စောချစ်သူ၏ BGF တပ်ဖွဲ့ဝင်များ တနင်္သာရီတိုင်းအတွင်း ရောက်နေသည်ဆိုခြင်းမှာ မဟုတ်ဟု KNLA အတည်ပြု
Dawei Watch
November 16, 2024ဗိုလ်မှုးကြီးစောချစ်သူ၏ ကရင်နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့များ တနင်္သာရီတိုင်းကို ရောက်နေသည် ဆိုခြင်းမှာ မဟုတ်ကြောင်း KNU တပ်မဟာ(၄)၊ KNLA တပ်ရင်း(၁၂) တပ်ခွဲ(၂) ကစယ်ဒိုကျားအထူးတပ်ဖွဲ့နှင့် BGF ပြောခွင့်ရသူတို့က အတည်ပြုပြောဆိုသည်။ တနင်္သာရီတိုင်းထဲကို BGF တပ်ဖွဲ့များရောက်နေသည်ဆိုသည့် သတင်းနှင့်ပတ်သက်ပြီး စုံစမ်းမေးမြန်းထောက်လှမ်းရာ အတည်ပြုနိုင်ခြင်းမရှိကြောင်း KNU တပ်မဟာ(၄)၊ KNLA တပ်ရင်း(၁၂) တပ်ခွဲ(၂) ကစယ်ဒိုကျားအထူးတပ်ဖွဲ့က တပ်ခွဲမှူး စောဘဦးသစ်က ပြောသည်။ “မှန်ရင်ကျွန်တော်တို့ပိုသိရမယ်လေ၊ အခုထိအတည်ပြုမရဖြစ်နေတယ်၊ မှန်ကန်လို့ရှိရင်လည်း တစ်စုံတစ်ခုကတော့ အသံထွက်လာမှာပဲလေ၊ ကျွန်တော်တို့ဆိုရင် တော်လှန်ရေးမှာ နက်နက်ရှိုင်းရှိုင်းနဲ့လုပ်နေတယ်၊ ကျွန်တော်တို့ မသိဘူးဆိုတာ မဟုတ်လို့မသိတာလေ။ အကယ်၍ ဟုတ်လို့ရှိရင်တော့ ကျွန်တော်တို့က မသိဘဲမနေဘူးလေ”ဟု တပ်ခွဲမှူး စောဘဦးသစ်က ဆိုသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်ကလည်း ထားဝယ်အရှေ့တောဒေသတွင် KNU တပ်မဟာ(၄) […]