Gen Z နိုင်ငံရေးလှုပ်ရှားမှုများနဲ့တောင်အာရှ
Dawei Watch
September 22, 2025လုံခြုံရေးတပ်ဖွဲ့တွေ ချထားတဲ့ အတားအဆီးဘယ်ရီကိတ်တွေကို ဖြတ်ကျော်ပြီးတော့ လူပင်လယ်ကြီးဟာ နိုင်ငံ့ခေါင်းဆောင်ရဲ့ စံအိမ်တော်ထဲကို စီးနင်းဝင်ရောက်လာခဲ့ပြီ။ လူအုပ်ကြီးဟာ ပြတင်းပေါက်တွေနဲ့ ရှေးဟောင်းပစ္စည်းတွေကို ရိုက်ခွဲဖျက်စီးနေကြပြီ။ ဇိမ်ခံမွေ့ယာတွေနဲ့ ရှူးဖိနပ်တွေကို ယူသူက ယူနေကြပြီ။ နိုင်ငံ့ခေါင်းဆောင်ရဲ့ နေအိမ်စင်္ကြံလမ်းမှာ ဖုန်ပေကျံနေတဲ့ ခြေလှမ်းတွေနဲ့ ခြေသံတွေ ပဲ့တင်ထပ်နေခဲ့ပြီ။ ဒါဟာ မကြာသေးခင်က နီပေါနိုင်ငံရဲ့ မြင်ကွင်း ဖြစ်ပါတယ်။ ဒီလိုအခြေအနေမျိုး ၂၀၂၂ ခုနှစ်က သီရိလင်္ကာနိုင်ငံမှာလည်း ဖြစ်ပျက်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလည်း ဒီအနေအထားကို တွေ့ခဲ့ရပါတယ်။ ဒီသုံးနိုင်ငံစလုံးရဲ့ ဖြစ်စဉ်မှာ တူညီတာတစ်ခုကတော့ ဒီလိုမျိုး လူထုအုံကြွဆန္ဒပြမှုတွေမှာ Gen Z လူငယ်တွေက အဓိကအခန်းကဏ္ဍမှာ ရှိနေခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေအထူထပ်ဆုံးနေရာဖြစ်တဲ့ တောင်အာရှဒေသဟာ ၂၀၂၀ ပြည့်နှစ်လွန်အချိန်ကစပြီး ကမ္ဘာပေါ်မှာ နိုင်ငံရေးမတည်ငြိမ်မှု အများဆုံးဒေသတွေထဲကတစ်ခု […]


