ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

စီးပွားရေး

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

January 28, 2023

ယခုအပတ်တွင် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ အတက်ဈေးတွင် အလှုပ်အခတ်နည်းနည်းဖြင့် ငြိမ်နေသည်။ အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်သောင်းဂဏန်းသာ အတက်အကျရှိပြီး ထိုင်းဘတ်ဈေးမှာ မဆိုစလောက် တက်သွားသည်။ အတက်အကျနည်းသည့် ရွှေဈေး ပြီးခဲ့သည့်အပတ်က အတက်အကျကြမ်းခဲ့သည့် အခေါက်ရွှေဈေးသည် ယခုအပတ်တွင် အလှုပ်အခတ်နည်းနေသည်။ ဇန်နဝါရီလ ၂၃ ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် ၂၈ သိန်းဖြင့် ဈေးဖွင့်ခဲ့ပြီး သုံးရက်ဆက်တိုက် အပြောင်းအလဲမရှိ ငြိမ်နေခဲ့သည်။ ယင်းနောက် သောကြာနေ့တွင် တစ်ကျပ်သားလျှင် သုံးသောင်းကျပ် တက်လာခဲ့သည်။ ပြီးခဲ့တဲ့အပတ်က ‌ပြည်တွင်းရွှေဈေးထိန်းညှိရန်ဟုဆိုကာ စစ်ကောင်စီက ရွှေလုပ်ငန်းရှင်များကို ခေါ်ယူပြောဆိုခြင်း၊ ဖမ်းဆီးစစ်ဆေးခြင်းများ လုပ်ဆောင်ပြီးနောက်ပိုင်း ဈေးငြိမ်လာခြင်းဖြစ်သည်။ အတက်ဈေးတွင် ငြိမ်နေသည့်ဘတ်ဈေး ပြီးခဲ့သည့်အပတ်ကတည်းက အတက်ဈေးတွင် ငြိမ်နေသည့် ထိုင်းဘတ်ငွေဈေးမှာ ယခုအပတ်တွင်လည်း အလှုပ်နည်းနေသည်။ တနင်္လာနေ့ပေါက်ဈေးအရ ထိုင်းငွေတစ်ဘတ်လျှင် ၈၆ ကျပ်နီးပါးရှိခဲ့ပြီး […]

တက်ရိပ်ပြနေဆဲဖြစ်သည့် မြိတ်ကုန်စည်ဈေးကွက်

diz_admin

January 27, 2023

မြိတ်မြို့ရှိ အခြေခံစားသောက်ကုန်ဈေးကွက်တွင် ကုန်စည်ဈေးနှုန်းများ တက်ရိပ်ပြနေဆဲဖြစ်သည်။ အခြေခံစားသောက်ကုန်တို့အနက် အဓိက အစားအစာတစ်ခုဖြစ်သည့်ဆန်(အဟောင်း) ဈေးနှုန်းမြင့်တက်နေပြီး ဆန်ကြမ်း ၂၄ ပြည်ပါ တစ်အိတ်လျှင် ၅၇၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေး ၁၀၆၀၀၀ ကျပ်၊ ပေါ်ဆန်းမွှေး ၈၀၀၀၀ ကျပ်နှုန်းတို့ဖြင့် ရောင်းချနေသည်။ ဆန်ကြမ်းတစ်အိတ်လျှင် ၂၅၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ်လျှင် ၅၀၀၀ ကျပ်နှင့် ပေါ်ဆန်းမွှေး တစ်အိတ်လျှင် ၈၀၀၀ ကျပ်အထိ မြင့်တက်လာခြင်းဖြစ်သည်။ ဆယ်ပိဿာပါ စားအုန်းဆီပုံးဝါ တစ်ပုံးလျှင် ယခင်အပတ်က ၆၇၅၀၀ ကျပ်မှ ယခုအပတ်တွင် ၆‌၈၀၀၀ ကျပ်နှုန်းဖြစ်နေသည်။ ကြက်သွန်ဖြူတစ်ပိဿာလျှင် တစ်ထောင်ကျပ်မြင့်တက်သဖြင့် ၇၀၀၀ ကျပ်နှင့် သားငါးဈေးကွက်တွင် ကြက်သားဈေး တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်အထိ မြင့်တက်လာသည်။ ထို့ပြင် စက်သုံးဆီဈေးနှုန်းတို့လည်း မြင့်တက်လာနေသည်။ […]

