Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အရေးမယူနိုင်လို့ ကမ်းဝေးငါးဖမ်းလှေတွေ ကမ်းနီးဝင်ဖမ်းတာတွေ ပိုပြီးအတင့်ရဲလာနေတဲ့သတင်း
- ပလုံကောက်တဲ့ ပုလောမြို့နယ်က အမျိုးသမီးတစ်ဦး မိုင်းနင်းမိပြီးသေဆုံးသွားတဲ့အကြောင်း
- ကွမ်းသီးအနု ဈေးပြန်ကျလာလို့ တောင်သူများတွက်ခြေမကိုက် ဖြစ်လာနေတဲ့ အခြေအနေ
- ဖူးခက်မြို့မှာ မြန်မာနိုင်ငံသားတစ်ဦး အရက်မူးပြီး ယာဉ်တိုက်မှုဖြစ်ပွားလို့ လူနှစ်ဦးသေဆုံးခဲ့ရတာ
- ထိုင်းမှာနေထိုင်ခွင့် အထောက်အထားသက်တမ်းတိုးကိစ္စ စကားများပြီး မြန်မာပွဲစား ဓားထိုးခံရလို့ သေဆုံးသွားတဲ့အကြောင်း
စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။






