လေကြောင်းတိုက်ခိုက်မှု အရှိန်မြှင့်ရန် ရုရှားလေယာဉ်ဆီ လီတာသိန်းချီ မြိတ်သို့ရောက်နေ
Dawei Watch
August 29, 2024ရုရှားထံမှရရှိသည့် လေယာဉ်ဆီဖြင့် တနင်္သာရီတိုင်းမှာ လေကြောင်းတိုက်ခိုက်မှုအရှိန်မြှင့်ရန် စစ်ကောင်စီပြင်ဆင်နေ သည်။ တောင်ပိုင်းစစ်မျက်နှာတွင် အရှုံးများဖြင့် ရင်ဆိုင်နေရပြီး မြေပြင်စိုးမိုးနယ်မြေလျော့ကျလာသောကြောင့် လေကြောင်းကို အဓိကအားပြု တန်ပြန်တိုက်စစ်ဆင်ရန် စစ်ကောင်စီ ကမ်ရိုးတန်းတိုင်းစစ်ဌာနချုပ်က ပြင်ဆင်လာခြင်းဖြစ်သည်။ တပ်ရင်းများ၊ တပ်စခန်းများနှင့် စစ်ကြောင်းများ တိုက်ခိုက်ခံရတိုင်း စစ်ကောင်စီလေတပ်၏ ရဟတ်ယာဉ်နှင့် တိုက်လေယာဉ်များဖြင့် တန်ပြန်ဗုံးကြဲတိုက်ခိုက်လေ့ရှိသည်က စစ်ကောင်စီ၏ ဗျူဟာတစ်ခုဖြစ်သည်။ လာမည့်ပွင့်လင်းရာသီတွင် ကမ်းရိုးတန်းစစ်ဌာနချုပ်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ အရှိန်မြှင့်ရန်အတွက် ရုရှားထံမှ ရရှိသည့် လေယာဉ်ဆီလီတာသိန်းချီ မြိတ်ခရိုင်ထဲသို့ ရောက်ရှိနေသည်။ တိုက်လေယာဉ်နှင့် ရဟတ်ယာဉ်များအတွက် လိုအပ်သည့် လေယာဉ်ဆီကို ရုရှားနိုင်ငံမှတစ်ဆင့် ရေနံတင်သင်္ဘောဖြင့် မလိကျွန်းရှိ တနင်္သာရီရေတပ်စခန်းဌာနချုပ်သို့ ယခုရက်ပိုင်းအတွင်း ရောက်ရှိလာခြင်းဖြစ်သည်။ Dawei Watch ၏ စစ်ကောင်စီတပ်အရင်းအမြစ်များ၏အဆိုအရ လေယာဉ်ဆီ လီတာ သုံးသိန်းတင်ဆောင်လာသည့် ရေနံတင်သင်္ဘောမှာ တနင်္သာရီရေတပ်စခန်းသို့ ဩဂုတ်လ […]