ရှင်နာဝပ်ထရာမိသားစုရဲ့ ထိုင်းနိုင်ငံရေးလွှမ်းမိုးမှု နိဂုံးလော
Dawei Watch
July 5, 2025ကမ္ဘောဒီးယားအထက်လွှတ်တော်ဥက္ကဋ္ဌ ဟွန်ဆမ်နဲ့ အခြေအတင်အငြင်းပွားဖွယ် ဖုန်းပြောဆိုမှု ပေါက်ကြားမှုကြောင့် ထိုင်းခေါင်းဆောင်ဟောင်း သက်ဆင်ရဲ့သမီးဖြစ်သူ ဝန်ကြီးချုပ် ပေထောင်တန် ရှင်နာဝပ်ထရာကို ဖွဲ့စည်းပုံဆိုင်ရာခုံရုံးက ရာထူးမှရပ်ဆိုင်းခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဆေထာသာဗီဆင်းက အစိုးရအဖွဲ့မှာ ရှင်နာဝပ်ထရာမိသားစုရှေ့နေ ပီချစ်ချွန်ဘန်ကို ခန့်အပ်ခဲ့ရာ ကျင့်ဝတ်ပိုင်းဆိုင်ရာစည်းမျဉ်းတွေ ချိုးဖောက်ခဲ့တယ်လို့ အထက်လွှတ်တော် အမတ် ၄၀ ဉီးက မေတ္တာရပ်ခံလွှာတစ်ရပ် တင်ပြမှုကြောင့် ဖွဲ့စည်းပုံဆိုင်ရာခုံရုံးရဲ့ အလားတူ စစ်ဆေးမှု ခံခဲ့ရပါတယ်။ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှာ ဆေထာသာဗီဆင်းမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီး ဝန်ကြီးချုပ်ရာ ထူး တစ်နှစ်မပြည့်ခင် ဖယ်ရှားခံခဲ့ရပါတယ်။ ဖွဲ့စည်းပုံဆိုင်ရာခုံရုံးရဲ့ စီရင်ချက်ကြောင့် ဆေထာသာဗီဆင်းဟာ ၁၆ နှစ်အတွင်း ရာထူးမှဖယ် ရှားခံရတဲ့ စတုတ္ထမြောက်ဝန်ကြီးချုပ် ဖြစ်ခဲ့ပါတယ်။ ပေထောင်တန်ရဲ့အမှုမှာတော့ ဖွဲ့စည်းပုံအ ခြေခံဥပဒေနဲ့ အမှတ် (၂) စစ်တိုင်းမှူးနဲ့ပတ်သက်လို့ […]


