ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

တစ်ပတ်အတွင်း တနင်္သာရီသတင်း

May 2, 2026

ယခုအပတ် တနင်္သာရီ သတင်းအစီအစဉ်မှာ

  • တနင်္သာရီတိုင်းက စစ်မှုထမ်းအပတ်စဉ်-၁ အိမ်ပြန်ခွင့်ရသူအရေအတွက် စစ်အုပ်စုမပြော
  • ထားဝယ်မှာ အကျဉ်းသားမိသားစုဝင်တွေကို ပစ်မှတ်ထားငွေလိမ်တာတွေ ဆက်တိုက်ကြုံ
  • ထားဝယ်သား စီးပွားရေးလုပ်ငန်းရှင် ဦးခင်စိုး ထောင်ခြောက်လချခံရ
  • မြိတ်မှာ ကိုရင်ငယ်ကို ရိုက်နှက်သူကို အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ်ချ
  • မြိတ် တုံးဗျောရွာကို စစ်ကြောင်းရောက်လာပြီး စစ်ရှောင်တွေကို နေရာရွှေ့ခိုင်း
  • ကျွန်းစုနဲ့ ဘုတ်ပြင်းက ကျေးရွာတွေမှာရေရှားပါးနေပြီး ရေဈေးနှစ်ဆကျော်တက်တဲ့ သတင်းအပါအဝင် တစ်ပတ်အတွင်း သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။
  • ဒါအပြင် ဒီအပတ်အတွက်အထူးသတင်းပေးပို့ချက်အဖြစ်  “စာရွက်ပေါ်မှာ တခမ်းတနား မြေပြင်မှာ နင်းပြား၊ ကျေးဇူးရှင်တောင်သူဦးကြီးများ” အကြောင်းကို ရှုစားရမှာဖြစ်ပါတယ်။

DVB စလောင်း(ဂြိုဟ်တုရုပ်သံလိုင်း)တွင် ထုတ်လွှင့်နေသည့် တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို Dawei Watch ပရိသတ်များအတွက် အင်တာနက်ပေါ်တွင် ကြည့်ရှုနိုင်ရန် ပြန်လည်တင်ဆက်ပေးလိုက်ပါသည်။

Dawei Watch ၏ တစ်ပတ်အတွင်း တနင်္သာရီသတင်း အစီအစဉ်ကို DVB စလောင်းတွင် အပတ်စဉ် ကြာသပတေးနေ့တိုင်း နေ့လယ် ၂ နာရီ ၁၅ မိနစ်တွင် လည်းကောင်း၊ ထပ်မံပြန်လွှင့်ချက်ကို ညနေ ၅ နာရီ ၃၀ မိနစ်တွင် လည်းကောင်း စောင့်မျှော်ကြည့်ရှုနိုင်ပါသည်။