ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ဆောင်းပါး

AAC ရုံး ဖြိုခံရပြီး လေးလအကြာ

Dawei Watch

August 21, 2025

ထိုင်းနိုင်ငံမဟာချိုင်တွင် နေစရာမရှိ၊ စားစရာနတ္ထိဖြစ်နေသော မြန်မာနိုင်ငံသား မသန်စွမ်းများမှာ အားကိုးရာမဲ့နေကြသည်။ ခြေပြတ်၊ လက်ပြတ်ဖြစ်ပြီး တစ်ဦးတည်း ရပ်တည်နိုင်ခြင်းမရှိသလို အလုပ်လုပ်နိုင်စွမ်း မရှိဖြစ်နေသော အဆိုပါမြန်မာနိုင်ငံသားများမှာ ထိုင်းစက်မှုလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ရင်း ယင်းသို့မသန်စွမ်းသည့် အခြေအနေရောက်သွားရခြင်းဖြစ်သည်။ ယခင်က AAC မဟာမိတ်ရုံးတွင် လုပ်ငန်းခွင်မတော်တဆမှုကြောင့် ကိုယ်လက် အင်္ဂါဆုံးရှုံးပြီး ဒုက္ခရောက်နေသူများ၊ အသက်ဆုံးရှုံးသူများ၏ မိသားစုဝင်များ၊ MoU စနစ်ဖြင့် စေလွှတ်ထားပြီး အလုပ်မရရှိပဲ အခက်အခဲဖြစ်နေသူ၊ လုပ်အားခမရရှိသူများ၊ အလုပ်ထုတ်ခံရသူများ၊ သက်ကြီးရွယ်အိုများ ခိုလှုံနေကြသည်။ သို့သော် AAC မဟာမိတ်အဖွဲ့ရုံးမှာ ထိုင်းအစိုးရထံတွင် တရားဝင် မှတ်ပုံတင်ထားခြင်းမရှိ၍ဟုဆိုကာ ဖြိုဖျက်ပေးရန် ယခုနှစ် ဧပြီလ ၂၃ ရက်နေ့က ထိုင်းအာဏာပိုင်များက အမိန့်စာထုတ်ညွှန်ကြားခဲ့သည်။ မေလ ၁ ရက်နေ့တွင် မဟာချိုင်ရှိ AAC မဟာမိတ်ရုံးထဲသို့ ထိုင်းအာဏာပိုင်များ […]

တော်လှန်မြေမှာ ဖူးတံဝင့်စေဖို့

Dawei Watch

August 19, 2025

‘ပန်းကလေးများပွင့်တော့မည် ဖူးတံဝင့်လို့ချီ’ ဆိုသော်လည်း စစ်မီးတောက်နေသည့် မြန်မာနိုင်ငံတွင် ပန်းကလေးများပွင့်ဖို့ အခက်အခဲ အတားအဆီးများစွာ ရင်ဆိုင်နေကြရသည်။ အထူးသဖြင့် လွတ်မြောက်နယ်မြေဟု ခေါ်ဆိုကြသည့် တော်လှန်ရေးဒေသများတွင် ကလေးများ စာသင်ခွင့်ရရေး ပိုမိုခက်ခဲလာနေသည်။ စစ်အာဏာသိမ်းပြီး ၄ နှစ်ကျော်ကာလအထိ တောင့်ခံကာ ပဋိပက္ခဒေသမှကလေးများ ပညာသင်ခွင့်ရရေး လုပ်ဆောင်နေကြသည့် CDM ဆရာများအပါအဝင် ပညာရေးအဖွဲ့များမှာ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို ကျော်လွှားနိုင်ရန် ခက်ခဲလာနေပြီဖြစ်သည်။ ပဋိပက္ခနှင့် တိုက်ပွဲကာလကြားတွင် ဖွင့်လှစ်ရသည်ဖြစ်ရာ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း ရှေ့ဆက်သွားနေကြသည်။ အချို့ဒေသများတွင်မူ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများကြောင့် မြေပြင်ကျောင်းများ ပိတ်ထားရမှုများလည်းရှိနေသည်။ တော်လှန်ရေး နယ်မြေများရှိ ကျောင်းများမှာ စစ်ရေးခြိမ်းခြောက်မှုများအပြင် ဘဏ္ဏာငွေကြေးနှင့် လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်များလည်း ကြီးမားလာနေသည်။ စာသင်ကြားရာတွင် လိုအပ်သည့် ကျောင်းစာအုပ်များအပါအဝင် စာရေးကိရိယာများ […]

