မပြိုင်မီက နိုင်နှင့်သည့် ကိုယ်စားလှယ်များနှင့် မွန်-တနင်္သာရီနယ်စပ်က ရွေးကောက်ပွဲ
Dawei Watch
January 11, 2026စစ်ကော်မရှင်က ယနေ့ (ဇန်နဝါရီ ၁၁)ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂)တွင် တနင်္သာရီတိုင်းမှ ရေဖြူ၊ ကျွန်းစုနှင့် တနင်္သာရီ မြို့နယ်သုံးခုပါဝင်ခဲ့ပြီး ရေဖြူမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်နှစ်ဦးမှာ မပြိုင်မီကတည်းက နိုင်နှင့်နေပြီ ဖြစ်သည်။ ရေဖြူမြို့နယ်သည် ရေဖြူမြို့၊ ကလိန်အောင်မြို့၊ နဘုလယ်တိုက်နယ်နှင့် ကံပေါက်တိုက်နယ်တို့ဖြင့် ဖွဲ့စည်းထားသည့် မြို့နယ်တစ်ခုဖြစ်သည်။ Myanmar Information Management Unit (MIMU) ၏ စာရင်းအရ ရေဖြူမြို့နယ်၌ ရပ်ကွက်ရှစ်ခုနှင့် ကျေးရွာအုပ်စု ၃၄ အုပ်စု ရှိသည်။ စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်များအရ ရေဖြူမြို့နယ်၌ ရွေးကောက်ပွဲ မလုပ်နိုင်သည့် ကျေးရွာအုပ်စုမှာ ၂၆ ခု ရှိသဖြင့် မြို့နယ်၏ နယ်မြေ ၂၅ ရာခိုင်နှုန်းဝန်းကျင်သာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းဖြစ်သည်။ ကျင်းပသည့် […]


