ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

Sphere နဲ့ Madison Square Garden တို့မှာ ပထမဆုံး ထိုးခွင့်ရတဲ့ မြန်မာပြည်ဖွား ချင်းဖိုက်တာ ဂျိုရွှာဗန်

Dawei Watch

September 10, 2024

မြန်မာပြည်ဖွား ချင်းကိုယ်ခံပညာစုံတိုက်ခိုက်ရေးဖိုက်တာလေး ဂျိုရွှာဗန် ကတော့ မှတ်တမ်းသစ်တစ်ခုကို ရေးထိုးလိုက်ပါပြီ။ အဲ့ဒါကတော့ Sphere နဲ့ Madison Square Garden တို့မှာ ထိုးခွင့်ရတဲ့ ပထမဆုံး မြန်မာပြည်ဖွားဖိုက်တာဆိုတဲ့ မှတ်တမ်းပါပဲ။ လာမယ့် စက်တင်ဘာလ ၁၅ ရက်နေ့ကိုရောက်ရင် UFC 306 ပြိုင်ပွဲကြီးကို ကျင်းပတော့မှာပဲဖြစ်ပါတယ်။ ဂျိုရွှာဗန် ဟာ ဒီပြိုင်ပွဲကြီးကို Short Notice နဲ့ လူစားဝင်ထိုးရဖို့ ဖြစ်လာခဲ့တာပါ။ အစောပိုင်းက ဒီပြိုင်ပွဲမှာ ဂျိုရွှာဗန် မပါဝင်ခဲ့ပါဘူး။ ကယ်လ်ဗင် ဘော်ဂျတ်စ်နဲ့ အက်ဒ်ဂါ ချိုင်ရက်ဇ် တို့ ထိုးရမယ့်ပွဲမှာ ကယ်လ်ဗင် ဘော်ဂျက်စ်က နုတ်ထွက်သွားခဲ့ပြီးတဲ့နောက် ဒီနေရာမှာ ပွဲစီစဉ်သူတွေက ဂျိုရွှာဗန် ကို အစားဝင်ထိုးဖို့ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။ ဒီကမ်းလှမ်းမှုကို ဂျိုရွှာဗန် ကလည်း […]

စက်တင်ဘာလ ၉ ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

September 9, 2024

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေပဲဖြစ်ပါတယ်။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

ထိုင်းမှာ ဖမ်းဆီးခံရတဲ့မြန်မာတစ်ဦး ပြန်ပို့ခံရရင် စစ်မှုထမ်းရမှာစိုးလို့ အချုပ်ကားကနေထွက်ပြေး

Dawei Watch

September 9, 2024

ထိုင်းမှာ ဖမ်းဆီးခံရတဲ့မြန်မာတစ်ဦး ပြန်ပို့ခံရရင် စစ်မှုထမ်းရမှာစိုးလို့ အချုပ်ကားကနေထွက်ပြေး

ရည်းစားဟောင်းက ဓာတ်ဆီနဲ့လောင်းပြီး မီးတင်ရှို့လို့ အသက်ပေးလိုက်ရသူ အိုလံပစ်အပြေးမယ်

Dawei Watch

September 9, 2024

ဒီအဖြစ်အပျက်က ယူဂန္ဓာနိုင်ငံမှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ရည်းစားဟောင်းဖြစ်တဲ့ မာရသွန်အပြေးမယ်ကို သူ့ရည်းစားဟောင်း ကောင်လေးက ဓာတ်ဆီလောင်းပြီး မီးတင်ရှို့ခဲ့တာပါ။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ကမှ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ယူဂန္ဓာရဲတပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။ ဒီမှုခင်းဖြစ်စဉ်ဟာ ယူဂန္ဓာနိုင်ငံရဲ့အနောက်ဘက်ခြမ်းမှာရှိတဲ့ ထရန့်စ်ဇွိုင်အာကောင်တီဒေသမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ မီးရှို့ခံလိုက်ရတဲ့သူက မာရသွန်အပြေးမယ် ရေဗက္ကာ ချက်ပ်တီဂျိုင် ပါ။ မကြာသေးခင်ကမှ ကျင်းပပြီးစီးသွားခဲ့တဲ့ ပဲရစ်အိုလံပစ်ပြိုင်ပွဲကြီးကို ချက်ပ်တီဂျိုင် က ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မာရသွန်ပြိုင်ပွဲမှာ အဆင့် ၄၄ ချိတ်ခဲ့ပါတယ်။ အခုတော့ မာရသွန်အပြေးမယ် ချက်ပ်တီဂျိုင်ဟာ မီးလောင်ဒဏ်ရာတွေနဲ့အတူ အသက်ဆုံးပါးသွားခဲ့ရပါပြီ။

မြန်မာ့ရေးရာ

Dawei Watch

September 8, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို Dawei Watch ပရိသတ်တွေ သိရှိစေဖို့ တစ်ပတ်အတွင်း မြန်မာ့သတင်းရေးရာအစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် မြန်မာ့ရေးရာအစီအစဉ်မှာတော့ စက်တင်ဘာလ ၁ ရက်နေ့ကနေ စက်တင်ဘာလ ၇ရက်နေ့အထိ တစ်ပတ်တာ အတွင်း ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေထဲက ထူးခြားဖြစ်စဉ်တွေကို စီစဉ်တင်ဆက်ထားတာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း တင်ဆက်သွားမှာဖြစ်ပါတယ်။