ငလျင်ကြောပေါ်မှာ ဆောက်နေတဲ့ တရုတ်ရဲ့ ကမ္ဘာ့အကြီးဆုံးဆည်

Dawei Watch

July 22, 2025

ကမ္ဘာကြီးရဲ့ ခေါင်မိုးပေါ်မှာ မြစ်ဖျားခံပြီး ကမ္ဘာ့အကြီးဆုံးပင်လယ်အော်ထဲကို စီးဝင်သွားတဲ့ မြစ်တစ်စင်းပေါ်မှာ ကမ္ဘာ့အကြီးဆုံးဆည်တစ်ခုကို တရုတ်အစိုးရက စတင်တည်ဆောက်လိုက်ပါပြီ။ တရုတ်လူမျိုးတွေက ဒီမြစ်ကို ‘ယာလန်းစန်ပိုမြစ်’ လို့ ခေါ်ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာတော့ ‘ယမုန်နာမြစ်’ လို့ ခေါ်ပါတယ်။ ‘ဗြဟ္မပုတ္တရမြစ်’ဆိုတာကတော့ အိန္ဒိယသားတွေ ပေးထားတဲ့ နာမည်ပါ။ ‘ကမ္ဘာ့ခေါင်မိုး’လို့ တင်စားခံရတဲ့ တိဘက်ကုန်းပြင်မြင့်ပေါ်ကနေ မြစ်ဖျားခံလာတဲ့ ဗြဟ္မပုတ္တရမြစ်ဟာ အိန္ဒိယနိုင်ငံ အရူနာချယ်ပရာဒေ့ရှ်ပြည်နယ်ကို ဖြတ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဆက်လက်စီးဆင်းနေပါတယ်။ ဗြဟ္မပုတ္တရမြစ်ရေစီးရဲ့ ကီလိုမီတာ ၃၀၀၀ ခရီးဟာ ကမ္ဘာ့အကြီးဆုံးပင်လယ်အော်ဖြစ်တဲ့ ဘင်္ဂလားပင်လယ်အော်ထဲမှာ အဆုံးသတ်ပါတယ်။ ဒါပေမဲ့ ဒီမြစ်ရေစီးကို ပိတ်ဆို့ကန့်သတ်ပြီး သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုနဲ့ ပထဝီနိုင်ငံရေးတင်းမာမှုတွေ သယ်ဆောင်လာမယ့် တရုတ်အစိုးရရဲ့ စီမံကိန်းဟာ ဒီမြစ်ရဲ့ တစ်နေရာမှာ မွေးဖွားလာခဲ့ပါပြီ။ ကမ္ဘာ့အကြီးမားဆုံး အခြေခံအဆောက်အအုံစီမံကိန်း ဗြဟ္မပုတ္တရမြစ်ပေါ်မှာ တည်ဆောက်မယ့် ကမ္ဘာ့အကြီးမားဆုံး […]

ယမ်းနံ့သင်းနေသော ထိုင်းဓာတ်ငွေ့ပိုက်လိုင်းထိပ် နတ်အိမ်တောင်စခန်း

Dawei Watch

July 18, 2025

ထိုင်း-မြန်မာနယ်စပ် ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ နောက်ဆုံး နယ်စပ် လက်ကျန်စစ်စခန်းဖြစ်သည့် နတ်အိမ်တောင် အနီးဝန်းကျင်တွင် စစ်ရေးတင်းမာမှု အမြင့်ဆုံးအခြေအနေကို ရောက်နေသည်။ ထားဝယ်ခရိုင်ရှိ နယ်စပ်စခန်းအားလုံးကို KNU နှင့် PDF ပူးပေါင်းတပ်များက တောက်လျှောက်တိုက်ခိုက် သိမ်းပိုက်လာရာ လက်ရှိတွင် နတ်အိမ်တောင်စခန်းသာကျန်တော့သည်။ စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ ပမာဏအများအပြား ရှာဖွေပေးနေသည့် ဇောတိက၊ ရတနာနှင့် ရဲတံခွန် ကမ်းလွန်လုပ်ကွက်များမှ သဘာဝဓာတ်ငွေများကို ကံပေါက်ဒေသသို့ ပို့ဆောင်ပြီး ယင်းမှတစ်ဆင့် ထားဝယ်မြစ်လက်တက် တစ်ခုဖြစ်သော ဇင်းဘာချောင်းတစ်လျှောက် ထိုင်းမြန်မာနယ်စပ် နတ်အိမ်တောင်မှတစ်ဆင့် ထိုင်းသို့ ပို့ဆောင်နေခြင်းဖြစ်သည်။ ယင်းသဘာဝဓာတ်ငွေ့များကို ပိုက်လိုင်းဖြင့် သွယ်တန်းပို့ဆောင်ခြင်းဖြစ်ပြီး ဓာတ်ငွေ့တိုင်းတာရေး စခန်းရှိသည့် နတ်အိမ်တောင်တွင် စစ်ကောင်စီတပ် စခန်းနှစ်ခုရှိသည်။ ထိုင်း-မြန်မာ နယ်စပ်မျဉ်းပေါ် တည်ဆောက်ထားသည့် စစ်ကောင်စီစခန်းတစ်ခုနှင့် အဆိုပါစခန်းမှ မျဉ်းဖြောင့်တိုင်းပါက ၂၈၂၈ […]

