BREAKING
May 1, 2025

သဘာဝဝန်းကျင်/ဥတုဘေး

မြိတ်တွင် မိုးသက်လေပြင်းကြောင့် မြေပြိုပြီး လူနှစ်ဦးပိတ်မိကာ နေအိမ်အချို့ပျက်စီး

Dawei Watch

September 28, 2023

မြိတ်မြို့တွင် စက်တင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းအချိန်က မိုးသက်လေပြင်းများ ကျရောက်ပြီး မြေပြိုသဖြင့် လူနှစ်ဦးပိတ်ပိကာ နေအိမ်အချို့ ပျက်စီးခဲ့ရကြောင်း သိရသည်။ အဆိုပါ မိုးသက်လေပြင်းကြောင့် စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာ၊ ပုလဲသွယ်ရပ်ကွက်တွင် ယနေ့ (စက်တင်ဘာ ၂၈) မနက်ရှစ်နာရီခွဲအချိန်က နေအိမ်တစ်ဆောင်ပေါ်သို့ တောင်မြေပြိုကျသဖြင့် လူနှစ်ဦး ပိတ်မိခဲ့ကြောင်း ယင်းကျေးရွာနေသူအချို့က ပြောပြသည်။ တောင်မြေပြိုကျပြီး ပိတ်မိနေသူနှစ်ဦးအား မြိတ်ခရိုင်မီးသတ်စခန်းဌာနမှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။ “တောင်မြေက တဖြည်းဖြည်းနဲ့ ပြိုကျဆင်းလာပြီး အိမ်ကို ဖိသွားတာ” ဟု ပုလဲသွယ်ရပ်ကွက်နေသူတစ်ဦးက ပြောသည်။ အဆိုပါ ‌တောင်မြေပိသွားသည့် နေအိမ်မှ အမျိုးသမီးကြီးတွင် ဒဏ်ရာအချို့ရရှိခဲ့ပြီး ခလေးငယ်(ယောကျာ်း)တစ်ဦး၏ ခြေတောက်‌တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် မြိတ်ဆေးရုံကြီးသို့ တင်ပို့ခဲ့ရကြောင်း ပုလဲသွယ်ရပ်ကွက်နေသူက ပြောပြသည်။ တောင်မြေများ ဆက်လက်ပြိုကျလာနေသည့်အတွက် […]

မြိတ်တွင် ရေကြီးပြီး စာသင်ကျောင်းအချို့ပိတ်

Dawei Watch

September 28, 2023

မြိတ်မြို့တွင် မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းပြီး လမ်းမပေါ်တို့တွင် ရေကြီးရေလျှံနေသောကြောင့် စာသင်ကျောင်းအချို့ပိတ်ထားရကြောင်း မြို့ခံတို့က ပြောသည်။ စက်တင်ဘာလ ၂၇ ရက် ညဘက်မှ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းအထိ မိုးသည်းထန်စွာရွာသွန်းနေကြောင်း မြို့ခံတို့က ဆိုသည်။ “မိုးကောင်းပြီး ကျောင်းထဲ ရေဝင်နေလို့ ကျောင်းတစ်ရက် ပိတ်ထားတယ်” ဟု ကျောင်းသားမိဘတစ်ဦးက ပြောဆိုသည်။ မြစ်ငယ်ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၏ မြေညီထပ်ရှိ စာသင်ခန်းများတွင် ရေများ ဝင်ရောက်နေကြောင်း ၎င်းက ဆိုသည်။ ထို့အပြင် ကန်ဖျားရပ်ကွက် မြေနီလမ်းမကြီးတစ်လျှောက် ရေများနစ်မြုပ်နေပြီး ယင်းရပ်ကွက်ရှိ ကန်စွန်းအင်းကိုယ်ပိုင်အထက်တန်းရှိ ကျောင်းသားအချို့ ကျောင်းတက်ရောက်နိုင်ခြင်း မရှိကြောင်း ကျောင်းသားမိအချို့က ပြောသည်။ “လမ်းပေါ်မှာ ရေတွေမြုပ်နေတာ ဆိုင်ကယ်မောင်းလို့ကို မရတော့ ကျောင်းမပို့နိုင်တာပါ” ကျောင်းသားတစ်ဦး၏ မိခင်က ပြောဆိုသည်။ ထို့အပြင် […]

