အပူလှိုင်းဖြတ်မယ်ဆိုတာ ကောလာဟလပဲ ဖြစ်တယ်
Dawei Watch
March 7, 2025မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်အာရှနိုင်ငံအားလုံး အပူလှိုင်းဖြတ်မယ်လို့ ဖော်ပြချက်တစ်ခုကို မတ်လဆန်းပိုင်းမှာ အင်တာနက် လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ “အပူလှိုင်းဖြတ်မယ်လို့ သတိပေးထားတာ စပါပြီ။ Southeast Asia နိုင်ငံအကုန် ပါပါတယ်။ မနက်ဖြန်၊ သဘက်ခါ၊ နောက်ရက် သုံးရက်ကတော့ အပူဆုံးဖြစ်မယ်တဲ့။ အပူချိန် 35C – 37C ကြားကို သုံးရက်ဆက်တိုက်ရပ်နေရင် Level -1၊ 37C ကနေ upper 40C ထိ တိုးလာရင် Level 2 danger ပါ” လို့မတ်လ ၄ရက်မှာ ဖြန့်ချိကြတာပါ။ လူမှုကွန်ရက်မှာ ပျံ့နှံ့နေတဲ့ ဖော်ပြချက်တွေထဲက Reaction ပြုလုပ်ထားသူ ငါးရာနီးပါး၊ ထပ်ဆင့်မျှဝေသူ တစ်ထောင်ကျော်ရှိတဲ့ ဖော်ပြချက်တစ်ခုကို ဒီလင့်မှာ ကြည့်နိုင်ပါတယ်။ အလားတူ စာသားအတိုင်း […]


