ဆန်ဈေးတည်ငြိမ်နေပြီး ငါး၊ပုစွန်ဈေးတက်နေသည့် ထားဝယ်ဈေးကွက်
diz_admin
December 30, 2022ထားဝယ်တွင် ဒီဇင်ဘာလနောက်ဆုံးနှစ်ပတ်ဆက်တိုက် ဆန်ဈေးမှာ တည်ငြိမ်နေသည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့မှစ၍ အကယ်ဒမီဆန် ၂၄ ပြည် အိတ်ကြီးတစ်အိတ်လျှင် ၅၇၀၀၀ နှင့် ရွှေဘိုပေါ်ဆန်း ၂၄ ပြည်အိတ်ကြီးတစ်အိတ်ကို ၁၀၉၀၀ဝကျပ်ဖြင့် နှစ်ပတ်ဆက်တိုက် ဈေးငြိမ်နေခြင်းဖြစ်သည်။ နှစ်သစ်ကူးကာလရောက်လာသည့်အတွက်ကြောင့် ငါးနှင့် ပုစွန်ဈေးမှာ အနည်းငယ်ဈေးတက်လာသည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့က ငါးကွန်းရှပ်တစ်ပိဿာကို ၁၆၀၀ဝကျပ်မှာ ယနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် တစ်ပိဿာ ၁၈၀၀၀ ခန့်ဖြင့် ၂၀၀ဝကျပ် ဈေးတက်သွားသည်။ ၎င်းနည်းတူ ပုစွန်ဈေးနှုန်းမှာလည်း ပြီးခဲ့သည့်ပတ်က တစ်ပိဿာ ၃၀၀၀ဝကျပ်မှ ယခုပတ်တွင် တစ်ပိဿာ ၃၂၀၀၀ ကျပ်ခန့်ဖြင့် ကျပ်နှစ်ထောင်ခန့်ဈေးတက်လာသည်။ ထားဝယ်ဒေသ၏ အခြေခံလူတန်းစားများ အများဆုံးစားသုံးလေ့ရှိသည့် ပါတူးခေါ် အာဗြဲငါးနှင့် ပါလန်းခေါ် ငါးလုံးငါးအမျိုးစားမှာ နှစ်ပတ်ဆက်တိုက်ဈေးငြိမ်နေသည်။ […]


