သွေးစွန်းသောကျောင်းများ
Dawei Watch
January 5, 2025ကလေးပေါင်း အနည်းဆုံး ၉၇၄ ဦး။ (ဖက်ဒရယ် ပြည်ထဲရေးဌာန၏ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာ) ကျောင်းသူ/သား ပေါင်း ၃၁၀၀ ကျော်။ (ဝါရှင်တန်ပို့စ်သတင်းစာကပြုစုထားသည့်မှတ်တမ်း) အထက်ပါကိန်းဂဏန်း နှစ်ခုမှာ နှစ်ပေါင်း ၁၅၀ အတွင်း အမေရိကန် အစိုးရ၏ ဖက်ဒရယ်ကျောင်းများ နှင့် ဘာသာရေးအဖွဲ့များက လည်ပတ်သော ဘော်ဒါကျောင်းများတွင် အကြောင်းအမျိုးမျိုးကြောင့် အသက်ဆုံးရှုံးခဲ့ကြရသည့် ဒေသခံဌာနေ လူမျိုးနွယ်စု ကလေးများ၏ အရေအတွက်ဖြစ်သည်။ လေ့လာမှုမတူခြင်းကြောင့် ကိန်းဂဏန်းများနှစ်ခုမှာ ကွဲလွဲနေသော်လည်း သေဆုံးခဲ့ရသည့် အကြောင်းအရင်း များကို ဖော်ပြရာ၌မူ ဆင်တူနေသည်။ ယေဘုယျ ခြုံပြောရလျှင် ထိုကလေးအများစုမှာ ဘော်ဒါကျောင်းများတွင် ကိုယ်ရော စိတ်ပါ နှိပ်စက်ကလူပြုခံရခြင်းကြောင့်ဟုဆိုသည်။ ပညာပေးရန် ကန်ဖက်ဒရယ်အစိုးရက ၁၈၁၉တွင် ဒေသခံဌာနေကလေးများအတွက် ရည်ရွယ်သည့် ဥပဒေနှင့် မူဝါဒများကို ထုတ်ပြန်ခဲ့သည်။ ဤသည်က ဒေသခံဌာနေလူမျိုးနွယ်စုများ၏ […]