ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

Fact Check

ဝင်္ကန္တ မုသား

Dawei Watch

September 1, 2025

မြန်မာ စစ်အာဏာရှင်၏ ဝါဒဖြန့်ဖဲချပ်များ အပျိုးစကား ဤစာစုငယ်သည် မြန်မာလူထုကို သွန်သင်ခြင်း အလို့ငှာ ရည်ရွယ်ရင်းမဟုတ်ပါ။ ရှင်ကြီးဝမ်း၊ ရှင်ငယ်ဝမ်း အသီးသီး ဝင်ခဲ့ပြီးဖြစ်သော မြန်မာလူထုတွင် အာဏာရှင်တို့၏ လုပ်နည်းလုပ်ဟန်တို့နှင့် ပတ်သက်၍ အရပ်သိ အမှတ်သညာ ကောင်းကောင်းရှိပါသည်။ ယင်းအရပ်သိ အမှတ်သညာများကို အခြားတိုင်းပြည်များတွင် ဖြစ်ပျက်ခဲ့သည့် သင်ခန်းစာများနှင့် ပေါင်းစပ် တိုက်ဆိုင်ပေးရန် ရည်ရွယ်ရင်းဖြစ်ပါသည်။ တစ်နည်းဆိုရသော် ကမ္ဘာ့သမိုင်းစဉ် တစ်လျှောက် ကြုံခဲ့၊ ဆုံခဲ့၊ ရုန်းခဲ့ တွန်းခဲ့ရသော အတွေ့အကြုံများနှင့် တေ့ဆိုင်ပေးနိုင်ရန် အဓိက မျှော်မှန်းပါသည်။ အာဏာရှင်တို့မှာ သမိုင်းအစဉ်အဆက် လူထုကို လှည့်ဖျား ဦးနှောက်ဆေးရန် နည်းအမျိုးမျိုးသုံးခဲ့သည်။ ရေဒီယို၊ ရုပ်မြင်သံကြား၊ တံဆိပ်ခေါင်း၊ အမှတ်သင်္ကေတ၊ ကျောင်းသင်ရိုး စသည့် ပလက်ဖောင်း အမျိုးမျိုးသုံး၍ အုပ်ချုပ်ခံလူတန်းစားတို့ ၎င်းတို့ […]

ထိုင်းမှာ အထောက်အထားလုပ်ချိန် မြန်မာငါးရာကျော် HIV ပိုးတွေ့တယ်ဆိုတဲ့ သတင်းအမှား

Dawei Watch

August 14, 2025

ထိုင်းနိုင်ငံမှာ ပတ်စ်ပို့၊ ပန်းရောင်ကတ် (ဘတ်) ၊ စီအိုင်စာအုပ် (Certificate of Identity) စတဲ့ အထောက်အထားတွေ ပြုလုပ်ဖို့ ဆေးစစ်တဲ့အချိန် မြန်မာနိုင်ငံသား ငါးရာကျော် HIV (ခုခံအားကျဆင်းမှု ကူးစက်ရောဂါဖြစ်စေတဲ့ ဗိုင်းရပ်) ရောဂါပိုး စစ်ဆေးတွေ့ရှိတယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကစလို့ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ အဲဒီလို ပျံ့နှံ့နေတဲ့ ဖော်ပြချက်တွေနဲ့ ပတ်သက်ပြီး Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ သတင်းအမှားဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။ မြန်မာအလုပ်သမား ငါးရာကျော် HIV ပိုးတွေ့တယ်ဆိုတဲ့ အကြောင်းအရာကို လူမှုကွန်ရက်မှာ ဖြန့်ချိကြရာမှာတော့ အကြောင်းအရာ သုံးခုကွဲနေတာ တွေ့ရပါတယ်။ ပတ်စ်ပို့လုပ်ဖို့ ဆေးစစ်ရာကနေ တွေ့တယ်၊ ပန်းရောင်ကတ်လုပ်ဖို့ ဆေးစစ်ရာကနေ […]

ပုလောမှာ ဒရုန်းဗုံးနဲ့ လက်နက်ကြီးကြောင့်သေဆုံးသူတွေကို တော်လှန်ရေးအင်အားစုတွေလို့ ပုံဖော်ဝါဒဖြန့်

