တနင်္သာရီတိုင်းတွင် စစ်မှုထမ်းသင်တန်းစတင်သည့် ဓာတ်ပုံများ စစ်ကောင်စီထုတ်ပြန်
Dawei Watch
April 6, 2024တနင်္သာရီတိုင်းက စစ်မှုထမ်းသင်တန်း စတင်သည့် ဓာတ်ပုံများကို စစ်ကောင်စီလက်အောက်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ပြန်လာသည်။ ပုလောမြို့နယ် ပလောက်မြို့ စစ်ကောင်စီတပ်၏ အမှတ် ၁၂ တန်းမြင့်လေ့ကျင့်ရေးကျောင်းတွင် စစ်သင်တန်းတက်ရန် ရောက်ရှိနေသည့် စစ်မှုထမ်းပုံများကို ထုတ်ပြန်လာခြင်းဖြစ်သည်။ ဧပြီလ ၅ ရက်နေ့က ထုတ်ပြန်သည့် အဆိုပါဓာတ်ပုံများထဲတွင် စစ်မှုထမ်းသင်တန်းသားများကို ပလောက်တပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ်ရဲကျော်ကျော်က လက်ဆွဲနှုတ်ဆက်နေသည်ကို တွေ့ရသည်။ စစ်မှုထမ်းပထမအသုတ်တွင် တနင်္သာရီတိုင်းမှ လူဦးရေ ၂၆၀ ကို ခေါ်ယူထားပြီး ၎င်းတို့အား ဧပြီလ ၈ ရက်မှ ၁၆ ရက်ကြားကာလတွင် သင်တန်းပေးမည်ဖြစ်သည်။ စစ်မှုထမ်းမည့် ထားဝယ်၊ မြိတ်၊ ကော့သောင်းတို့မှ သင်တန်းသားများကို ပလောက်မြို့ရှိ အမှတ် ၁၂ တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းသို့ ရေကြောင်းဖြင့် ပို့ဆောင်ထားသည်ဟုဆိုသည်။ အမှတ် ၁၂ […]