The Sheronies of Tavoy – ထားဝယ်နှင်းဆီ
Dawei Watch
July 11, 2024[အခန်း – ၄] ၁၉၃၆ ခုနှစ်။ ရန်ကုန်မြို့၊ ဘီအေအေအားကစားပြိုင်ကွင်းကြီး။ မြန်မာပြည် ဘီအေအေ စီနီယာတန်းချန်ပီယံ ရန်ကုန်တက္ကသိုလ်လက်ရွေးစင်ဘောလုံးအသင်းမှ အသင်းကပ္ပတိန်စောဘယ်လီ က တိုက်စစ်မှူးကံညွန့် ထံသို့ ဖြတ်တင်ဘောပေးလိုက်သည်။ Arsenal Fusiliers အသင်း၏ နောက်တန်းကစားသမားများဖြစ်သော Reg James နှင့် George တို့နှစ်ယောက်ရှေ့တွင် ရောက်နေသော ကံညွန့်က လေထဲမှ ဘောလုံးကို အရှိန်ဖြင့် ရှပ်ကန်လိုက်၏။ ဘောလုံးက ဂိုးဘယ်ဘက်တိုင်သို့ ဦးတည်နေရာမှ ဝှေ့သွားပြီ ဂိုးညာဘက်သို့ ဝင်သွားသည်။ Arsenal Fusiliers ဂိုးသမား Alex Hill မည်သို့မျှ မတတ်နိုင်တော့။ The Burma Athletics Association-BAA ဘောလုံးကွင်း၏ နောက်ဘက်ပွဲကြည့်စင်နှင့် အနောက်ဘက် ပွဲကြည့်စင်နှစ်ခုလုံးမှ ပရိသတ်ကြီးက ဝုန်းခနဲ ထအော်လိုက်ကြသည်။ […]