ရွှေဈေး ကျပ်တစ်သောင်းထပ်တက် (ဇန်နဝါရီ ၂၇ )

diz_admin

January 27, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ ကျပ်တစ်သောင်းထပ်တက်လာပြီး တစ်ကျပ်သားလျှင် ၂၈၃၀၀၀၀ ကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ ငြိမ်နေပြီး ဓာတ်ဆီဈေးမှာ ပြန်တက်လာသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ကျပ်နှစ်သောင်းတက်လာသည့် ရွှေဈေး (ဇန်နဝါရီ ၂၆ )

diz_admin

January 26, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ ကျပ်နှစ်သောင်းတက်လာပြီး တစ်ကျပ်သားလျှင် ၂၈၂၀၀၀၀ ကျပ် ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ ငြိမ်နေပြီး ဓာတ်ဆီဈေးမှာ ကျသွားသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေဈေး သုံးရက်ဆက်ငြိမ် (ဇန်နဝါရီ ၂၅ )

diz_admin

January 25, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ အပြောင်းအလဲမရှိဘဲ တစ်ကျပ်သားလျှင် ၂၈ သိန်း ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ အနည်းငယ်ထပ်တက်‌ နေပြီး ဓာတ်ဆီဈေးလည်း ငြိမ်နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ကျပ်နှစ်ဆယ့်ရှစ်သိန်းဖြင့် နှစ်ရက်ဆက် ငြိမ်နေသည့် ရွှေဈေး (ဇန်နဝါရီ ၂၄ )

diz_admin

January 24, 2023

ယမန်နေ့နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ အပြောင်းအလဲမရှိဘဲ တစ်ကျပ်သားလျှင် ၂၈ သိန်း ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ အနည်းငယ်ထပ်တက်‌နေပြီး ဓာတ်ဆီဈေးမှာ ငြိမ်နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

နှစ်ဆယ့်ရှစ်သိန်းဖြင့် ငြိမ်နေသည့် ရွှေဈေး (ဇန်နဝါရီ ၂၃ )

diz_admin

January 23, 2023

ဇန်နဝါရီလ ၂၀ ရက်နှင့် ယနေ့ဈေးနှုန်း နှိုင်းယှဉ်ချက်အရ အခေါက်ရွှေဈေးမှာ အပြောင်းအလဲမရှိဘဲ တစ်ကျပ်သားလျှင် ၂၈ သိန်း ဈေးဖွင့်ထားသည်။ ထိုင်းဘတ်ဈေးမှာ အနည်းငယ်ပြန်တက်လာပြီး ဓာတ်ဆီဈေးလည်း တက်နေသည်။ ဓာတ်ဆီဈေးမှာ ရည်ညွှန်းဈေးနှုန်းအပြင် မြေပြင်တွင် လူအများအမှန်တစ်ကယ် ဝယ်ယူသုံးစွဲရသည့် ပြင်ပဈေးကွက်ပေါက်ဈေးကိုပါ ပူးတွဲဖော်ပြအပ်ပါသည်။

ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

diz_admin

January 22, 2023

ရွှေဈေးမှာ အလှုပ်အခတ်အများဆုံး ကာလတစ်ခုဖြစ်ပြီး ထိုင်းဘတ်လည်း အတက်ဈေးတွင် ငြိမ်နေခဲ့သည်။ အခေါက်ရွှေဈေးမှာ တစ်ကျပ်သားလျှင် ကျပ်ကိုးသောင်းအထိ အတက်အကျဖြစ်ခဲ့သည်။ ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။ အတက်အကျကြမ်းသည့် ရွှေဈေး ပြီးခဲ့သည့်အပတ်က ၂၈ သိန်းခွဲဝန်းကျင်အထိ ဈေးတက်ခဲ့သည့်အခေါက်ရွှေသည် ယခုအပတ်တွင် ကျပ်ကိုးသောင်းအထိ နေ့စဉ်နီးပါး အတက်အကျကြမ်းနေခဲ့သည်။ ဇန်နဝါရီလ ၁၆ ရက်(တနင်္လာနေ့)က အခေါက်ရွှေတစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းလေးသောင်း (၂၈၄၀၀၀၀ ကျပ်)ဖြင့် ဈေးဖွင့်ခဲ့သည်။ ထိုနောက် နေ့တိုင်းနီးပါး ဈေးအလှုပ်အခတ်ရှိနေခဲ့ပြီး ဗုဒ္ဓဟူးနေ့တွင် နှစ်ဆယ့်ခုနှစ်သိန်းငါးသောင်း(၂၇၅၀၀၀၀ ကျပ်) အထိ ဈေးကျသွားပြန်သည်။ ယင်းနောက် သောကြာနေ့တွင် တစ်ကျပ်သားလျှင် နှစ်ဆယ့်ရှစ်သိန်းဖြစ်သွားပြန်သည်။ ကမ္ဘာ့ရွှေဈေးတက်နေသည့်အတွက် ပြည်တွင်းရွှေဈေးလည်း အလိုက်သင့်ဈေးတက်လာခြင်းဖြစ်ကြောင်း […]