ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

Fact Check

လောင်းလုံးမှာ စစ်ကောင်စီပစ်ခတ်မှုကြောင့် ရွာသားသေဆုံးထိခိုက်မှုအပေါ် PDF သေတယ်ဆိုပြီး သတင်းအမှားဖြန့်

Dawei Watch

May 23, 2025

လောင်းလုံးမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ အင်းဝန်းရွာကို မေလ ၁၆ရက်မှာ စစ်ကောင်စီတပ်က ဒရုန်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကားတစ်စီးမီးလောင်ခဲ့သလို အမျိုးသားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရတဲ့ဖြစ်စဥ် ဖြစ်ခဲ့ပါတယ်။ အဲဒီဖြစ်စဥ်ကိုအခြေခံပြီး စစ်ကောင်စီဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေဖြစ်တဲ့ “အမဲလိုက်မုဆိုးကြီး သတင်းမှန်” ၊ “နေပြည်တော်” ၊ “Truth Media” တို့က ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ရာမှာ ကားတစ်စီးမီးလောင်ပြီး PDF ခေါင်းဆောင်တစ်ဦး အပါအဝင် လေးဦးသေဆုံးပြီး ဆယ်ဦး ဒဏ်ရာရတယ်လို့ မေလ ၂၀ရက်ကစပြီး ဖြန့်ချိနေပါတယ်။ အဲဒီဖော်ပြချက်နဲ့ ပတ်သက်လို့ Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ ရွာသားတွေ ထိခိုက်သေဆုံးမှုကို PDF တွေ ထိခိုက်တာဆိုပြီး ပုံဖော်သတင်းအမှား ဖြန့်ချိတာအဖြစ် စိစစ်တွေ့ရှိရပါတယ်။ Subscriber […]

မြိတ်-ထားဝယ်လမ်းတွင် စစ်ရေးတင်းမာနေချိန် ဝင်းဝတံတားကို KNU၊ PDF ဗုံးခွဲဟု သတင်းအမှားဖြန့်

Dawei Watch

May 14, 2025

ယခုနှစ် ဧပြီလအတွင်း မြိတ်-ထားဝယ်ကားလမ်းမပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတွေကြား စစ်ရေး တင်းမာနေပြီး လမ်းပိတ်နေချိန် အဲဒီလမ်းပိုင်းပေါ်မှာရှိတဲ့ ဝင်းဝတံတားကို KNU နဲ့ PDF တပ်ဖွဲ့တွေက ဗုံးခွဲဖျက်ဆီးခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ဖော်ပြကြပါတယ်။ Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အထက်ပါအကြောင်းအရာကို အချက်အလက် စစ်ဆေးကြည့်ရာမှာတော့သတင်းအမှားဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။ Suscriber ပြုလုပ်ထားသူ နှစ်သောင်းခြောက်ထောင်ကျော်ရှိတဲ့ အမဲလိုက်မုဆိုးကြီး သတင်းမှန် ဆိုတဲ့ တယ်လီဂရမ်ချန်နယ်က အဲဒီဖော်ပြချက်ကို ဧပြီလ ၂၀ ရက်မှာ စတင်ဖော်ပြခဲ့ပါတယ်။ အဲဒီဖော်ပြချက်ဟာ ယနေ့ မေလ ၁၄ ရက်အထိ မြင်တွေ့ထားသူ ခြောက်ထောင်ကျော်နဲ့ Reaction ပြုလုပ်ထားသူ ၉၀ ရှိပြီး ဆက်လက်ပျံ့နှံ့နေဆဲဖြစ်ပါတယ်။ အဲဒီဖော်ပြချက်ကို ဒီလင့်ခ်မှာ […]

