ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ
• သရက်ချောင်းက ဥတ္တူနဲ့စော်ဖျားရွာကို လေယာဉ်နဲ့ဗုံးကြဲလို့ ကလေးအပါအဝင် သုံးဦးသေဆုံး
• ထားဝယ် မောင်မယ်ရှောင်အုပ်စုရှိ နေအိမ်တွေကို စစ်အာဏာရှင်တပ် မီးရှို့
• စစ်အာဏာရှင်တပ်လက်နက်ကြီးကြောင့် ကျွဲထိန်းကုန်းရွာသားတစ်ဦးသေဆုံးပြီး ကလေးအပါ နှစ်ဦးဒဏ်ရာရ
• ကော့သောင်းမြို့ခံတွေဆီက ကျပ်သိန်းပေါင်း သောင်းချီ လိမ်လည်ပြီးထွက်ပြေး
• မြိတ်မှာ လေးလအတွင်း လျှပ်စစ်တစ်ယူနစ် ကျပ်တစ်ထောင်ကျော် ဈေးတက်တဲ့ သတင်းအပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
• ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ် ” လက်ညှိုးလေး တစ်ချက်အလှုပ်မှာ ပေါက်ကွဲသွားနိုင်တဲ့ လက်ဖဝါးပေါ်က မိုင်းတွေ” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။
DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။
Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။






