သားသမီးမဲ့ အမယ်အို၏ ဆည်းဆာချိန်
diz_admin
December 31, 2020အသားဖြူဖြူ ရုပ်ရည်သန့်သန့် အမယ်အို တစ်ဦး တဲလေးတစ်လုံးရှေ့ထိုင်ကာ လမ်းသွား လမ်းလာသူများကို ငေးကြည့်နေသည်။ မြိတ်မြို့၊ ဇေယျာသီရိ (၁) ရပ်ကွက် အုန်းတော စာသင်ကျောင်းလမ်းအဆုံး ၁၀ ပေပတ်လည်ခန့်ရှိသည့် တဲကလေးတစ်လုံးတွင် ထိုင်ကာငေးကြည့် နေခြင်းဖြစ်သည်။ အမယ်အိုအမည်က “ဒေါ်ဖွားရှမ်း”။ အသက် ၉၅ နှစ်ရှိပြီဖြစ်သော်လည်း အရွယ်က အသက်လောက် မအိုစာသေးသလို ထိုင်ထသွားလာနိုင်သေးသည်။ ယခင်က သူ့တွင် သားသမီး တစ်ဒါဇင်ကျော် ရှိခဲ့ဖူးသည်။ သို့သော် ယခုအချိန်တွင် သားသမီးအားလုံး အိမ်ထောင်ရာသားကျနေကြပြီဖြစ်ပြီး မည်သည့်နေရာတွင် ရောက်ရှိနေကြသည်ဟု သူ မသိတော့။ မြို့ပေါ်တွင်လည်း တစ်ယောက်မှမရှိသလို အဆက်အသွယ်မရသည်မှာလည်း နှစ်ပေါင်းများစွာ ကြာပြီဟု အမယ်အိုကပြောပြသည်။ “နေမကောင်း၊ စားမကောင်းဖြစ်ရင် ကိုယ့်သားသမီးတွေကို ပိုသတိရတယ်။ တစ်ယောက်တစ်ယောက် ရောက်လာမလား၊ မျှော်နေရတာပေါ့” အမယ်အို၏ […]