ကျောက်နီမော်ကျေးရွာတွင် မြေပြိုကျမှုများ ထပ်ဖြစ်

Dawei Watch

September 16, 2023

လောင်းလုံးမြို့နယ်၊ ကျောက်နီမော်ကျေးရွာ ထားဝယ်-ရှင်မော်သွားကားလမ်းဘေးမှ တောင်ကမ်းပါးယံ မြေပြိုကျမှုများထပ်ဖြစ်နေကြောင်း ကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။ မိုးနှစ်ရက်ဆက်ရွာသွန်းမှုကြောင့် စက်တင်ဘာလ ၁၅ ရက်‌ နေ့လယ် ၁၂ နာရီခန့်တွင် တောင်ကမ်းပါးယံ မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး ယင်းနေ့နေ့လယ် ၂ နာရီနှင့် ညနေ ၅ နာရီခန့်တွင် မြေပြိုကျမှုများထပ်ဖြစ်ခဲ့သည်ဟု ကူညီကယ်ဆယ်ရေးတွင် ပါဝင်ခဲ့သည့် တာဝန်ရှိသူ တစ်ဦးက ပြောသည်။ မြေပြိုကျမှုကြောင့် လူထိခိုက်ဒဏ်ရာရမှု ရှိမရှိကိုမူ မသိရသေးပေ။ “အခုကျွန်တော်တို့ ကူညီကယ်ဆယ်ရေးတွေလုပ်နေတယ်၊ နောက်မှပြန်ပြောပေးပါ့မယ်” ဟု ဇမ္ဗူသီရိအရေးပေါ် လူနာကူညီကယ်ဆယ်ရေးအဖွဲ့က တာဝန်ရှိသူက ပြောသည်။ မနေ့နေ့လယ် ၁၂ နာရီက မြေပြိုကျမှုတွင် လူနေအိမ်နှစ်လုံး မြေဖုံးခဲ့ပြီး နေ့လယ် ၂ နာရီနှင့် ညနေ ၅ နာရီခန့် မြေပြိုကျမှုတွင် နောက်ထပ် နေအိမ်တစ်လုံး […]

ကျောက်နီမော်ရွာတွင် မြေပြိုပြီး နေအိမ်နှစ်လုံးပျက်စီး

Dawei Watch

September 15, 2023

လောင်းလုံးမြို့နယ်၊ ကျော်နီမော်ကျေးရွာ ကားလမ်းဘေးရှိ တောင်ကမ်းပါးယံ မြေပြိုကျမှုကြောင့် နေအိမ်နှစ်လုံး ပျက်စီးကြောင်း ဇမ္ဗူသီရိအရေးပေါ်လူနာကူညီကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ နှစ်ရက်ဆက်မိုးကြီးပြီးနောက် ယနေ့ စက်တင်ဘာလ ၁၅ ရက် နေ့လယ် ၁၂ နာရီခန့်တွင် မြေပြိုကျခြင်းဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ ပျက်စီးသည့် နေအိမ်နှစ်လုံးက ဒေသခံ ၁၀ဦးနှင့် နောက်ထပ် ထပ်မံပြိုကျနိုင်သည့် နေအိမ်နှစ်လုံးက ဒေသခံခုနစ်ဦးတို့ကို ဘေးလွတ်ရာ ဆွေမျိုးများအိမ်သို့ ပြောင်းရွှေ့ထားကြောင်း အထက်ပါအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။ “အိမ်ထဲကနေ လူတွေပြေးထွက်လာတာကိုမြင်ရတော့ ဘာဖြစ်တာလဲဆိုပြီး ကားကို ရပ်ချလိုက်ပြီး ကြည့်လိုက်တာမှာ အိမ်က မြေပြိုကျနေပြီ။ ပစ္စည်းတွေတော့ နည်းနည်းပါးပါး ယူထုတ်လို့ ရသွားတယ်။ လူတွေလည်း လွတ်သွားတယ်” ဟု အောက်ကျောက်ဝပ်ရွာသို့ ရုပ်အလောင်းတစ်ခု ပို့ဆောင်ပြီးအပြန်တွင် မျက်မြင်တွေ့ရသည့် အခြေအနေကို ၎င်းက […]

