခ်၊ သန့်ဇင် စတဲ့ သူ့ပြိုင်ဘက်တွေကို သူ ကျွမ်းကျင်ပိုင်နိုင်တဲ့ ကစ်ဘောက်ဆင်ဘက်မှာချည်း ယှဉ်ပြိုင်ခွင့်ရခဲ့လို့ ဒီပွဲကလည်း ကစ်ဘောက်ဆင်နည်းနဲ့ ယှဉ်ပြိုင်ရတဲ့ပွဲပဲ ဖြစ်လာလိမ့်မယ်လို့ သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။ ရော့ထန်နဲ့ တာကေးရုတို့ရဲ့ ပွဲမှာ ဘယ်သူ နိုင်သွားလေမလဲ။

တစ်ပတ်အတွင်း တနင်္သာရီသတင်း (စက်တင်ဘာလ ၂၉ ရက်ကနေ အောက်တိုဘာလ ၅ ရက်နေ့အထိ)

Dawei Watch

October 5, 2024

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

One Championship က ဗရော်နီကာ ကို စာချုပ်ချုပ်တော့မယ်

Dawei Watch

October 5, 2024

ကယန်းဖိုက်တာမလေး ဗရော်နီကာ ကို One Championship က စာချုပ်ချုပ်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဗရော်နီကာ ဟာ One Championship မှာ ပွဲထိုးခွင့်ရချင်နေတာ ကြာပါပြီ။ အခုတော့ သူမရဲ့မျှော်လင့်အိပ်မက်တွေ ပြည့်ဝပါတော့မယ်။ ဇန်နဝါရီလ ၁ ရက်နေ့ကိုရောက်ရင် တစ်ခုခု ထူးခြားတော့မယ်လို့ ဗရော်နီကာ က အသိပေးလာတဲ့အတွက် အားလုံးက စိတ်ဝင်စားလို့နေပါတယ်။ One Championship နဲ့ နီးစပ်သူတွေက ဗရော်နီကာ ဟာ One Championship ထဲကို ရောက်ရှိလာဖို့ သေချာနေပါပြီလို့ ပြောထားပါတယ်။ ဗရော်နီကာ ဟာ One Championship မှာ ဘယ်လိုတွေ အစွမ်းပြလေမလဲဆိုတာက စိတ်ဝင်စားစရာပါပဲ။

တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်

Dawei Watch

October 5, 2024

ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ စက်တင်ဘာလ ၂၈ ရက်နေ့ကနေ အောက်တိုဘာလ ၄ ရက်နေ့အထိ တစ်ပတ်တာအတွင်း အဖြစ်အပျက်အချိုကို ကောက်နုတ်ဖော်ပြသွားမှာပါ။ ဒီအကြောင်းအရာတွေကို Dawei Watch ဝိုင်းတော်သားတွေက စီစဉ်တင်ဆက်ထားတာ ဖြစ်ပါတယ်။

အောက်တိုဘာလ ၄ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

October 4, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။