ထိုင်းမှာ ပြည်တွင်းဖြစ် ကင်ဆာရောဂါကု ဆေးဝါးသစ်နှစ်မျိုး ထုတ်လုပ်

Dawei Watch

July 14, 2025

ထိုင်းနိုင်ငံဟာ ပြည်တွင်းဖြစ် ကင်ဆာဆေးဝါးအသစ်တွေဖြစ်တဲ့ ‘HERDARA’ နဲ့ ‘IMCRANIB 100’ တို့ကို အောင်မြင်စွာ ထုတ်လုပ်လိုက်နိုင်ပါပြီ။ ဒါကြောင့် ကင်ဆာလူနာတွေအတွက် ဆေးဝါးရရှိမှုဟာ သိသိသာသာ တိုးတက်လာတော့မှာဖြစ်ပြီး ဈေးကြီးတဲ့ ပြည်ပသွင်းကုန်တွေအပေါ် မှီခိုမှုကိုလည်း လျှော့ချနိုင်တော့မှာဖြစ်ပါတယ်။ ဒီအောင်မြင်မှုကြီးကတော့ ဆေးဘက်ဆိုင်ရာ ဆန်းသစ်တီထွင်မှုတွေကို အရမ်းအားပေးတဲ့ တော်ဝင်မင်းသမီး မဟာချူလာဘွန်ရဲ့ ကြိုးပမ်းမှုတွေကနေ ပေါ်ထွက်လာတဲ့ အသီးအပွင့်တွေပါပဲ။ ဘာတွေကောင်းလာစေမလဲ ထိုင်းနိုင်ငံဟာ သူတို့ရဲ့ ကိုယ်ပိုင်ဖြစ်တဲ့ ပြည်တွင်းဖြစ် ကင်ဆာဆေးဝါးနှစ်မျိုးကို ထုတ်လုပ်လိုက်နိုင်တာကြောင့် ဈေးကြီးတဲ့ ပြည်ပသွင်းကုန် လိုအပ်ချက်တွေကို တော်တော်လေး လျှော့ချလာနိုင်တော့မှာဖြစ်ပြီး တစ်နိုင်ငံလုံးက လူနာတွေအတွက် ကင်ဆာကိုကုသနိုင်ဖို့ အခွင့်အလမ်းတွေ ပိုများလာတော့မှာပဲဖြစ်ပါတယ်။ ပြည်တွင်းမှာ ကင်ဆာဆေးဝါးတွေ ထုတ်လုပ်နိုင်တာက လူနာတွေကို ဆေးဝါးရရှိဖို့ ပိုမိုလွယ်ကူလာစေတော့မှာဖြစ်ပြီး ဒီအထူးပြုဆေးဝါးတွေက ပုံမှန်အားဖြင့် ဈေးနှုန်းတွေ အဆမတန် […]

အီလွန်မတ်ရဲ့ ပါတီ အသက်ဝင်လာမှာလား

Dawei Watch

July 13, 2025

အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံအဆင့် ပါတီကြီးတစ်ခု တည်ထောင်ဖို့ဆိုတာဟာ အင်္ဂါဂြိုဟ်ဆီကို လူသားတစ်ယောက် စေလွှတ်ရတာထက် ပိုခက်ခဲတယ်လို့ The New York Times က ဆိုပါတယ်။ ဒါပေမဲ့ဒီနှစ်ခုစလုံးကို ဖြစ်အောင် လုပ်မယ်လို့ ထုတ်ပြောလာသူကတော့ ဒီရက်ပိုင်းအတွင်းမှာပဲ ပေါ်ထွက်လာခဲ့ပါပြီ။ ကမ္ဘာ့အချမ်းသာဆုံးလူသား အီလွန်မတ်ပါပဲ။ “ခင်ဗျားတို့ရဲ့ လွတ်လပ်ခွင့်ကို ခင်ဗျားတို့ဆီ ပြန်ပေးဖို့ ဒီနေ့မှာ အမေရိကပါတီကို တည်ထောင်လိုက်ပါပြီ” အမေရိကပါတီ(America Party) ဆိုတဲ့ နာမည်နဲ့ ပါတီသစ်တစ်ခုကို တည်ထောင်လိုက်ပြီလို့ ဇွန်လ ၅ ရက်နေ့မှာ အီလွန်မတ်က ကြေညာလိုက်ပါတယ်။ သူ့ရဲ့ ပါတီဟာ ရီပတ်ဘလင်ကန်နဲ့ ဒီမိုကရက်တစ်ပါတီတို့ ကြီးစိုးနေတဲ့ အမေရိကန်နိုင်ငံရေးစနစ်ကို စိန်ခေါ်ဖို့ ရည်ရွယ်တယ်လို့ အီလွန်မတ်က ဆိုပါတယ်။ အမေရိကန်နိုင်ငံရေးရဲ့ အနာဂတ်ကို လွှမ်းမိုးနိုင်မယ့် နိုင်ငံရေးပါတီတစ်ခုဖြစ်လာဖို့ မျှော်လင့်တယ်လို့လည်း […]

မက်ဂရီဂေါ်ရဲ့ BKFC မှာ မြန်မာ့ရိုးရာလက်ဝှေ့ကို ထည့်သွင်းကျင်းပတော့မယ်

Dawei Watch

July 11, 2025

UFC ရဲ့ နာမည်ကျော် ဖိုက်တာ ကွန်နော် မက်ဂရီဂေါ် (Conor McGregor) က ရှယ်ယာအများစုကို ပိုင်ဆိုင်ပြီး ပူးတွဲပိုင်ရှင်အဖြစ် ရပ်တည်နေတဲ့ BKFC (Bare Knuckle Fighting Championship) ပြိုင်ပွဲကနေ မြန်မာ့ရိုးရာလက်ဝှေ့ကို သူတို့ရဲ့ ပြိုင်ပွဲတွေမှာ ထည့်သွင်းကျင်းပတော့မယ်လို့ တရားဝင် ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ BKFC ဆိုတာ ဘာလဲ BKFC ဆိုတာ လက်သီးဗလာ တိုက်ခိုက်ရေး (Bare Knuckle Boxing) ပြိုင်ပွဲတွေကို ဦးဆောင်ကျင်းပနေတဲ့ ကမ္ဘာ့ထိပ်တန်း ပရိုမိုးရှင်းတစ်ခု ဖြစ်ပါတယ်။ မက်ဂရီဂေါ်လို နာမည်ကြီး ဖိုက်တာတစ်ဦးက ရှယ်ယာအများစု ပိုင်ဆိုင်ပြီး ပူးတွဲပိုင်ရှင်အဖြစ် ပါဝင်နေတာကြောင့် ဒီပရိုမိုးရှင်းရဲ့ ဩဇာလွှမ်းမိုးမှုက ပိုပြီး ကြီးမားလာပါတယ်။ လက်သီးဗလာတိုက်ခိုက်ရေးဆိုတာကလည်း ပြင်းထန်ပြီး ကြည့်လို့ကောင်းတဲ့ […]

ကြိုးတန်းပေါ်က နန်းဆက်

Dawei Watch

July 6, 2025

ကမ္ဘာပေါ်က ဝင်ငွေအလယ်အလတ်အဆင့်တိုင်းပြည်တွေထဲမှာ စစ်အာဏာသိမ်းမှုတွေ ပုံမှန်ဖြစ်နေတဲ့ တစ်ခုတည်းသော တိုင်းပြည်ဟာ ထိုင်းနိုင်ငံပဲ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရေးလောကကို လူတစ်ယောက်နဲ့ သူ့မိသားစုရဲ့ နာမည်က ၂၅ နှစ်ကြာ လွှမ်းမိုးလာခဲ့ပါတယ်။ သက်ဆင်နဲ့ သူ့ရဲ့ ရှင်နာဝပ်မိသားစုပါပဲ။ လက်ရှိဖြစ်ပေါ်နေတဲ့ ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုတွေကြားမှာ ရှင်နာဝပ်မိသားစုဝင် ထိုင်းဝန်ကြီးချုပ် တစ်ယောက်ဟာ နောက်တစ်ကြိမ် အာဏာလက်လွှတ်ရမယ့် အနေအထားမျိုး ရောက်လာခဲ့ပါတယ်။ မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။ ရှင်နာဝပ်နန်းဆက်ရဲ့ နေဝင်ချိန် စနေပြီလား။ ကြိုးတန်းပေါ်က နန်းဆက် ဇူလိုင်လ ၁ ရက်နေ့မှာ ထိုင်းနိုင်ငံရဲ့ အခြေခံဥပဒေခုံရုံးက ဝန်ကြီးချုပ်ပေထုန်တန်ရှင်နာဝပ်ကို ရာထူးကနေ ဆိုင်းငံ့လိုက်ပါတယ်။ လက်ရှိဖိအားပေါင်းစုံအောက်မှာ အာဏာဆက်မြဲဖို့ ရုန်းကန်နေရတဲ့ ပေထုန်တန်ရဲ့ အစိုးရအတွက် ဧရာမထိုးနှက်ချက်တစ်ခု ဖြစ်ပါတယ်။ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ပေထုန်တန်တို့အကြားက အငြင်းပွားနယ်စပ်အရေး ဖုန်းပြောဆိုမှုအသံဖိုင် […]