ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

သတင်းဆောင်းပါး

မပြိုင်မီက နိုင်နှင့်သည့် ကိုယ်စားလှယ်များနှင့် မွန်-တနင်္သာရီနယ်စပ်က ရွေးကောက်ပွဲ

Dawei Watch

January 11, 2026

စစ်ကော်မရှင်က ယနေ့ (ဇန်နဝါရီ ၁၁)ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂)တွင် တနင်္သာရီတိုင်းမှ ရေဖြူ၊ ကျွန်းစုနှင့် တနင်္သာရီ မြို့နယ်သုံးခုပါဝင်ခဲ့ပြီး ရေဖြူမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီမှ ကိုယ်စားလှယ်နှစ်ဦးမှာ မပြိုင်မီကတည်းက နိုင်နှင့်နေပြီ ဖြစ်သည်။ ရေဖြူမြို့နယ်သည် ရေဖြူမြို့၊ ကလိန်အောင်မြို့၊ နဘုလယ်တိုက်နယ်နှင့် ကံပေါက်တိုက်နယ်တို့ဖြင့် ဖွဲ့စည်းထားသည့် မြို့နယ်တစ်ခုဖြစ်သည်။ Myanmar Information Management Unit (MIMU) ၏ စာရင်းအရ ရေဖြူမြို့နယ်၌ ရပ်ကွက်ရှစ်ခုနှင့် ကျေးရွာအုပ်စု ၃၄ အုပ်စု ရှိသည်။ စစ်ကော်မရှင်၏ ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်များအရ ရေဖြူမြို့နယ်၌ ရွေးကောက်ပွဲ မလုပ်နိုင်သည့် ကျေးရွာအုပ်စုမှာ ၂၆ ခု ရှိသဖြင့် မြို့နယ်၏ နယ်မြေ ၂၅ ရာခိုင်နှုန်းဝန်းကျင်သာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းဖြစ်သည်။ ကျင်းပသည့် […]

ပေါက်ကွဲပစ်ခတ်မှုများဖြင့် ထားဝယ်မြို့နယ်က ရွေးကောက်ပွဲ

Dawei Watch

December 28, 2025

လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရန် အာမခံထားသောကြောင့် နာမည်ပျက်မခံဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့မဲပေးအပြီးတွင် မီီဒယာများကို ပြောဆိုလိုက်သည်။ သို့သော် ပဋိပက္ခများအကြား၊ ဖိအားပေးမှုများအကြား လက်နက်ကိုင် တရုန်းရုန်းဖြင့် ကျင်းပခဲ့သော ရွေးကောက်ပွဲမှာ တရားမျှတမှု၊ လွတ်လပ်မှုများ မရှိဟု ပြည်သူအများစုက ဆိုကြသည်။ ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် တနင်္သာရီတိုင်းအတွင်း၌လည်း မြို့နယ် ၄ ခုတွင် ရွေးကောက်ပွဲပြုလုပ်ခဲ့ပြီး ထားဝယ်မြို့နယ်တွင်တော့ ထားဝယ်အရှေ့တောဒေသ(ထိုင်းမြန်မာနယ်စပ်) တစ်ခွင်လုံးနှင့် မြို့ဝန်းကျင် ကျေးရွာအုပ်စုနှစ်ခုမှအပ မြို့ပေါ်ရပ်ကွက်အားလုံးနှင့် စစ်အုပ်စုလက်လှမ်းမီသမျှ ကျေးရွာအုပ်စုများတွင် မဲရုံများ ဖွင့်လှစ်ထားသည်။ ထားဝယ်မြို့နယ်တွင် မဲပေးခွင့်ရှိသူ ကိုးသောင်းကျော်ရှိပြီး မဲရုံ ၄၉ ရုံဖြင့် ရွေးကောက်ပွဲပြုလုပ်နေကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။ စစ်ကော်မရှင်၏ ယနေ့ရွေးကောက်ပွဲတွင် မဲပေးသူ အထိုက်အလျှောက်ရှိခဲ့ပြီး […]