လုံးဖော‌ရွာတွင် ဒုတိယအကြိမ် ရေကြီးမှုကြောင့် အိမ်ခြေငါးဆယ်ခန့် ပြောင်းရွှေ့ရ

Dawei Watch

September 5, 2023

ကော့သောင်းခရိုင် ခမောက်ကြီးမြို့နယ် လုံးဖောရွာတွင် စက်တင်ဘာလ ၄ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံမှုကြောင့် နေအိမ်ငါးဆယ်ခန့်က ပြည်သူများ ပြောင်းရွှေ့ရကြောင်း လုံးဖောရွာနေသူက ပြောသည်။ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရွာထိပ် မြေနိမ့်ပိုင်းရှိ ဆီအုန်းတောနေရာတို့တွင် ရင်ဘတ်အထိ ရေနစ်မြုပ်ခဲ့ပြီး နေအိမ်များသို့ ရေများဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း လုံးဖောရွာနေ အမျိုးသမီးတစ်ဦးက ဆိုသည်။ ဆီအုန်းတောဘက်ရှိ နေအိမ်များသို့ ရေများဝင်ရောက်ခဲ့သဖြင့် နေအိမ်ငါးဆယ်ခန့်သည် ကုန်းမြင့်ပိုင်းရှိ အသိမိတ်ဆွေ၊ ဆွေမျိုးတို့၏ နေအိမ်များနှင့် ဘုန်းတော်ကြီးကျောင်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရကြောင်း လုံးဖောရွာသားအချို့က ပြောဆိုသည်။ “နှစ်တိုင်း တစ်နှစ်မှာ တစ်ကြိမ်လောက်တော့ ပြောင်းရတယ်။ ဒီနှစ်တော့ နှစ်ကြိမ်ဖြစ်သွားပြီ။ ရေတစ်ခါမြုပ်ရင် နှစ်ဆယ့်လေးနာရီပဲ” ဟု ရွာသားတစ်ဦးက ပြောသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့ကလည်း မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံသောကြောင့် နေအိမ်တစ်ရာကျော် ပြောင်းရွှေ့ခဲ့ရကြောင်း ၎င်းတို့က […]

ကံပေါက်တိုက်နယ်အတွင်းရှိ ကျေးရွာအချို့ ရေကြီး

Dawei Watch

September 5, 2023

ရေဖြူမြို့နယ် ၊ ကံပေါက်တိုက်နယ်အတွင်းရှိ ကျေးရွာအချို့တွင် မနေ့(စက်တင်ဘာ ၄)ညပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပေါ်နေသည်။  ဖောင်းတောကျေးရွာအုပ်စု၊ ကောင်းမှုကျေးရွာ ၊ အရှေ့ပိုင်းတွင် တောင်ကျချောင်းရေကြောင့် ဖောင်းတော-ကောင်းမှု လမ်းဆုံတွင် လမ်းမပေါ်ရေကျော်နေကြောင်း ရွာသားများကပြောသည်။ “ လမ်းဆုံက ရေလွှဲပိုက်လုံးက နှစ်လည်းကြာနေပြီ။ အရွယ်လည်းငယ်နေတယ် ။ အဲဒါကြောင့် နှစ်တိုင်းရေကြီးနေတယ်။ အဲဒါပြုပြင်လိုက်ရင်တော့ ရေကြီးတာလျော့သွားလိမ့်မယ် “ဟု ကောင်းမှုရွာသားတစ်ဦးက ပြောသည်။ ၂၀၁၉ ခုနှစ်က ၊ ကောင်းမှုရွာတွင် တောင်ကျချောင်းရေကြောင့် တောင်ပြိုမှုဖြစ်ခဲ့ပြီး တံတား၂စင်းကျိုးခဲ့သည်။ ကံပေါက်ကျေးရွာ၊ ရဲရင့်ချောင်း ၊ ဆင်ရံတံတားတွင်လည်း ယနေ့(စက်တင်ဘာ ၅) မနက်ပိုင်းတွင် တံတားပေါ်ရေရောက်နေပြီဖြစ်ကြောင်း ၊ နေ့လယ်ပိုင်းအထိ ရေတိုးလာခြင်းမရှိသေးဘဲ ကားများပုံမှန်သွားလာ၍ ရနေသေးကြောင်း ကားသမားတစ်ဦးကပြောသည်။ ကလိန်အောင်မြို့တွင်မူ ကလိန်အောင်ချောင်းရေ တိုးလာနေသော်လည်း လူနေရပ်ကွက်များအတွင်း ရေဝင်ရောက်မှုမရှိသေးကြောင်း မြို့ခံတစ်ဦးကပြောသည်။ […]

