ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ရသ

ကိုဗစ်ပိုး ဘယ်အထိ တွေ့နိုင်လဲ

diz_admin

December 19, 2020

ကိုဗစ်ကုသမှု ခံယူပြီးသူတွေကို ထပ်မံစစ်ဆေးတဲ့အခါ ပိုးတွေ့နိုင်ချေ ရှိပါသလား ဆိုတဲ့ အမေးကို မေးကြပါတယ်။ ကိုဗစ်-၁၉ ပေါ့စတစ် ဖြစ်ခဲ့သူ တစ်ယောက်ကို ဓာတ်ခွဲ စစ်ဆေးမည်ဆိုပါက သုံးလအထိ ပေါ့စတစ် ပြနေနိုင်ကြောင်း ဒီဇင်ဘာလ ၁ ရက်နေ့က ပြုလုပ်တဲ့ ကိုဗစ်-၁၉ ရောဂါအကြောင်း သိကောင်းစရာ အမေးအဖြေ အစီအစဉ်မှာ ဆေးတက္ကသိုလ် ၂ မှ ပါမောက္ခ ဒေါက်တာ ဒေါ်သင်းသင်းနွဲ့က ထည့်သွင်းဖြေကြားသွားပါတယ်။ ဆေးပညာလောကနဲ့ ရင်းနှီးသူတွေအဖို့က မဆန်းပေမဲ့ အပြင်လောကက သူတွေအဖို့ အဆန်းတကြယ် ဖြစ်သွားခဲ့ကြတယ်။ ကူးစက်ရောဂါ တစ်ခု ကူးစက်မှု ရှိ၊ မရှိ ဆိုတာကို ဓာတ်ခွဲ စစ်ဆေးကြတဲ့ အခါ လှုံ့ဆော် ပဋိပစ္စည်းဖြစ်တဲ့ (Antigen) ကို စစ်ဆေးတာနဲ့ တန်ပြန် […]

ကျန်းမာလို့ ချမ်းသာတာလား

diz_admin

December 19, 2020

အဖိုး၊ အဖွား၊ လူကြီးသူမတွေကို တစ်ခုခု ကူညီလုပ်ကိုင်ပေးတိုင်း ကျန်းမာ ပါစေ၊ ချမ်းသာပါစေဆိုပြီး အမြဲတမ်း ဆုပေးပါတယ်။ တကယ်တော့ အဲဒီဆု ကို လူကြီးတွေက တိုက်ရိုက်ပေးနိုင်တာ မဟုတ်လို့ ဆုတောင်းပေးတယ်ပြောရင် ပိုမှန်မယ်ထင်တယ်။ အဲဒီလို ဆုပေးသံကြားတိုင်း စိတ်ကြည်နူးမိတာတော့ အမှန်။ တကယ်ကို ပီတိဖြစ်ရပါတယ်။ အခု ကပ်ဘေးကြီးကြုံချိန်မှာတော့ လူကြီးသူမတွေ ဆုပေးနေကျ ကပ်ကြီး သုံးပါးကို ကျော်လွှားနိုင်ပါစေဆိုတဲ့ ဆုတောင်းစကားဟာ အလကားမဟုတ် ဘူးဆိုတာ ပိုသိလာခဲ့တယ်။ အနာမျိုး ၉၆ ပါး ကင်းဝေးပါစေ ဆိုတာကိုတော့ Update လုပ်ရတော့မယ်ထင်တယ်။ အခုက အနာမျိုး ၉၆ ပါး ကတော့မှာ မဟုတ်ဘူး။ အခုနောက်ပိုင်း ရောဂါအသစ်တွေက တစ်နှစ်ကို အနည်းဆုံး တစ်မျိုးလောက် ပုံမှန်တိုးလာနေတာ မဟုတ်လား။ […]

“ကျူး” ချင်းပြိုင် မည်သူနိုင်

diz_admin

December 18, 2020

ကုမ္ပဏီ လုပ်ခွင့်ရမြေဟု မသိထားသဖြင့် ဝင်ကျူးမိသည်ဟု ဒေသခံရွာ သားတို့က ဆိုသည်။ ကုမ္ပဏီကလည်း လုပ်ကိုင်ခွင့်ရ ဧရိယာ ကျော်လွန်စိုက် ထားမိသည်။ သို့သော် ယင်းမှာ သက်ဆိုင်ရာဌာန၏ အမှားအယွင်းကြောင့်ဟုဆိုသည်။ ၎င်းတို့ လုပ်ကိုင်ခွင့်ရ ဧရိယာတွင် ဝင်ရောက်နေထိုင်စိုက်ပျိုးသည်ဟုဆိုကာ ကုမ္ပဏီက ရွာသားများကို တရားစွဲသည်။ ကုမ္ပဏီက သူ့လုပ်ကိုင်ခွင့်ရ ဧရိယာကျော်စိုက် သော်လည်း ကုမ္ပဏီကို တရားစွဲမည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း မရှိခြင်းကြောင့် ရွာသားများက မေးခွန်းထုတ်သည်။ ဤတွင် ကျူးအချင်းချင်းပြိုင် မည်သူနိုင် ဇာတ်လမ်း ပေါ်လာသည်။ယခု ဖော်ပြပါ စုံစမ်းထောက်လှမ်း ဆောင်းပါးတွင် ရွှေကမ္ဘောဇကို အမည်ပြောင်းထားသော Agro 24 ကုမ္ပဏီနှင့် တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်နေ ဒေသခံရွာသူ ရွာသားတို့အကြား မြေယာအငြင်းပွားမှုများကို တင်ပြထား သည်။ ရွှေကမ္ဘောဇကို […]

ပြည်သူတွေအားကိုးချင်စရာဖြစ်လာတဲ့အခါ

diz_admin

December 13, 2020

ပြည်သူတွေရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရဆိုတာ ပြည်သူ့ကိုယ်စား တိုင်းပြည်ရဲ့တာဝန်ကို ထမ်းဆောင်ဖို့ ဖြစ်တယ်။ ဒါကြောင့် ပြည်သူတွေက သူတို့လိုချင်တဲ့အစိုးရမျိုးရအောင် သူတို့ ကြိုက်နှစ်သက်တဲ့ပါတီ၊ သူတို့ယုံကြည် စိတ်ချရမယ်ထင်တဲ့ အမတ်တွေကို မဲပေး ရွေးချယ်ကြတယ်။ ဒါပေမဲ့ သူတို့မြင်ချင် တဲ့အစိုးရမျိုး ရာနှုန်းပြည့် ဖြစ်ခွင့်မရှိ အောင် ကန့်သတ်ခြင်းခံထားရတာက တော့ ကျွန်တော်တို့ပြည်သူအားလုံးရဲ့ကံကြမ္မာပဲပေါ့။ တင်းပြည့်ကျပ်ပြည့် ပြည်သူ့အစိုးရ စစ်စစ်မဟုတ်ပေမဲ့ လုပ်ပိုင်ခွင့်ရှိတဲ့ ဘောင် ထဲက ပြည်သူကိုဗဟိုပြုပြီး ကြိုးစားလုပ် ဆောင်ပေးခဲ့ကြတာကိုတော့ ကျွန်တော် တို့ မျက်ဝါးထင်ထင်မြင်ခဲ့ကြရပြီးပြီ။ အချိန်တိုအတွင်းမှာ လုပ်ရတဲ့အလုပ်က ခပ်များများဆိုတော့ လစ်ကွက်ဟာကွက် တွေလည်းရှိခဲ့တာ တွေ့ရတယ်။ ဒီကြား ထဲ ရခိုင်ပဋိပက္ခလို၊ ကိုဗစ်ကပ်ဘေးလို ကိစ္စတွေကလည်း နိုင်ငံရဲ့အရပ်ရပ်သော တိုးတက်မှုနှုန်းတွေကို နှေးကွေးသွား စေပြန်တယ်။ ဒါပေမဲ့လည်း အရင်တုန်း ကနဲ့မတူ […]

လရောင်အောက်က အတွေးမှသည်

diz_admin

December 12, 2020

ဒီညက တန်ဆောင်မုန်းလပြည့်ညမို့ လရောင်က ထိန်ထိန်သာနေလိုက်တာ။ တန်ဆောင်မုန်းလပြည့်ညမှာ သာတဲ့လဟာ နှစ်တစ်နှစ်ရဲ့ အကြီးဆုံး အသာဆုံးလို့ ပြောစမှတ်ပြုကြတယ် မဟုတ်လား။ အခုလည်း ရွှန်းရွှန်းပပနဲ့ မြင်ရသူစိတ် နှလုံးကြည်လင်လာအောင် သာနိုင်စွမ်း လှပါတယ်။ ထိန်ထိန်သာနေတဲ့ လမင်းကြီးကို ဟိုတစ်ဆုပ်၊ ဒီတစ်ဆုပ် ပြန့်ကျဲနေတဲ့ ဖြူလွလွတိမ်တိုက်တွေက ဝန်းရံထားလေရဲ့။ ကောင်းကင်က သဘာဝပန်းချီကားကို အချိန်အတော်ကြာ သတိလက် လွတ်ငေးကြည့်နေမိပြီးမှ ဘေးပတ်ဝန်းကျင်ကို ပြန်သတိထားမိတော့တယ်။ အိမ်ဝန်းကျင်တစ်ဝိုက်မှာ ပေါက်နေတဲ့ သစ်ပင်၊ ပန်းပင်တွေပေါ်ကို ပက်ဖျန်းထားတဲ့ လရောင်လေးက ကြည်လင်ချမ်းမြမှု ကို ခံစားသက်ဝင်စေပြန်ပါတယ်။ သစ်ရွက်တွေပေါ်က တဖျတ်ဖျတ်နဲ့ လဲ့လဲ့လေးဖြစ်နေတဲ့ လရောင်ကို ငေးနေချိန်မှာပဲ ဆောင်းလေက ဖြန်းကနဲ တစ်ချက်ဝေ့လိုက်တော့ စိမ့်ကနဲ ဖြစ်သွားတယ်။ ဒီနေရာ၊ ဒီဝန်းကျင်မှာ သန့်ရှင်း လတ်ဆတ်တဲ့လေကို ရှူခွင့်ရနေတာတွေ၊ […]

လက်သန်း မင်တစ်စက်ရဲ့ မျှော်လင့်ချက်

diz_admin

November 22, 2020

အုတ်အော်သောင်းတင်း ဖြစ်ရတဲ့ ရွေးကောက်ပွဲကြီးလည်း ကျင်းပပြီးသွားခဲ့ပြီ။ ကျွန်မကိုယ်တိုင်လည်း ကိုယ့်ဒေသအတွက် အလုပ်အကျွေး ပြုနိုင်မယ်လို့ ယုံကြည်တဲ့ ကိုယ်စားလှယ်တွေကို မဲထည့် ခဲ့ပြီးပြီ။ မင်စွန်းနေတဲ့ လက်သန်းကို ငေးကြည့်ရင်း မဲပေးတဲ့နေ့ကို ပြန်လည် မြင်ယောင်နေမိတယ်။ တစ်ဦးနဲ့တစ်ဦး ခြောက်ပေအကွာ နေရာချထားတာမို့ တန်းစီစောင့်ဆိုင်းနေကြတဲ့ ရှည်မျောမျော လူအုပ်ကြီးတွေ။ သူတို့ရဲ့ မျက်လုံးထဲမှာ ထက်သန်တက် ကြွမှုနဲ့အတူ မျှော်လင့်ချက်ရောင်ခြည် တွေ ယှက်သန်းလို့။ သူတို့ဘာတွေကို မျှော်လင့်နေကြပါသလဲ။ ဒီရွေးကောက်ပွဲဟာ သူတို့ရဲ့ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး စတဲ့ အခြေခံလိုအပ်ချက် အဖုံဖုံကို ဖြည့်ဆည်း ပေးနိုင်မယ်ဆိုတဲ့ ယုံကြည်ချက်နဲ့များလား။ ဒါမှမဟုတ် ဒီမိုကရေစီ၊ ဖက်ဒရယ် ပြည်ထောင်စု၊ ခြေဥပြင်ဆင်ရေး၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့ စတဲ့ စတဲ့ တစ်သီ တစ်တန်းကြီးသော […]

ဥပဒေအထက်က ဝန်းရံသူများ

diz_admin

November 13, 2020

ညနေ ၆ နာရီကျော်ပြီမို့ ကျေးရွာ လျှပ်စစ်မီးက အိမ်ထဲမှာရော၊ လမ်းမှာပါ ထိန်လင်းနေပြီ။ အစိုးရလျှပ်စစ်မီး မရောက်တဲ့ မြန်မာနိုင်ငံရဲ့ အစွန်အဖျား ဇနပုဒ်မှာ နေထိုင်ရတဲ့ ဦးဖိုးတုတ်တို့လို တောသူတောင်သားတွေဟာ ကိုယ်ထူ ကိုယ်ထ ကျေးရွာလျှပ်စစ်မီးကျေးဇူးနဲ့ပဲ ညကာလကို လင်းလင်းထိန်ထိန် ဖြတ်သန်းကြရပါတယ်။ ဈေးကြီးတာတွေ၊ ဘာတွေ ထည့်မတွက်နိုင်ပါဘူး။ အစိုးရ မီးဆိုတာ ဘယ်ဆီဘယ်ဝယ်မှန်း မသိတာမို့ အစိုးရမီးကို မျှော်မှန်းတမ်းတတဲ့အထဲမှာ ဦးဖိုးတုတ်မပါဝင်ပါ။ ညဘက်မီးလာချိန်မှာ တီဗီလေးဘာလေး ကြည့်။ အဲ၊ နေ့ဘက်ကတော့ ရောင်ခြည် တစ်ထောင်အလင်းဆောင်တဲ့ သူရိယနေမင်း ရှိနေသရွေ့ လျှပ်စစ်မီးကို တမ်းတနေစရာ ဘာအကြောင်းမှ မရှိပါ။ ည ၇ နာရီလောက်ဆိုရင် ဦးဖိုးတုတ်တစ်ယောက် တီဗီရှေ့ရောက်နေပြီ။ ဦးဖိုးတုတ်အများဆုံးကြည့်တာက သတင်းတွေ။ တောသားဆိုပြီး အထင်တော့ မသေးလိုက်နဲ့။ […]

သစ်ပင်ကြီးကပေးသောအတွေးများ

diz_admin

November 8, 2020

ကျွန်တော်ဟာ သဘာဝပတ်ဝန်းကျင်သမား တစ်ယောက်မဟုတ်သော်လည်း သဘာဝပတ်ဝန်းကျင်ကို ချစ်မြတ် နိုးရကောင်းမှန်းသိသူများထဲတွင်တော့ တစ်ယောက်အပါအဝင်ဖြစ်ကြောင်း စာရင်းသွင်းလိုပါသည်။ သစ်ပင်တွေကို မစိုက်ဖြစ်သည့်တိုင် သစ်ပင်ချစ်သူများထဲတွင်တော့ တစ်ယောက်အပါအဝင်ဖြစ် သည်။ ကျေးလက်တွင် မွေးဖွားကြီးပြင်းခဲ့ သူပီပီ သစ်ပင်တွေသည် ကျွန်တော်တို့ အတွက် အရင်းနှီးဆုံးမိတ်ဆွေများ ဖြစ်ခဲ့သည်။ ရွာအရှေ့လမ်းက ကတ္တီပါပင်ကြီး ကတော့ ကျွန်တော်တို့ ကလေးတစ်သိုက်အတွက် မျောက်လွှဲကျော်တွေလို တက်လိုက်ဆင်းလိုက်နှင့် ကစားရာနေရာ တစ်ခု။ အပင်ပေါ်မတက်လျှင်လည်း သူ့အရိပ်အောက်က မြေပြင်ဟာ ကျွန်တော်တို့အတွက် ကစားရာနေရာကောင်းတစ်ခုပါ။ သစ်ပင်ပေါင်းစုံမှရသည့် အသီးပေါင်းစုံကို ကျွန်တော်တို့ ခူးဆွတ်စား သောက်ခဲ့ရသည်။ သစ်ပင်နှင့် ကျွန်တော်တို့ကို ခွဲခြားထားလို့မရလောက်အောင် ကို ရင်းနှီးကျွမ်းဝင်ခဲ့ရသည်။ ကျွန်တော်တို့ ကြီးပြင်းရာပတ်ဝန်းကျင်တိုင်းမှာ သစ်ပင်ကြီးတွေက အမှတ်တရအဖြစ် အမြဲရှိနေတတ်သည်။ ရွာဦးက တံတားထိပ်မှာပေါက်နေသည့် အုံ့ဆိုင်း ဆိုင်းအပင်ကြီးနားရောက်လျှင် အလိုလိုနေရင်း […]