ရွေးကောက်ပွဲနီးချိန် ထားဝယ်ကို စစ်မီးမြှိုက်လာသည့် စစ်အုပ်စု

Dawei Watch

December 13, 2025

စစ်အုပ်စုက ရွေးကောက်ပွဲကျင်းပရန် နှစ်ပတ်သာလိုတော့ချိန်တွင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပတ်ပတ်လည်၌ တိုက်ပွဲများ ပြင်းထန်လာနေသည်။ ထားဝယ်မြို့မှ မြောက်ဘက်ရှိ ရေဖြူမြို့နှင့် တောင်ဘက်ရှိ လောင်းလုံးမြို့နယ်အနီးဝန်းကျင်တို့တွင် တော်လှန်ရေးအဖွဲ့များ ၏ စစ်ရေးလှုပ်ရှားမှုများ အားကောင်းလာပြီး စစ်အာဏာရှင်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ် လျက် ရှိသည်။ ထို့အပြင် မြို့၏အရှေ့ဘက်ခြမ်း ဝင်ပေါက်မှ တော်လှန်ရေးတပ်များ ချဉ်းကပ်လာနိုင်သည်ဟု ယူဆရသည့် ကျေးရွာချင်းဆက်တံတား ငါးခုကိုလည်း ရွေးကောက်ပွဲနီးကပ်လာချိန်တွင် စစ်အာဏာရှင်တပ်က ဖျက်ဆီးပစ်ခဲ့သည်။ ထားဝယ်မြို့နယ်တွင် ရွေးကောက်ပွဲကျင်းပရန် အားခဲထားသည့် စစ်အုပ်စုက ရွေးကောက်ပွဲ အထိအခိုက်မရှိစေရန် ပြည်သူလူထု၏ အသက်အိုးအိမ်စိမ်းစည်များကို ရန်ပြုကာ အသည်းအသန် ကြိုးပမ်းနေသည်။ စစ်အုပ်စု၏ ထားဝယ်မြို့နယ် ရွေးကောက်ပွဲခြေလှမ်းက မည်သို့ ရှိနေပါသနည်း။ စစ်အုပ်စု ရွေးကောက်ပွဲအခြေအနေ စစ်အုပ်စုက ဒီဇင်ဘာလ ၂၈ ရက်တွင် […]

ရှင်သန်ရေး ရုန်းကန်နေရသည့် ဒေသဒူးရင်းများ

Dawei Watch

September 2, 2025

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်အဝင်ရှိ မြို့အဝင်ဆိုင်းဘုတ်ကို ဒူးရင်းသီးပုံဖြင့် ဂုဏ်ယူစွာ ရုပ်လုံးဖော်ထားသည်။ တနင်္သာရီတိုင်းသည် ဒူးရင်းပင် စိုက်ပျိုးဖြစ်ထွန်းသော ဒေသတစ်ခု၊ အထူးသဖြင့် ရေဖြူ၊ သရက်ချောင်း၊ တနင်္သာရီနှင့် ထားဝယ်ဒေသတို့သည် အရသာထူးကဲသော ဒူးရင်းသီးများ ထွက်ရှိရာဒေသများဟု နာမည်ကျော်ကြားသည်။ သို့သော်လည်း လက်ရှိအချိန်တွင် ဒေသထွက် ဒူးရင်းသီးများမှာ ပြည်ပမှ ဝင်ရောက်လာသော ကိုင်းကူးမျိုးစပ် ဒူးရင်းသီးများအကြား မျက်နှာငယ်နေရပြီ ဖြစ်သည်။ ဒူးရင်းပင်သည် ထားဝယ်ဒေသ သို့မဟုတ် မြန်မာနိုင်ငံ၏ ဒေသမျိုးရင်းအပင် မဟုတ်သော်လည်း ထားဝယ်ဒေသ၌ ဆယ်စုနှစ်များစွာ ပေါက်ရောက်ရှင်သန်နေသော အပင်အမျိုးအစားတစ်ခု ဖြစ်နေခြင်းကြောင့် ဒေသမျိုးအဖြစ်ပြောဆိုကြသည်။ သို့သော် ယနေ့တွင်တော့ ဒူးရင်းပင်စိုက်ပျိုးသူများမှာ ဆယ်စုနှစ်များစွာ အရိုင်းဆန်စွာ ရှင်သန်ပေါက်ရောက်နေသော ဒေသတွင်းမျိုးရင်း ဒူးရင်းပင်များထက် မလေးရှားနှင့် ထိုင်းနိုင်ငံတို့မှ ကိုင်းကူးမျိုးဆက်များကိုသာ အသာပေး စိုက်ပျိုးလာကြသည်။ နှစ်ကာလကြာရှည် […]