လက်နက်ထောက်ပို့လုပ်၍ AAC ရုံးကို ထိုင်းအစိုးရက အပြီးပိတ်သိမ်းဟု သတင်းအမှားဖြန့်

Dawei Watch

April 26, 2025

မြန်မာရွှေ့ပြောင်းအလုပ်သမားများစွာကို ခိုလှုံခွင့်ပေး၍ ကူညီနေသည့် ထိုင်းနိုင်ငံ မဟာချိုင်ရှိ လက်တွဲကူညီ AAC ရုံးခန်းသည် အလုပ်သမားအရေးဗန်းပြပြီး KNU/ KNDF နှင့် NUG-PDF တို့ကို လက်နက်ထောက်ပို့ လုပ်နေခြင်းကြောင့် ထိုင်းအစိုးရက ဖြိုဖျက်၍ အပြီးပိတ်သိမ်းရန် အမိန့်ထုတ်လိုက်ကြောင်း သတင်းအမှား ဖြန့်ချိနေပါသည်။ အဆိုပါ သတင်းအမှားကို MT News – Myanmar Transparency အမည်ဖြင့် တယ်လီဂရမ်ချန်နယ်မှ ဧပြီလ ၂၃ ရက်နေ့တွင် ဖြန့်ချိခဲ့ပြီး “အလုပ်သမားအရေးဗန်းပြပြီး KNU/ KNDF နှင့် NUG-PDF ကို လက်နက်ထောက်ပို့ လုပ်နေသည့် AAC ရုံးခန်း အသွင်ပြောင်း AAC ဂေဟာကို ဖြိုဖျက်၍ လုံးဝအပြီးပိတ်ရန် အမိန့်ထုတ်ခံရ” ဟု (မူရင်းအတိုင်း) ရေးသားဖော်ပြခဲ့သည်။ ထိုသတင်းအမှားကို […]

ထိုင်းသင်္ကြန်မှာ မြန်မာအချင်းချင်း ဓားထိုးမှုဖြစ်စဉ်အပေါ် တော်လှန်ရေးတံဆိပ်ကပ်ဝါဒဖြန့်

Dawei Watch

April 21, 2025

ထိုင်းသင်္ကြန် ဆုန်ကရန်ပွဲတော်ကာလအတွင်း ဧပြီလ ၁၄ရက်က ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသမှာ မြန်မာနိုင်ငံသားအချင်းချင်း ဓားထိုးမှုဖြစ်ပြီး တစ်ဦးသေဆုံးခဲ့တဲ့ဖြစ်စဥ်ရှိခဲ့ပါတယ်။ အဲဒီဖြစ်စဥ်အပေါ်မှာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက တော်လှန်ရေးလုပ်သူတွေအချင်းချင်း ဖြစ်သယောင် တံဆိပ်ကပ်ဝါဒဖြန့်တာကို ဧပြီလ ၁၅ ရက်မှာ စဖော်ပြခဲ့ပါတယ်။ Myanmar Factchecking အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အဲဒီဖော်ပြချက်ကို အချက်အလက်စိစစ်ကြည့်ရာမှာတော့ အချက်အလက်အမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရပါတယ်။ Suscriber တစ်သိန်းခုနစ်သောင်းကျော်ရှိတဲ့ “မှိုင်းဝေ” အမည်နဲ့ တယ်လီဂရမ်ချန်နယ်က ဖြန့်ချိထားတဲ့ ဖော်ပြချက်ကို ကြည့်ရှူပြီးသူ သုံးသောင်းခြောက်ထောင်ကျော်၊ Reaction ပြုလုပ်ထားသူ ခုနစ်ရာကျော်နဲ့ ဆက်လက်ပျံ့နှံ့ နေဆဲဖြစ်ပါတယ်။ ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။ မဟာချိုင်မှာ ရေကစားရင်း ရန်ဖြစ်ကာ မြန်မာအချင်းချင်း ဓားထိုးမှုဖြစ် ထိုင်းနိုင်ငံ၊ စမွတ်စခွန်ခရိုင်၊ မဟာချိုင်ဒေသမှာ သင်္ကြန်ကာလ ရေကစားနေရင်း […]

ရုပ်သံဖိုင်အဟောင်းတွေကိုအသုံးပြုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထိုင်းပြည်သူတွေက ဆန္ဒပြနေတယ်ဆိုတဲ့ သတင်းအမှား

