ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရုပ်သံသတင်း

အေးချမ်းသာဟိုတယ် ပိတ်မိနေသည့် အမျိုးသားတစ်ဦးကို အသက်ရှင်လျက် ထပ်မံကယ်တင်

Dawei Watch

April 2, 2025

နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဟိုတယ်အေးချမ်းသာ အဆောက်အအုံတွင် ပိတ်မိနေသည့် အမျိုးသားတစ်ဦး အသက်ရှင်လျက် ထပ်မံကယ်တင်နိုင်သဖြင့် ပိတ်မိနေသူ နှစ်ဦးစလုံးကို အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနက သတင်းထုတ်ပြန်သည်။ အဆိုပါနေရာတွင် တူရကီနိုင်ငံက GEA Search and rescue ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းရှာဖွေနေခြင်းဖြစ်ကြောင်း ဖော်ပြသည်။ ငလျင်ကြောင့် ပြိုကျခဲ့သည့် ဟိုတယ်အဆောက်အအုံထဲတွင် ပိတ်မိနေသူ အမျိုးသားနှစ်ဦးကို ရှာဖွေကယ်ထုတ်ရာ ယနေ့ ဧပြီလ ၂ရက် နံနက်ပိုင်းတွင် အမျိုးသားတစ်ဦးကို ကယ်တင်နိုင်ခဲ့ပြီး မွန်းလွဲ ၂နာရီခန့်တွင် နောက်တစ်ဦးကို ထပ်မံကယ်တင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။ မန္တလေး Sky Villa ကွန်ဒို၊ TULIP တည်းခိုခန်း၊ ပျော်ဘွယ်မြို့ရှိ KBZ ဘဏ်အဆောက်အအုံ၊ အောင်ပန်းမြို့က ဟိုတယ်အောင်ပန်းတို့တွင် ယနေ့ […]