Dawei Watch

July 31, 2025

ပုလောမြို့နယ်၊ ဇရပ်ဆိပ်ကျေးရွာကို ဇူလိုင်လ ၂၅ ရက်ညမှာ စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးချ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် ရွာခံ အိမ်ရှင်တစ်ဦးနဲ့ ခရီးသွားပြည်သူ ကိုးဦးသေဆုံးပြီး ငါးဦးဒဏ်ရာရခဲ့ပါတယ် ။်။ အဲဒီဖြစ်စဥ်မှာ သေဆုံးသူတွေဟာ အရပ်သားတွေ မဟုတ်ဘဲ KNU (ကရင်အမျိုးသားအစည်းအရုံး) ၊ KTLA (ကော်သူးလေတပ်) နဲ့ PDF တွေဖြစ်တယ်လို့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေက ရေးသားဖြန့်ချိနေကြပါတယ်။ Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က အချက်အလက် စိစစ်ကြည့်ရာမှာတော့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေရဲ့ အထက်ပါဖြန့်ချိမှုဟာ အရပ်သားသေဆုံးတာကို ဖုံးကွယ်ဖို့ ကြိုးပမ်းနေတာ အဖြစ် စိစစ်တွေ့ရပါတယ်။ Suscriber ပြုလုပ်ထားသူ သုံးသိန်းခွဲကျော်ရှိတဲ့ နေပြည်တော် အမည်နဲ့ဖွင့်လှစ်ထားတဲ့ တယ်လီဂရမ်ချန်နယ်က ဇူလိုင်လ ၂၅ […]

တနင်္သာရီတိုင်းက တော်လှန်ရေးသမားတွေကို ငွေလိမ်သူတွေ ပစ်မှတ်ထားနေတယ်

Dawei Watch

July 29, 2025

အခုတလော တနင်္သာရီတိုင်းက တော်လှန်ရေးသမားတွေရဲ့ Facebook အကောင့် ခိုးယူခံရတဲ့ဖြစ်စဉ်တွေ တော်တော် တွေ့လာရပါတယ်။ ခိုးယူထားတဲ့ Facebook အကောင့်ကို အသုံးချကာ တော်လှန်ရေးအတွက်လို့ အကြောင်းအမျိုးမျိုးပြပြီး ငွေကြေး အလှူခံတာ၊ ငွေချေးတာ စတဲ့ ငွေလိမ်တာတွေ လုပ်ဆောင်နေတာ တွေ့ရပါတယ်။ ပြည်သူတွေကတော့ အကောင့်အခိုးအခံထားရတာကိုမသိဘဲ ငွေကြေးတွေ ထည့်ဝင်လိုက်ကြပေမယ့် တကယ်တမ်းမှာတော့ အဲဒီငွေကြေးတွေဟာ တော်လှန်ရေးထဲ ရောက်သွားတာမျိုးမဟုတ်ဘဲ လိမ်လည်တဲ့သူ လက်ထဲ ရောက်ရှိသွားတာပါ။ ငွေလိမ်သူတွေဟာ Facebook အကောင့်တစ်ခုကို ခိုးယူလို့ အောင်မြင်သွားပြီဆိုတာနဲ့ အဲဒီအကောင့်နဲ့ ဆက်စပ်နေတဲ့ အကောင့်တွေပါ အခိုးခံရလေ့ရှိပါတယ်။ ပြီးရင် အကောင့်ထဲမှာ ရှိနေတဲ့သူတွေကို လိုက်လံဆက်သွယ်ပြီး ငွေကြေး စတင် တောင်းခံပါတော့တယ်။ တနင်္သာရီတိုင်းက တော်လှန်ရေးသမားတွေ လိမ်လည်ခံရ လက်တွဲစုံညီ တနင်္သာရီ စုပေါင်းမဟာမိတ်ထောက်ပို့အဖွဲ့ဟာ ထိုင်းနိုင်ငံအခြေအစိုက် […]

လောင်းလုံးမှာ အဘွားတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင် အဓမ္မပြုကျင့်မှု ဖုံးကွယ်ဖို့ကြိုးပမ်း