ယမ်းနံ့သင်းနေသော ထိုင်းဓာတ်ငွေ့ပိုက်လိုင်းထိပ် နတ်အိမ်တောင်စခန်း

Dawei Watch

July 18, 2025

ထိုင်း-မြန်မာနယ်စပ် ထားဝယ်ခရိုင်အတွင်းရှိ စစ်ကောင်စီ၏ နောက်ဆုံး နယ်စပ် လက်ကျန်စစ်စခန်းဖြစ်သည့် နတ်အိမ်တောင် အနီးဝန်းကျင်တွင် စစ်ရေးတင်းမာမှု အမြင့်ဆုံးအခြေအနေကို ရောက်နေသည်။ ထားဝယ်ခရိုင်ရှိ နယ်စပ်စခန်းအားလုံးကို KNU နှင့် PDF ပူးပေါင်းတပ်များက တောက်လျှောက်တိုက်ခိုက် သိမ်းပိုက်လာရာ လက်ရှိတွင် နတ်အိမ်တောင်စခန်းသာကျန်တော့သည်။ စစ်ကောင်စီအတွက် နိုင်ငံခြားဝင်ငွေ ပမာဏအများအပြား ရှာဖွေပေးနေသည့် ဇောတိက၊ ရတနာနှင့် ရဲတံခွန် ကမ်းလွန်လုပ်ကွက်များမှ သဘာဝဓာတ်ငွေများကို ကံပေါက်ဒေသသို့ ပို့ဆောင်ပြီး ယင်းမှတစ်ဆင့် ထားဝယ်မြစ်လက်တက် တစ်ခုဖြစ်သော ဇင်းဘာချောင်းတစ်လျှောက် ထိုင်းမြန်မာနယ်စပ် နတ်အိမ်တောင်မှတစ်ဆင့် ထိုင်းသို့ ပို့ဆောင်နေခြင်းဖြစ်သည်။ ယင်းသဘာဝဓာတ်ငွေ့များကို ပိုက်လိုင်းဖြင့် သွယ်တန်းပို့ဆောင်ခြင်းဖြစ်ပြီး ဓာတ်ငွေ့တိုင်းတာရေး စခန်းရှိသည့် နတ်အိမ်တောင်တွင် စစ်ကောင်စီတပ် စခန်းနှစ်ခုရှိသည်။ ထိုင်း-မြန်မာ နယ်စပ်မျဉ်းပေါ် တည်ဆောက်ထားသည့် စစ်ကောင်စီစခန်းတစ်ခုနှင့် အဆိုပါစခန်းမှ မျဉ်းဖြောင့်တိုင်းပါက ၂၈၂၈ […]

ထိုင်း‘မူကထ’ဆိုင်များတွင် ပြာဖြစ်သွားသည့် မြန်မာ့ဒီရေတောများ

Dawei Watch

June 28, 2025

ထိုင်းနိုင်ငံတွင် ‘မူကထ’ ဆိုင်များမှာ လူကြိုက်များသည့် စားသောက်ဆိုင်များဖြစ်ပြီး ထိုင်းနိုင်ငံအနှံ့တွင် တွေ့နိုင်သလို စားသုံးသူများဖြင့် စည်ကားနေလေ့ရှိသည်။ ယင်းစားသုံးသူများမှာ မြန်မာနိုင်ငံရှိ ဒီရေတောများ ပျက်စီးစေရေးအတွက် တစ်နည်းတစ်ဖုံ ပါဝင်ကူညီနေသူများ ဖြစ်နေသည်ကိုတော့ သတိပြုမိဟန်မတူကြပေ။ ထိုင်းနိုင်ငံတွင် ‘မူကထ’ ဆိုင်များ ရောင်းအားကောင်းနေသည်နှင့်အမျှ မြန်မာနိုင်ငံရှိ ဒီရေတောများ ပိုမိုပျောက်ကွယ်လာသည်။ မူကထ ဆိုသည်မှာ အဝစား အကင်ဆိုင်များဖြစ်ပြီး ဒယ်အိုးခုံးပေါ်တွင် အသားနှင့် ပင်လယ်စာများတင်၍ ကင်ပြီးစားကြခြင်းဖြစ်သည်။ ဒယ်အိုးအခုံး ပတ်ပတ်လည်တွင် အရည်ထည့်ရသည့် မြောင်းပါသဖြင့် အကင်များမှ ကျလာသည့် အရည်များမှာ ယင်းမြောင်းထဲရှိ အရည်များအတွင်း စီးဝင်ပြီး အရသာရှိသည့် ဟော့ပေါ့ကိုလည်း တွဲဖက်စားသုံးနိုင်သဖြင့် လူကြိုက်များခြင်းဖြစ်သည်။ ယင်းမူကထဆိုင် ထောင်ပေါင်းများစွာအတွက် မရှိမဖြစ်ပစ္စည်းက မီးခိုးအထွက်နည်းပြီး မီးတောက်အားကောင်းသည့် အရည်အသွေးကောင်း မီးသွေးပင်ဖြစ်သည်။ ယင်းမီးသွေးမှာ မီးအားကောင်းကာ […]

