ပန်းသပိတ်တွင်ပါသည်ဟုဆိုကာ ဖမ်းဆီးခံရသည့် ဖောင်းတောဒေသခံအမျိုးသမီးလေးဦး ပြန်လွတ်
Dawei Watch
July 1, 2023ပန်းသပိတ်တွင်ပါဝင်သည်ဟုဆိုကာ ဖမ်းဆီးခံရသည့် ရေဖြူမြို့နယ် ဖောင်းတောရွာက ဒေသခံအမျိုးသမီးလေးဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ မောရဝတီရေတပ်စခန်းအတွင်း ဆယ်ရက်အကြာ ဖမ်းဆီးစစ်ဆေးခံရပြီးနောက် ဇွန်လ ၃၀ ရက်က ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “စစ်တပ်ကားနဲ့ သူတို့အိမ်တွေကို ပြန်လာပို့ပေးသွားတယ်” ဟု ဖောင်းတောရွာသားတစ်ဦးက ပြောဆိုသည်။ ပန်းသပိတ်တွင်ပါဝင်သည်ဟုