ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

Fact Check

ထိုင်းသင်္ကြန်မှာ မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်စဉ်အပေါ် တော်လှန်ရေးတံဆိပ်ကပ်ဝါဒဖြန့်

Dawei Watch

April 21, 2025

ထိုင်းသင်္ကြန် ဆုန်ကရန်ပွဲတော်ကာလအတွင်း ဧပြီလ ၁၄ရက်က ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသမှာ မြန်မာနိုင်ငံသားအချင်းချင်း ဓားထိုးမှုဖြစ်ပြီး တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဥ်ရှိခဲ့ပါတယ်။ အဲဒီဖြစ်စဥ်အပေါ်မှာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက တော်လှန်ရေးလုပ်သူတွေအချင်းချင်း ဖြစ်သယောင် တံဆိပ်ကပ်ဝါဒဖြန့်တာကို ဧပြီလ ၁၅ ရက်မှာ စဖော်ပြခဲ့ပါတယ်။ Myanmar Factchecking အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အဲဒီဖော်ပြချက်ကို အချက်အလက်စိစစ်ကြည့်ရာမှာတော့ အချက်အလက်အမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။ Suscriber တစ်သိန်းခုနစ်သောင်းကျော်ရှိတဲ့ “မှိုင်းဝေ” အမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဖြန့်ချိထားတဲ့ ဖော်ပြချက်ကို ကြည့်ရှူပြီးသူ သုံးသောင်းခြောက်ထောင်ကျော်၊ Reaction ပြုလုပ်ထားသူ ခုနစ်ရာကျော်နဲ့ ဆက်လက်ပျံ့နှံ့ နေဆဲဖြစ်ပါတယ်။ ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။ မဟာချိုင်မှာ ရေကစားရင်း ရန်ဖြစ်ကာ မြန်မာအချင်းချင်း ဓားထိုးမှုဖြစ် ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသမှာ သင်္ကြန်ကာလ ရေကစားနေရင်း […]

ရုပ်သံဖိုင်အဟောင်းတွေကိုအသုံးပြုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုင်းပြည်သူတွေက ဆန္ဒပြနေတယ်ဆိုတဲ့ သတင်းအမှား

Dawei Watch

April 4, 2025

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိုင်းပြည်သူတွေက လမ်းမပေါ်နဲ့ မြို့မတော်ခန်းမရှေ့မှာ ဆန့်ကျင်ဆန္ဒပြ၊ မောင်းထုတ်နေတယ်ဆိုတဲ့ ရုပ်သံဖိုင်တွေ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဆက်တိုက်ပြန့်နှံ့နေပါတယ်။ အဲ့ဒီရုပ်သံဖိုင်ကို သူပုန်းမလေး နာမည်နဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုကနေ ဖြန့်ဝေခဲ့တာ တွေ့ရပြီး “သူများနိုင်ငံလာတော့ မောင်းထုတ်ခံရတဲ့ မင်းအောင်လှိုင်” လို့ (မူရင်း) ရေးသားဖော်ပြခဲ့ရာ လိုက်ခ် – ၂၂,၀၀၀ ကျော်နဲ့ ပြန်လည်မျှဝေသူ – ၁၅,၀၀၀ ဦးရှိခဲ့ပါတယ်။ ဒါ့အပြင် မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ အာဂျင်တီးနားတရားခံတော် ဆုံးဖြတ်ချက်ကို ထိုင်းအစိုးရ လိုက်နာမှုမရှိလို့ ထိုင်းပြည်သူတွေက ထိုင်းအစိုးရကိုဆန္ဒပြနေတယ်ဆိုတဲ့ ရုပ်သံဖိုင်တစ်ခုလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြန့်နှံ့နေပါတယ်။ သတင်းအမှားလင့်ခ် ၁ –သတင်းအမှားလင့်ခ် ၂ – လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ ပြန့်နှံ့လာတဲ့ ရုပ်သံဖိုင်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ […]

မြန်မာပြည်ကို မုန်တိုင်းလာနေတယ်ဆိုတာ တကယ်မှန်ရဲ့လား

Dawei Watch

April 2, 2025

ဧရာဝတီ၊ ရန်ကုန်၊ မန္တလေး၊ မွန်နဲ့ ကရင် စတဲ့ တိုင်းနဲ့ပြည်နယ်တွေကို မုန်တိုင်းလာနေပြီဆိုတဲ့ ဖော်ပြချက်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ “မုန်တိုင်းလာနေပြီဧရာဝတီကို အဓိကထားလာမည်ရန်ကုန်၊ မန္တလေး၊ မွန်၊ ကရင် အဖျားခပ်မည် တဲ့အားလုံးသတိထားကြပါ” လို့ ရေးသားဖော်ပြဖြန့်ချိနေတာပါ။ Follower ပြုလုပ်ထားသူ လေးသိန်းကျော်ရှိတဲ့ “သုတလစုံလင် ” နာမည်နဲ့ လူမှုကွန်ရက်စာမျက်နှာက ဖော်ပြထားတာဖြစ်ပြီး Reaction ပြုလုပ်ထားသူ နှစ်ထောင်ကျော်နဲ့ ပြန်လည်မျှဝေထားသူ ကိုးထောင်ကျော်ရှိပါတယ်။ ဒီလင့်မှာ ကြည့်နိုင်ပါတယ်။ အဲဒီဖော်ပြချက်ကို Myanmar Factchecking Network အဖွဲ့ဝင် Dawei Watch က အချက်အလက်ပြန်လည် စိစစ်ဖော်ပြလိုက်ပါတယ်။ ယှဥ်တွဲဖော်ပြထားတဲ့ ပုံကို စိစစ်ချက် အထက်ဖော်ပြပါ လူမှုကွန်ရက်စာမျက်နှာ မုန်တိုင်းလာနေပြီဆိုတဲ့ ဖော်ပြချက်နဲ့ ယှဥ်တွဲဖော်ပြထားတဲ့ ဓာတ်ပုံကို စိစစ်ကြည့်ရာ […]

ခိုင်နှင်းဝေ အယောင်ဆောင်ပြီး ငလျင်ဘေးအလှူခံတာ သတိပြုဖို့လိုပါတယ်

Dawei Watch

March 30, 2025

မြေငလျင် ဘေးဒဏ်သင့်ဒေသတွေကို ကူညီဖို့ ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေက ၎င်းကိုယ်တိုင် ကျပ်သိန်းတစ်ထောင် မတည်ထားပြီး ပြည်သူများလည်း ပါဝင်လှူဒါန်းနိုင်ရန် ဆိုပြီး အင်တာနက်လူမှုကွန်ရက်မှာ သူ့ရဲ့လှုမှုကွန်ယက် စာမျက်နှာကနေ အလှူခံနေတာတွေ့ရပါတယ်။ “ခိုင်နှင်းဝေ မိဘမဲ့ကလေးများ ဂေဟာ” အမည်နဲ့ ဖွင့်လှစ်ထားတဲ့ Facebook စာမျက်နှာတစ်ခုကနေ အလှူခံနေတာကို တွေ့ရပါတယ် ။ အဲဒီစာမျက်နှာကို Follower ပြုလုပ်ထားသူ ခြောက်ထောင်ကျော်ရှိ ပါတယ်။ အလှူခံ post အောက်မှာ ဖုန်းနံပါတ်တွေ ဖော်ပြပြီး viber နဲ့ ခေါ်ပြီးဖြစ်ဖြစ်၊ လူမှုကွန်ရက်စာမျက်နှာကနေ ဖြစ်ဖြစ် ဆက်သွယ်လှူဒါန်းနိုင်တယ်ဆိုပြီး လိမ်လည် အလှူခံနေတာကို တွေ့ရပါတယ်။ အဲဒီစာမျက်နှာ ကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက်စိစစ်တဲ့အခါ သရုပ်ဆောင် […]

ဆိုင်ကယ်အရောင်းပြခန်း အယောင်ဆောင်ပြီး အွန်လိုင်းကနေငွေလိမ်

Dawei Watch

March 22, 2025

ဆိုင်ကယ်အရောင်းပြခန်းအယောင်ဆောင်ပြီး အွန်လိုင်းကနေ ငွေကြေးလိမ်လည်တာတွေ ထားဝယ်ခရိုင်နဲ့ မွန်ပြည်နယ် ရေးမြို့နယ်ထဲက ကျေးရွာတွေကို ဦးတည်ပစ်မှတ်ထား လုပ်ဆောင်နေပါတယ်။ အဲဒီလို အယောင်ဆောင်လိမ်လည်မှုတွေကြောင့် ငွေကြေးအလိမ်ခံရသူတွေရှိနေတယ်လို့ ဆိုင်ကယ်အရောင်းပြခန်း ပိုင်ရှင်တွေနဲ့ ဆိုင်ကယ်အရောင်းအဝယ်ပြုလုပ်နေသူတွေဆီကနေ သိရပါတယ်။ လိမ်လည်မှုတွေကို သတိထားဆင်ခြင်နိုင်စေဖို့အတွက် ဆိုင်ကယ်အရောင်းပြခန်းအယောင်ဆောင်လိမ်လည်တဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုအကြောင်း Dawei Watch က အချက်အလက်စိစစ် ထားပါတယ်။ ဘယ်လိုအယောင်ဆောင်ထားလဲ “Min Min ဆိုင်ကယ်ရောင်းဝယ်ရေး” ဆိုတဲ့အမည်နဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုဟာ တည်နေရာနဲ့ အချက်အလက်တွေ ပြောင်းလဲ လိမ်လည်နေတာတွေ့ရပါတယ်။ အဲဒီစာမျက်နှာဟာ ၂၀၂၃ ခုနှစ် သြဂုတ်လကုန်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ရေးမြို့နယ်ကို အဓိကဦးတည်ထားခဲ့ပြီး နောက်ပိုင်းမှာတော့ ထားဝယ်ခရိုင်ထဲက ကျေးရွာတွေကို ဦးတည်ပစ်မှတ်ထားလာပါတယ်။ follower ပြုလုပ်ထားသူ လေးထောင်ခြောက်ရာကျော်ရှိတဲ့ Min Min လူမှုကွန်ရက်စာမျက်နှာကို ဒီလင့်(ခ်)မှာ ကြည့်နိုင်ပါတယ်။ “မင်းမင်း […]

အပူလှိုင်းဖြတ်မယ်ဆိုတာ ကောလာဟလပဲ ဖြစ်တယ်

Dawei Watch

March 7, 2025

မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံအားလုံး အပူလှိုင်းဖြတ်မယ်လို့ ဖော်ပြချက်တစ်ခုကို မတ်လဆန်းပိုင်းမှာ အင်တာနက် လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ “အပူလှိုင်းဖြတ်မယ်လို့ သတိပေးထားတာ စပါပြီ။ Southeast Asia နိုင်ငံအကုန် ပါပါတယ်။ မနက်ဖြန်၊ သဘက်ခါ၊ နောက်ရက် သုံးရက်ကတော့ အပူဆုံးဖြစ်မယ်တဲ့။ အပူချိန် 35C – 37C ကြားကို သုံးရက်ဆက်တိုက်ရပ်နေရင် Level -1၊ 37C ကနေ upper 40C ထိ တိုးလာရင် Level 2 danger ပါ” လို့မတ်လ ၄ရက်မှာ ဖြန့်ချိကြတာပါ။ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဖော်ပြချက်တွေထဲက Reaction ပြုလုပ်ထားသူ ငါးရာနီးပါး၊ ထပ်ဆင့်မျှဝေသူ တစ်ထောင်ကျော်ရှိတဲ့ ဖော်ပြချက်တစ်ခုကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်။ အလားတူ စာသားအတိုင်း […]

တနင်္သာရီမြစ်ဟာ ဧရာဝတီမြစ် နံပါတ် ၂ မဟုတ်

Dawei Watch

February 28, 2025

တနင်္သာရီတိုင်းအတွင်း ထားဝယ်ခရိုင်နဲ့ မြိတ်ခရိုင်ကို ဖြတ်သန်းစီးဆင်းနေတဲ့ တနင်္သာရီမြစ်ကို ဧရာဝတီမြစ် နံပါတ် ၂ (Ayeyarwady River 2) ဖြစ်တယ်လို့ Follower တစ်သန်းကျော်ရှိတဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုက ဖေဖော်ဝါရီလ တတိယပတ်အတွင်း ဖော်ပြချက်သုံးခုနဲ့ ဖော်ပြခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဧရာဝတီမြစ်နှစ်စင်းရှိတယ်လို့ဖော်ပြပြီး အဲဒီနှစ်စင်းမှာ ကချင်ပြည်နယ်က စတင်စီးဆင်းပြီး ဧရာဝတီတိုင်းမှာ မြစ်ခွဲများစွာနဲ့ ပင်လယ်အတွင်းစီးဝင်တဲ့ မြစ်တစ်စင်း၊ တနင်္သာရီတိုင်း မေတ္တာမြို့အနီးကစတင်ပြီး ပင်လယ်ထဲ စီးဆင်းသွားတဲ့ မြစ်တစ်စင်းတို့ ဖြစ်ကြတယ်လို့ ဖော်ပြတာပါ။ မေတ္တာမြို့အနီးမှာ ဧရာဝတီမြစ်လို့ ခေါ်ဆိုပြီး မြိတ်မြို့နယ်သို့ ရောက်ရှိလာမှ တနင်္သာရီမြစ်လို့ ခေါ်ဆိုတယ်လို့လည်း ရေးသားထားပါသေးတယ်။ ဒီရေးသားဖြန့်ချိမှု တွေကို Reaction နှစ်သောင်းကျော် အထိရှိပြီး ပျံ့နှံ့မှု အားကောင်းခဲ့ တာကြောင့် အချက်အလက်စိစစ်ဖော်ပြဖို့လိုအပ်တယ်လို့ Myanmar Factchecking Network […]

လောင်းလုံးမှာ စစ်ကောင်စီလက်နက်ကြီးကြောင့် PDF ခုနစ်ဦးသေဆုံးတယ်ဆိုတဲ့သတင်းအမှား

Dawei Watch

February 24, 2025

လောင်းလုံးမြို့နယ်၊ စခန်းကြီးရွာဘက်ကို စစ်ကောင်စီတပ်က တိုက်ပွဲမဖြစ်ဘဲ ဖေဖော်ဝါရီလ ၁၈ ရက်ညပိုင်းက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် စခန်းကြီးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံးတယ်လို့ “အမဲလိုက်မုဆိုးကြီးသတင်းအမှန်” ဆိုတဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်က ဖေဖော်ဝါရီလ ၁၉ ရက်မှာ ရေးသားဖြန့်ချိခဲ့ပါတယ်။ အဲဒီဖော်ပြချက်ကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ သတင်းအမှားဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။ Subscriber ပြုလုပ်ထားသူ နှစ်သောင်းခွဲကျော်ရှိတဲ့ အဲဒီချန်နယ်ရဲ့ ဖော်ပြချက်ကို မြင်တွေ့ပြီးသူ ငါးထောင်ကျော်၊ Reaction ပြုလုပ်ထားသူ ၁၁၃ ဦးနဲ့ ဆက်လက်ပျံ့နှံ့နေပါတယ်။ ဒီလင့်မှာ ကြည့်နိုင်ပါတယ်။ လက်နက်ကြီးနဲ့ ခုနစ်ချက်ပစ်ခတ် စခန်းကြီးကျေးရွာအုပ်စုမှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ […]