လေ့လာတွေ့ရှိချက်အသစ်အရ တစ်ညလောက် အိပ်ရေးပျက်ခြင်းက လူတွေရဲ့နေ့စဉ်စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ သုခချမ်းသာ ကို အနှောင့်အယှက်ဖြစ်စေဖို့ လုံလောက်မှုရှိပါတယ်။ အိပ်ရေးပျက်တာဟာ နေ့စဉ်ရက်ဆက်ဖြစ်လာပြီဆိုရင်တော့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ဆိုးကျိုးသက်ရောက်မှုတွေ မြင့်တက်လာမှာ ဖြစ်ပါတယ်။ “အိပ်ရေးပျက်တာ များလာတာနဲ့အမျှ အပြုသဘောဆောင်တဲ့ အကောင်းမြင်စိတ်ခံစားမှုတွေ ယုတ်လျော့လာပြီး၊ အဆိုးမြင်စိတ်ခံစားမှုတွေ တိုးလာနိုင်တယ်။ နောက်ပြီး ရုပ်ပိုင်းဆိုင်ရာ ရောဂါလက္ခဏာတွေ ပိုမိုဆိုးရွားပြင်းထန်လာနိုင်တယ်”လို့ Soomi Lee က ဆိုပါတယ်။ Lee ဟာ the University of South Florida’s School of Aging Studies မှ တွဲဖက်ပါမောက္ခတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် အိပ်စက်ခြင်း၊ ဖိစီးမှုနဲ့ ကျန်းမာရေးဆိုင်ရာ သုတေသနခန်း ရဲ့ ဒါရိုက်တာတစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ အိပ်စက်ခြင်းနဲ့ […]