Dawei Watch

April 4, 2025

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ထိုင်းပြည်သူတွေက လမ်းမပေါ်နဲ့ မြို့မတော်ခန်းမရှေ့မှာ ဆန့်ကျင်ဆန္ဒပြ၊ မောင်းထုတ်နေတယ်ဆိုတဲ့ ရုပ်သံဖိုင်တွေ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ ဆက်တိုက်ပြန့်နှံ့နေပါတယ်။ အဲ့ဒီရုပ်သံဖိုင်ကို သူပုန်းမလေး နာမည်နဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုကနေ ဖြန့်ဝေခဲ့တာ တွေ့ရပြီး “သူများနိုင်ငံလာတော့ မောင်းထုတ်ခံရတဲ့ မင်းအောင်လှိုင်” လို့ (မူရင်း) ရေးသားဖော်ပြခဲ့ရာ လိုက်ခ် – ၂၂,၀၀၀ ကျော်နဲ့ ပြန်လည်မျှဝေသူ – ၁၅,၀၀၀ ဦးရှိခဲ့ပါတယ်။ ဒါ့အပြင် မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ အာဂျင်တီးနားတရားခံတော် ဆုံးဖြတ်ချက်ကို ထိုင်းအစိုးရ လိုက်နာမှုမရှိလို့ ထိုင်းပြည်သူတွေက ထိုင်းအစိုးရကိုဆန္ဒပြနေတယ်ဆိုတဲ့ ရုပ်သံဖိုင်တစ်ခုလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပြန့်နှံ့နေပါတယ်။ သတင်းအမှားလင့်ခ် ၁ –သတင်းအမှားလင့်ခ် ၂ – လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ ပြန့်နှံ့လာတဲ့ ရုပ်သံဖိုင်ကို MFCN အဖွဲ့ဝင်ဖြစ်တဲ့ […]

မြန်မာပြည်ကို မုန်တိုင်းလာနေတယ်ဆိုတာ တကယ်မှန်ရဲ့လား

Dawei Watch

April 2, 2025

ဧရာဝတီ၊ ရန်ကုန်၊ မန္တလေး၊ မွန်နဲ့ ကရင် စတဲ့ တိုင်းနဲ့ပြည်နယ်တွေကို မုန်တိုင်းလာနေပြီဆိုတဲ့ ဖော်ပြချက်တစ်ခု လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ “မုန်တိုင်းလာနေပြီဧရာဝတီကို အဓိကထားလာမည်ရန်ကုန်၊ မန္တလေး၊ မွန်၊ ကရင် အဖျားခပ်မည် တဲ့အားလုံးသတိထားကြပါ” လို့ ရေးသားဖော်ပြဖြန့်ချိနေတာပါ။ Follower ပြုလုပ်ထားသူ လေးသိန်းကျော်ရှိတဲ့ “သုတလစုံလင် ” နာမည်နဲ့ လူမှုကွန်ရက်စာမျက်နှာက ဖော်ပြထားတာဖြစ်ပြီး Reaction ပြုလုပ်ထားသူ နှစ်ထောင်ကျော်နဲ့ ပြန်လည်မျှဝေထားသူ ကိုးထောင်ကျော်ရှိပါတယ်။ ဒီလင့်မှာ ကြည့်နိုင်ပါတယ်။ အဲဒီဖော်ပြချက်ကို Myanmar Factchecking Network အဖွဲ့ဝင် Dawei Watch က အချက်အလက်ပြန်လည် စိစစ်ဖော်ပြလိုက်ပါတယ်။ ယှဥ်တွဲဖော်ပြထားတဲ့ ပုံကို စိစစ်ချက် အထက်ဖော်ပြပါ လူမှုကွန်ရက်စာမျက်နှာ မုန်တိုင်းလာနေပြီဆိုတဲ့ ဖော်ပြချက်နဲ့ ယှဥ်တွဲဖော်ပြထားတဲ့ ဓာတ်ပုံကို စိစစ်ကြည့်ရာ […]

ခိုင်နှင်းဝေ အယောင်ဆောင်ပြီး ငလျင်ဘေးအလှူခံတာ သတိပြုဖို့လိုပါတယ်

Dawei Watch

March 30, 2025

မြေငလျင် ဘေးဒဏ်သင့်ဒေသတွေကို ကူညီဖို့ ရုပ်ရှင်သရုပ်ဆောင် ခိုင်နှင်းဝေက ၎င်းကိုယ်တိုင် ကျပ်သိန်းတစ်ထောင် မတည်ထားပြီး ပြည်သူများလည်း ပါဝင်လှူဒါန်းနိုင်ရန် ဆိုပြီး အင်တာနက်လူမှုကွန်ရက်မှာ သူ့ရဲ့လှုမှုကွန်ယက် စာမျက်နှာကနေ အလှူခံနေတာတွေ့ရပါတယ်။ “ခိုင်နှင်းဝေ မိဘမဲ့ကလေးများ ဂေဟာ” အမည်နဲ့ ဖွင့်လှစ်ထားတဲ့ Facebook စာမျက်နှာတစ်ခုကနေ အလှူခံနေတာကို တွေ့ရပါတယ် ။ အဲဒီစာမျက်နှာကို Follower ပြုလုပ်ထားသူ ခြောက်ထောင်ကျော်ရှိ ပါတယ်။ အလှူခံ post အောက်မှာ ဖုန်းနံပါတ်တွေ ဖော်ပြပြီး viber နဲ့ ခေါ်ပြီးဖြစ်ဖြစ်၊ လူမှုကွန်ရက်စာမျက်နှာကနေ ဖြစ်ဖြစ် ဆက်သွယ်လှူဒါန်းနိုင်တယ်ဆိုပြီး လိမ်လည် အလှူခံနေတာကို တွေ့ရပါတယ်။ အဲဒီစာမျက်နှာ ကို Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက်စိစစ်တဲ့အခါ သရုပ်ဆောင် […]

ဆိုင်ကယ်အရောင်းပြခန်း အယောင်ဆောင်ပြီး အွန်လိုင်းကနေငွေလိမ်

Dawei Watch

March 22, 2025

ဆိုင်ကယ်အရောင်းပြခန်းအယောင်ဆောင်ပြီး အွန်လိုင်းကနေ ငွေကြေးလိမ်လည်တာတွေ ထားဝယ်ခရိုင်နဲ့ မွန်ပြည်နယ် ရေးမြို့နယ်ထဲက ကျေးရွာတွေကို ဦးတည်ပစ်မှတ်ထား လုပ်ဆောင်နေပါတယ်။ အဲဒီလို အယောင်ဆောင်လိမ်လည်မှုတွေကြောင့် ငွေကြေးအလိမ်ခံရသူတွေရှိနေတယ်လို့ ဆိုင်ကယ်အရောင်းပြခန်း ပိုင်ရှင်တွေနဲ့ ဆိုင်ကယ်အရောင်းအဝယ်ပြုလုပ်နေသူတွေဆီကနေ သိရပါတယ်။ လိမ်လည်မှုတွေကို သတိထားဆင်ခြင်နိုင်စေဖို့အတွက် ဆိုင်ကယ်အရောင်းပြခန်းအယောင်ဆောင်လိမ်လည်တဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုအကြောင်း Dawei Watch က အချက်အလက်စိစစ် ထားပါတယ်။ ဘယ်လိုအယောင်ဆောင်ထားလဲ “Min Min ဆိုင်ကယ်ရောင်းဝယ်ရေး” ဆိုတဲ့အမည်နဲ့ လူမှုကွန်ရက်စာမျက်နှာတစ်ခုဟာ တည်နေရာနဲ့ အချက်အလက်တွေ ပြောင်းလဲ လိမ်လည်နေတာတွေ့ရပါတယ်။ အဲဒီစာမျက်နှာဟာ ၂၀၂၃ ခုနှစ် သြဂုတ်လကုန်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ရေးမြို့နယ်ကို အဓိကဦးတည်ထားခဲ့ပြီး နောက်ပိုင်းမှာတော့ ထားဝယ်ခရိုင်ထဲက ကျေးရွာတွေကို ဦးတည်ပစ်မှတ်ထားလာပါတယ်။ follower ပြုလုပ်ထားသူ လေးထောင်ခြောက်ရာကျော်ရှိတဲ့ Min Min လူမှုကွန်ရက်စာမျက်နှာကို ဒီလင့်(ခ်)မှာ ကြည့်နိုင်ပါတယ်။ “မင်းမင်း […]