ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံ

ထိုင်းရဲတပ်ဖွဲ့ ရဲ့လက်နက်တွေကိုမြန်မာဘက် ခိုးရောင်းမှုနဲ့ထိုင်းအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

Dawei Watch

January 21, 2025

ထိုင်းရဲတပ်ဖွဲ့ ရဲ့လက်နက်တွေကိုမြန်မာဘက် ခိုးရောင်းမှုနဲ့ထိုင်းအမျိုးသမီးတစ်ဦး ဖမ်းဆီးခံရ

မြန်မာဖိုက်တာတွေ ကံကောင်းတဲ့ အပြာထောင့်ကနေ သန့်ဇင်နဲ့ စိုးလင်းဦးတို့ ထိုးရမယ်

Dawei Watch

January 21, 2025

မြန်မာဖိုက်တာတွေဟာ ဒီနှစ်ထဲမှာတော့ အပြာထောင့်နဲ့ ကံစပ်လို့နေပါတယ်။ ၂၀၂၅ ခုနှစ် နှစ်ဦးကာလထဲမှာ မြန်မာဖိုက်တာ ၄ ယောက် ပွဲထွက်ထားပြီးပါပြီ။ နော်ဥမ္မာစိုး၊ သွေးလင်းထက်၊ စိုးမိုးဇော်နဲ့ စောဂျွန်တို့ပါပဲ။ လေးယောက်လုံးဟာ အပြာထောင့်တွေကနေ ပွဲတက်ထိုးပြီး နိုင်ပွဲတွေ အရယူနိုင်ခဲ့ကြပါတယ်။ ONE 170 မှာ စိုးလင်းဦးနဲ့ သန့်ဇင်တို့က အပြာထောင့်ကနေ ထိုးရမယ့်ကစားသမားတွေအဖြစ် သတ်မှတ်ခံထားရပါတယ်။ အပြာထောင့်ကနေ ဖိုက်တာတွေ ရလဒ်ကောင်းနေချိန်မှာ အပြာထောင့်ကနေ ပွဲထိုးခွင့်ရတာကတော့ သန့်ဇင်နဲ့ စိုးလင်းဦးတို့အတွက် ကံကောင်းမှုပါပဲ။ အခုမတိုင်ခင်မှာ အပြာထောင့်ကနေ ပွဲထိုးခွင့်ရပြီး နိုင်ပွဲကိုယ်စီရရှိခဲ့ကြတဲ့ မြန်မာဖိုက်တာတွေလို သန့်ဇင်နဲ့ စိုးလင်းဦးတို့လည်း အပြာထောင့်နဲ့ကံစပ်ပြီး နိုင်ပွဲတွေ ရယူပြနိုင်လေမလားဆိုတာကတော့ စောင့်ကြည့်ချင်စရာပါပဲ။

ဇန်နဝါရီလ ၂၀ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch

January 20, 2025

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

မောတောင်မြို့ကိုလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ရက်ဆက်တိုက်ပွဲဖြစ်၊ နှစ်ဖက်ထိခိုက်မှုရှိ

Dawei Watch

January 20, 2025

မောတောင်မြို့ကိုလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ရက်ဆက်တိုက်ပွဲဖြစ်၊ နှစ်ဖက်ထိခိုက်မှုရှိ

မွန်တော်လှန်ရေးတပ်ဖွဲ့ လေးဖွဲ့ပူးပေါင်းပြီး ရာမညပူးတွဲစစ်ကြောင်း ဖွဲ့စည်း

Dawei Watch

January 20, 2025

မွန်တော်လှန်ရေးတပ်ဖွဲ့ လေးဖွဲ့ပူးပေါင်းပြီး ရာမညပူးတွဲစစ်ကြောင်း ဖွဲ့စည်း

အောင်လအန်ဆန်းကို အနိုင်ယူပြခဲ့ဖူးသူ ဒီရစ်ဒါ က UFC မှာ ဆက်တိုက် အစွမ်းပြနေပြီ

Dawei Watch

January 20, 2025

UFC 311 မှာ ဟော်လန်ဖိုက်တာ ရိုင်နီရာ ဒီရစ်ဒါကတော့ နှစ်ပွဲထိုး၊ နှစ်ပွဲနိုင် မှတ်တမ်းကို ရယူသွားခဲ့ပါပြီ။ ONE ကနေ UFC ဆီကို ကူးပြောင်းလာခဲ့ပြီးတဲ့နောက် ပုံစံကောင်းကို ထုတ်ဖော်ပြသနိုင်လို့ ဒီရစ်ဒါ က မှတ်ချက်ကောင်းတွေကို ရရှိနေပြီလည်းဖြစ်ပါတယ်။ ONE မှာတုန်းက အောင်လအန်ဆန်းကို အနိုင်ယူပြခဲ့ဖူးတဲ့ ဒီရစ်ဒါ ဟာ UFC ဘက်ကို ကူးပြောင်းလာခဲ့ပြီးတဲ့နောက် ပထမဆုံးပွဲမှာ အောင်လအန်ဆန်းရဲ့သူငယ်ချင်းကို အနိုင်ယူပြခဲ့တာပါ။ အခုပွဲစဉ်မှာတော့ အောင်လအန်ဆန်းနဲ့အတူတကွလေ့ကျင့်ပြီး ဒီရစ်ဒါက အနိုင်ယူပြသွားခဲ့တာဖြစ်ပါတယ်။ UFC 311 မှာ ပြိုင်ဘက်ဖြစ်တဲ့ ကီဗင်ဟော်လန်ကို ပထမပွဲချီမှာတင် လည်ပင်းချုပ်ကွက်နဲ့ အနိုင်ယူပြပြီး ဘောနပ်စ်ဆုကိုလည်း ဒီရစ်ဒါက ရရှိသွားခဲ့ပါပြီ။ နောက်ပွဲကိုရောက်ရင် သူ့ကို Top 5 စာရင်းဝင်ဖိုက်တာတွေထဲက တစ်ယောက်လောက်နဲ့ ပွဲတည်ပေးဖို့အကြောင်းလည်း […]

လော့စ်အိန်ဂျလိစ်တောမီးကို သက်စွန့်ဆံဖျား ငြှိမ်းသတ်ပေးနေတဲ့ ပါဝါရိန်းဂျားပန်းရောင်

Dawei Watch

January 20, 2025

ဒါက ပါဝါရိန်းဂျား အနီကောင် မဟုတ်ပါဘူး။ ပါဝါရိန်းဂျား ပန်းရောင်ကောင်မလေး ဖြစ်ပါတယ်။ ပါဝါရိန်းဂျား ခေတ်ဦးဇာတ်ကားတွေကိုကြည့်ဖူးရင် သူမက ဘယ်သူလဲဆိုတာကို အားလုံး သိရှိနေမှာပါ။ ပန်းရောင်ပါဝါရိန်းဂျားဇာတ်ရုပ်နေရာကနေ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ သရုပ်ဆောင်မင်းသမီးလေးဟာ ဒီနေ့ ဒီအချိန်မှာ တကယ့်ကို ပါဝါရိန်းဂျားအစစ်ဖြစ်လို့နေပါပြီ။ ဘာကြောင့်လဲဆိုတော့ သရုပ်ဆောင်မင်းသမီးဘဝကို ကျောခိုင်းပြီးတဲ့နောက် ပါဝါရိန်းဂျား ပန်းရောင်ကောင်မလေးက မီးသတ်တပ်ဖွဲ့ထဲကို ဝင်ရောက်လိုက်လို့ပါပဲ။ လော့စ်အိန်ဂျလိစ်မှာ လောင်ကျွမ်းနေတဲ့ တောမီးကို သက်စွန့်ဆံဖျား လိုက်လံ ငြှိမ်းသတ်ပေးနေသူတွေထဲမှာ ပါဝါရိန်းဂျား ပန်းရောင်မင်းသမီးလေးလည်းတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ အခုလို မီးသတ်သမားဘဝဆီ ကူးပြောင်းဝင်ရောက်သွားခဲ့သူ ပါဝါရိန်းဂျားပန်းရောင်ကောင်မလေးရဲ့နာမည်ကတော့ ပက်ထရစ်ရှာ ဂျာလီး ပါပဲ။