ထားဝယ်ဈေးကွက်တွင် ယခုသီတင်းပတ်အတွင်း ကြက်သွန်နီနှင့်ကြက်သွန်ဖြူ(ကြူကုတ်) ဈေးအနည်းငယ် မြင့်တက်နေသည်။
ပြီးခဲ့သည့်သီတင်းပတ်ဖြစ်သည့် ဒီဇင်ဘာ ၂၈ ရက်နေ့က ထားဝယ်ဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာ ၃၀၀၀ကျပ်၊နှင်ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာ ၁၃၅၀၀ကျပ်သာရှိသည်။
ယခုသီတင်းပတ်ဖြစ်သည့် ဇန်နဝါရီ ၄ ရက်နေ့တွင်မူ ကြက်သွန်နီတစ်ပိဿာ ၃၅၀၀ကျပ်နှင့် ကြက်သွန်ဖြူ(ကြူကုတ်)တစ်ပိဿာ ၁၄၀၀၀ကျပ်သို့ ဈေးတက်သွားခဲ့ရာ တစ်ပတ်အတွင်း ကြက်သွန်နီတစ်ပိဿာ ၅၀၀ကျပ်နှင့် ကြက်သွန်ဖြူ (ကြူကုတ်)တစ်ပိဿာ ၅၀၀ကျပ် စီ ဈေးတက်သွားသည်ကို တွေ့ရသည်။
ဆီနှင့် အခြားမီးဖိုချောင်သုံးပစ္စည်းအချို့မှာမူ ဇယားပါဈေးနှုန်းများအတိုင်းဈေးငြိမ်နေသည်ကို တွေ့ရှိရမည်ဖြစ်သည်။
သို့သော် ယခုသီတင်းပတ်အတွင်း ထားဝယ်ဈေးကွက်၌ ထားဝယ်ဆန်အမျိုးအစားအားလုံး ဈေးငြိမ်လျက်ရှိသည်။
တိုင်းပြည်ပမှတင်သွင်းသည့် ဆန်အမျိုးအစားအချို့မှာ ဈေးမြင့်တက်လျက်ရှိပြီး ၊အချို့ဆန်အမျိုးအစားများမှာ ဈေးကျနေသည်ကိုလည်း ဇယားပါအတိုင်းတွေ့ရှိရမည်ဖြစ်သည်။