တစ်ကျော့ပြန် လောင်းလုံးတိုက်ပွဲကြားက ပြည်သူတွေ

Dawei Watch

June 6, 2025

လောင်းလုံးမြို့မှာ မေလ ၃၀ ရက်ကစပြီး တိုက်ပွဲတွေ တစ်ကျော့ပြန်ဖြစ်ပွားလာနေပြန်ပါပြီ။ တဝေါဝေါရွာချနေတဲ့ မိုးသံတွေကြားထဲ လက်နက်ကြီးပစ်ခတ်သံတွေဟာ မကြားတစ်ချက် ကြားတစ်ချက်မို့ အာရုံစိုက် နားစွင့်နေကြရပါတယ်။ လောင်းလုံးကျွန်းဆွယ်ဟာ မေလအကုန် ဇွန်လဆိုရင် မိုးကောင်းကောင်းရွာနေပါပြီ။ မိုးနဲ့အတူ မိုးခြိမ်းသံတွေလည်း ဆူညံနေလေ့ရှိပါတယ်။ တိုက်ပွဲထဲ ပစ်နေကြတဲ့ လက်နက်ကြီးသံတွေအနဲ့အတူ မိုးခြိမ်းသံတွေ ရောထွေးယှက်တင်ပါပဲ။ တစ်ခါတလေ လက်နက်ကြီးပစ်သံကို မိုးခြိမ်းသံလို့ ထင်နေတာရှိသလို မိုးခြိမ်းသံကိုလည်း လက်နက်ကြီးသံထင်ပြီး ထထပြေးရတဲ့အခါလည်း ရှိတတ်ပါသေးတယ်။ ဒါ့အပြင်မိုးရာသီဆိုတော့ စစ်ဘေးရှောင်ရတာ ကသီလှပါတယ်။ အရင်ကထက် အဝတ်အစား အပိုတွေထည့်သွားရတာရယ်၊ ဖုန်းနဲ့ ပါဝါဘဏ်တွေ ရေမစိုဖို့ ဂရုစိုက်ရတာရယ်နဲ့ ကရိကထများလှပါတယ်။ တိုက်ပွဲအခြေအနေ မေလ ၃၀ ရက်နဲ့ ၃၁ ရက်နေ့တွေမှာပဲ နှစ်ဖက်တိုက်ပွဲတွေ အဓိကဖြစ်ပွားခဲ့တာပါ။ မေလ ၃၀ ရက်မှာ […]

ကူရာမဲ့ လာအိုရောက် မြန်မာလုပ်သားများ

Dawei Watch

May 22, 2025

လာအို-မြန်မာ နှစ်နိုင်ငံသဘောတူညီချက်စာချုပ်(MoU)ဖြင့် စေလွှတ်ခြင်းခံရသော မြန်မာအလုပ်သမားများ လာအိုတွင် လုပ်အားခေါင်းပုံဖြတ်ခံနေရသော်လည်း ကူညီဖြေရှင်းပေးမည့်သူ မရှိဘဲ ကူရာမဲ့အခြေအနေကို ရင်ဆိုင်နေကြရသည်။ မြန်မာလုပ်သားများမှာ ပုံမှန်အလုပ်ချိန် ၈ နာရီထက် ကျော်လွန်ပြီး တစ်နေ့အလုပ်ချိန် ၁၀ နာရီအထိ ဆင်းနေရသလို လုပ်အားနှင့် အခြားအခွင့်အရေးများ ခေါင်းပုံဖြတ်ခံနေရသည်။ လာအိုရှိ စက်ရုံတွင်လုပ်ကိုင်နေသော မြန်မာအလုပ်သမားများမှာ စာချုပ်ပါ အချက်အလက်များအတိုင်း ခံစားခွင့်များမရပဲ အလုပ်ချိန် ဆယ်နာရီကျော်နှင့် အချိန်ပိုကြေးများပါ ပုံမှန် ရရှိခဲ့ခြင်းမရရှိသည့်အပြင် ကျန်းမာရေးစောင့်ရှောက်ခွင့်လည်း မရကြပေ။ ထို့အပြင် အလုပ်ချိန် ၈ နာရီသာလုပ်ရကြောင်း၊ နာမကျန်းခွင့်နှင့် လူမှုဖူလုံရေးခံစားခွင့်များကို ဆောင်ရွက်ပေးထားကြောင်း ရေးသားထားသော စာရွက်တွင်လည်း စက်ရုံတာဝန်ရှိသူက အလုပ်သမားများကို အတင်းအကျပ် လက်မှတ်ထိုးခိုင်းသည်။ ယင်းဖြစ်စဉ်များကို ထုတ်ဖော်ပြောဆိုသော အလုပ်သမားများကိုလည်း စက်ရုံဘက် အလုပ်ထုတ်နေသဖြင့် အလုပ်သမားအများစု မပြောဆိုရဲကြပေ။ […]