ဆီနှင့်ကြက်သွန် ဈေးထပ်တက်သည့် ထားဝယ်ဈေးကွက်
Dawei Watch
November 2, 2024ထားဝယ်ဈေးကွက်တွင် ယခုအပတ် ထိုင်းနိုင်ငံထုတ်စားသုံးဆီ ဈေးတက်လာသည်။ ယခင်အပတ်က ထိုင်းနိုင်ငံထုတ် ပုစွန်တံဆိတ်စားသုံးဆီ တစ်လီတာလျှင် ၇၆၀၀ ကျပ်သာရှိရာ ယနေ့ ၈၄၀၀ ကျပ်ဖြစ်လာပြီး တစ်ပတ်အတွင်း စားသုံးဆီ ၁ လီတာလျှင် ကျပ် ၈၀၀ ဈေးတက်လာခြင်းဖြစ်သည်။ ထိုနည်းတူ ကြက်သွန်နီ ဈေးနှုန်းများမှာ နှစ်ပတ်ဆက်တိုက် ဈေးနှုန်းများမြင့်တက်လာသလို ကြက်သွန်ဖြူဈေးနှုန်းများလည်း မြင့်တက်လာနေသည်ကို တွေ့ရသည်။ ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ ရက်နေ့က ကြက်သွန်နီတစ်ပိဿာ ၃၂၀၀ ကျပ်သာရှိရာ၊ အောက်တိုဘာလ ၂၅ ရက်နေ့တွင် တစ်ပိဿာ ၄၁၀၀ ကျပ် မှ ယနေ့ ၅၀၀၀ ကျပ်ဖြစ်လာသည်။ နှစ်ပတ်အတွင်းကြက်သွန်နီ ဈေးမှာ တစ်ပိဿာ ၉၀၀ ကျပ်ဈေးမြင့်တက်လာခြင်းဖြစ်သည်။ ယင်းအပြင် ယနေ့ ထားဝယ်ဈေးကွက်တွင် ကြက်သွန်ဖြူဈေးနှုန်းများလည်း မြင့်တက်နေသည်။ […]


