ထားဝယ်သားရဲ့ ပင်လယ်ခုနစ်စင်း
diz_admin
August 11, 2020ကျောင်းခန်းထဲမှာ သီချင်းဆိုလို့ အရိုက်ခံခဲ့ရတဲ့အဆိုတော်လို့ ပြောရင် ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော်ကြီး လွှမ်းမိုးကိုပဲ ပြေးမြင်ကြပါလိမ့်မယ်။ ဒါပေမဲ့ တကယ်တမ်း အရိုက်ခံခဲ့ရတာဟာ သူတစ်ယောက်တည်းတော့ မဟုတ်ပါဘူး။ သူ့လိုပဲ အဆိုတော်ဖြစ်ဖို့ ဝါသနာကြီးလွန်းတဲ့ လူငယ်တွေများစွာ ရှိခဲ့ကြ ပါလိမ့်မယ်။ ကွမ်းသမားနှင့် ကိုဗစ် အဲဒီထဲမှာ ထားဝယ်သား ကိုအောင်မျိုးလည်း ပါဝင်ပါတယ်။ အခုဆိုရင် ကိုအောင်မျိုးဟာလည်း ဂီတရပ်ဝန်းထဲမှာ သူ့ရဲ့ပထမဆုံးမှတ်တိုင်ကို စိုက်ထူဖို့ အသင့်ဖြစ်နေပါပြီ။ သူရဲ့ တီးဝိုင်းဖြစ်တဲ့ Chaos နဲ့အတူ ဖန်တီးပုံ ဖော်ထားတဲ့ “ပင်လယ်ခုနစ်စင်း” သီချင်းခွေဟာ ဒီတစ်ပတ်ထဲမှာ ထွက်လာတော့မှာပါ။ The Sun Music ကနေ သြဂုတ်လ ၁၆ ရက်မှာ စဖြန့်မှာဖြစ်ပါတယ်။ လူနှင့်လမ်း၊ ပင်လယ်ခုနစ်စင်း၊ ခရီးရှည်၊ နေရာအမှား၊ တခုတ်တရအိမ်မက်များ၊ စတဲ့သီချင်းတွေ […]


