The Sheronies of Tavoy – ထားဝယ်နှင်းဆီ
Dawei Watch
July 23, 2024[အခန်း ၁၀] “ဖထီး…ဘာတွေလုပ်နေတာလဲ” မောင်ရိန်က အလန့်တကြားဖြင့် မေးလိုက်၏။ ထိုအချိန်တွင် အနောက်ဘက်မှ ရိုင်ဖယ်သေနတ်၊ ဓားရှည်များ ကိုင်ထားသည့် လူတစ်စုထွက်လာသည်။ “ရဲဘော်သူရိန်….ဘေးမသီရန်မခဘဲ အခုလို ပြန်တွေ့ရတာ..ဝမ်းသာသဗျာ” မောင်ရိန်ကို နှုတ်ဆက်လိုက်သူက ထားဝယ်ခရိုင် စစ်ရေးဒုတိယတာဝန်ခံ ကိုတင်ထွန်း။ တပ်နီလူငယ်များက ကြည်ကြည့်ကို ဝန်းရံလိုက်ကြသည်။ “ကဲ..မဘီတို့..သူ့ကို ကြိုးတုတ်လိုက်ကြပါ” စတင်းဂန်းကို လွယ်ထားသည့် အမျိုးသမီးရဲဘော်နှစ်ဦး ထွက်လာပြီး ကြည်ကြည်၏ လက်ကို ကြိုးတုပ်လိုက်ကြ၏။ “ဘာတွေဖြစ်နေကြတာတုန်းဗျ..သူက ရဲဘော် မရီရီရဲ့ ညီမပါ..သူ့တူမကို လာရှာတာပါဗျာ..ကျွန်တော်အာမခံပါတယ်…ဒီအတိုင်းလည်း စခန်းကို သူလိုက်မှာပါ” ကိုတင်ထွန်းက မောင်ရိန်၏ ပုခုံးကို ဖက်လိုက်၏။ “ရဲဘော်က . . . ဖထီးတဲမှာပဲ ပိတ်မိနေသော သတင်းတွေအဆက်ပြတ်သွားတယ်ထင်တယ် . . . ဒီမိန်းမက စစ်တပ်က […]