Dawei Watch

June 30, 2025

ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က တပ်ဖွဲ့ဝင်တစ်ဦးဟာ အဘွားတစ်ဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်လို့ ကျူးလွန်ခံရသူ ကာယကံရှင်နဲ့ နှင်းဆီးရောင်အမျိုးသမီးသမဂ္ဂတို့က ထုတ်ဖော်ပြောဆိုထားပါတယ်။ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကတော့ အဲဒီဖြစ်စဉ်ဟာ မမှန်ကန်ဘူး ငြင်းဆိုထားသလို ဒီဖြစ်စဉ်ဟာ လိမ်လည်ထားတာလို့လည်း စွပ်စွဲထားတာတွေ့ရပါတယ်။ Suscriber လုပ်ထားသူ သုံးသောင်းကျော်ကနေ တစ်သိန်းသုံးသောင်းကျော်အကြားရှိတဲ့ Ko Thet ၊ တပ်ကြပ်ကြီးဖိုးစီ၊ DGF21news အမည်နဲ့ တယ်လီဂရမ်ချန်သုံးခုက ဖြန့်ချိတာ ဖြစ်ပြီး ဖြန့်ချိထားတာတွေကို ကြည့်ရှူသူ နှစ်ထောင်ကျော်ကနေ နှစ်သောင်းကျော် မြင်တွေ့ပြီးဖြစ်ပါတယ်။ အဲဒီချန်နယ်တွေရဲ့ ဖြန့်ချိမှုကို Ko Thet ချန်နယ် , တပ်ကြပ်ကြီး ဖိုးစီ ချန်နယ်, DGF21news ချန်နယ် တွေမှာ ကြည့်နိုင်ပါတယ်။ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေရဲ့ ဖော်ပြချက်တွေနဲ့ ပတ်သက်လို့ […]

ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်တာကို KNU ၊ PDF အဆောက်အအုံထိခိုက်တာလို့ သတင်းမှားဖြန့်

Dawei Watch

June 15, 2025

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ထဲက ကျောက်အိုင်ရွာနဲ့ မယ်ကဲရွာကို စစ်ကောင်စီက ဇွန်လ ၇ ရက်မှာ တိုက်လေယာဉ်နဲ့ ဗုံးနှစ်ကြိမ်ကြဲချ တိုက်ခိုက်ခဲ့ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသားအဖနှစ်ဦးသေဆုံးပြီး နောက်ထပ် ခြောက်ဦး ဒဏ်ရာရပါတယ်။ အဲဒီဖြစ်စဉ်အပေါ်မှာ စစ်ကောင်စီ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တွေက လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အဆောက်အအုံတွေဟာ KNU ၊ PDF တွေရဲ့ အဆောက်အအုံတွေဖြစ်တယ်လို့ ဇွန်လ ၇ ရက်ကစပြီး ဖြန့်ချိနေကြပါတယ်။ Suscriber နှစ်သိန်းနီးပါးရှိတဲ့ Kyaw Swar တယ်လီဂရမ်ချန်နယ်က စတင်ဖြန့်ချိတာဖြစ်ပြီး အဲဒီဖြန့်ချိမှုကို မြင်တွေ့ပြီးသူ သုံးသောင်းကျော်၊ Reaction ပြုလုပ်ထားသူ ရှစ်ရာကျော် ရှိပါတယ်။ ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။ အထက်ပါဖော်ပြချက်ကို ဆက်စပ်ကူးယူဖော်ပြတဲ့ ပုလဲမြေ တယ်လီဂရမ်ချန်က ဖော်ပြချက်ကိုလည်း ဒီလင့်ခ်မှာ ကြည့်နိုင်ပါတယ်။ အလားတူ […]

ရေကြီးရေလျှံမှုကြောင့် မြဝတီအာရှကားလမ်းမနဲ့ ဒလတံတားများ ပျက်စီးနေတယ်ဆိုတဲ့ သတင်းအမှား

Dawei Watch

June 5, 2025

ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဖောက်လုပ်ထားတဲ့ အာရှကားလမ်းမကြီးပေါ် ဇွန်လ ၁ရက် ညနေပိုင်းက တောင်ပြိုကျပြီး ကားလမ်းမကြီးပြိုကျလို့ကားတွေ ပျက်စီးကုန်တယ်လို့ ရုပ်သံတွေနဲ့အတူ လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေပါတယ်။ လူမှုကွန်ရက်ပလပ်ဖောင်းတွေဖြစ်တဲ့ ဖေ့ဘွတ်ခ်၊ တစ်တော့၊ အင်စတာဂရမ်၊ တယ်လီဂရမ်၊ ယူကျု့ စာမျက်နှာတွေမှာ သာမက ဝက်ဆိုက်ဒ်တချို့ပေါ်မှာပါ “ကရင်ပြည်နယ် မြဝတီလမ်း တောင်ပြိုကျ ကားလမ်းပျက်စီး ကားတွေအများကြီး ပျက်စီး” ဆိုပြီး ရေးသားမှုတွေနဲ့ ဖြန့်ချိနေကြတာပါ။ Pop News အမည်ရ Followers သုံးသောင်းခန့်ရှိ ဖေ့ဘွတ်ခ်ပေ့ချ်က ဇွန်လ ၁ရက်မှာ အဲဒီဗွီဒီယိုကိုဖော်ပြခဲ့ပြီး ကြည့်ရှုသူ ခြောက်သောင်းကျော်ရှိကာ Reaction ပြုလုပ်သူ ၃၀၀ နီးပါး၊ ထပ်ဆင့်မျှဝေသူ ၁၅၀ ဝန်းကျင်နဲ့ ဆက်လက်ပျံ့နှံ့နေပါတယ်။ ဒီလင့်မှာ ကြည့်နိုင်ပါတယ်။ Followers ၁၀ သိန်းကျော်ရှိသည့် […]

ပဲခူးမှာ ကျောင်းသား ပြန်ပေးဆွဲအသတ်ခံရမှုကို နိုင်ငံရေးခံယူချက်မတူလို့ သတ်တာဆိုပြီး သတင်းအမှားဖြန့်

Dawei Watch

May 29, 2025

ပဲခူးမြို့မှာ မေလ ၂၀ရက်က အသက် ၁၄ နှစ်အရွယ် ၇ တန်းကျောင်းသားတစ်ဦး ပျောက်ဆုံးသွားပြီး မေလ ၂၃ ရက်မှာ ရုပ်အလောင်းပြန်တွေ့ခဲ့ပါတယ်။ အဲဒီဖြစ်စဥ်မှာ ကျူးလွန်သူလို့ယူဆရသူနှစ်ဦးကို ဖမ်းဆီးထားပြီးဖြစ်တယ်လို့ ဖြစ်စဥ်မှာ ကူညီဆောင်ရွက်ပေးနေသူတွေက ပြောပါတယ်။ အင်တာနက်လူမှုကွန်ရက်အသုံးပြုသူတစ်ဦးနဲ့ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတော့ အခုသတ်ဖြတ်မှုဟာ နိုင်ငံရေးခံယူချက် မတူတာကနေ ဖြစ်ပေါ်လာတာလို့ ရေးသားဖြန့်ချိနေကြပါတယ်။ အသတ်ခံရတဲ့ ကျောင်းသားရဲ့မိသားစုနဲ့ ကျူးလွန်သူဆိုသူထဲက တစ်ဦးတို့ဟာ ၂၀၂၁ခုနှစ် စစ်အာဏာသိမ်းပြီးစ ကာလမှာ သံပုံးမတီးတဲ့ကိစ္စနဲ့ ပြဿနာတက်ဖူးလို့ သားဖြစ်သူကို အခုလိုသတ်တာလို့ မေလ ၂၄ ရက်စပြီး လူမှုကွန်ရက်တွေမှာ ဖြန့်ချိနေကြတာပါ။ အဲဒီလို့ ဖြန့်ချိဖော်ပြနေတာတွေနဲ့ ပတ်သက်လို့ Myanmar Factchecking Network အဖွဲ့ဝင်ဖြစ်တဲ့ Dawei Watch က ကာယကံရှင်မိသားစုနဲ့ ကူညီဆောင်ရွက်ပေးနေသူတွေဆီ […]