ပိုမိုဆိုးရွားလာသော လေထုညစ်ညမ်းမှု နှင့် ဂျကာတာ

Dawei Watch

August 24, 2023

မကြာသေးမီလများအတွင်း အင်ဒိုနီးရှားနိုင်ငံမြို့တော် ဂျကာတာတွင် ဆိုးရွားစွာ ဖြစ်ပေါ်နေသည့် လေထုညစ်ညမ်းမှုကြောင့် မြို့တော်တွင်း ဝန်ထမ်းများ၏ လုပ်ငန်းဆောင်တာ များနှင့် ကျောင်းသားများအတွက် သင်ကြားရေးလုပ်ငန်းစဉ်များကို နေအိမ်မှသာ ဆောင်ရွက်ရန် ဂျကာတာ အစိုးရက တိုက်တွန်း ဆောင်ရွက်နေသည်။ အဆိုပါ အမိန့်ထုတ်ပြန်မှု သည် မြို့တော်ကို ကာလအတန်ကြာ အသက်ရှုကြပ်စေ​သော ပြင်းထန် လေထုညစ်ညမ်းမှုကို တားဆီးရန် ရည်ရွယ်သည့် လှုပ်ရှားမှုတစ်ရပ် အဖြစ်  လာမည့် စက်တင်ဘာလတွင် ကျင်းပမည့် အာဆီယံထိပ်သီးအစည်းအဝေး မတိုင်မီတွင် အကောင်အထည်ဖော်သွားမည် ဖြစ်သည်။ ဆွစ်ဇာလန် လေထုအရည်အသွေး နည်းပညာကုမ္ပဏီ IQAir မှ ပြုစုထားသော အချက်အလက်များအရ ဂျကာတာသည် ကမ္ဘာတစ်ဝှမ်း လေထုညစ်ညမ်းမှု အရှိဆုံး မြို့ ဆယ်မြို့ တွင် မေလမှစတင်၍ ယခုအချိန်အထိ ဆက်တိုက်ပါဝင်နေသည်။ ကာလကြာရှည်လာသည့် […]

ရေကြီးနစ်မြုပ်သဖြင့် ထားဝယ်ခရိုင်ရှိ လယ်များ စပါးမအောင်၊ ပျိုးပင်လည်း ဝယ်မရ

Dawei Watch

August 10, 2023

‌ထားဝယ်ခရိုင်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဒေသတွင်းရှိ စိုက်ပျိုးထားသည့် လယ်အများစု ရေလွှမ်းပျက်စီးသွားကြောင်း လယ်သမားအချို့ကပြောသည်။ ဇူလိုင်လ နောက်ဆုံးအပတ်မှစပြီး ထားဝယ်ခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ရေကြီးရေလျှံခဲ့သည်။ ရေကြီးရေလျှံချိန်တွင် စိုက်ပျိုးထားသည့် ပျိုးပင်ပေါက်များ ရေကြီးနစ်မြုပ်ခဲ့သဖြင့် ပျိုးမအောင်ဖြစ်ခဲ့ရကြောင်း ထားဝယ်ခရိုင်ရှိလယ်သမားအချို့ကပြောဆိုသည်။ “တော်တော်များများ လယ်သမားတွေ ပျိုးလိုက်ရှာနေကြတယ်။ မိုးကြီးတုန်းကသေသွားတာတွေကို စိုက်ဖို့၊ ဖာဖို့ပေါ့” ဟု ထားဝယ်မြို့ စောမိညိုကွင်းက လယ်သမားတစ်ဦးက ပြောသည်။ ယင်းနည်းတူ သရက်ချောင်းနှင့် လောင်းလုံးမြို့နယ်တို့တွင်လည်း ရေကြီးသဖြင့် စပါးပင်များ ပျက်စီးသေဆုံးမှုများကြောင်း ဒေသခံလယ်သမားတို့က ပြောဆိုကြသည်။ “ပျိုး (ပျိုးပင်ပေါက်) ပင်က ဝယ်ရတအားခက်တယ်။ အခုက လူတိုင်းနီးပါး (စပါး) သေကြတော့ ပျိုးလိုတဲ့သူကများနေတာကိုး” ဟု သရက်ချောင်းမြို့နယ် ကဇိကျေးရွာက လယ်သူမတစ်ဦးက ဆိုသည်။ ရေကြီးနစ်မြုပ်ပျက်စီးသွားသည့် လယ်ဧကမည်မျှရှိသည်ကိုမူ အတိအကျ မသိရသေးပေ။ […]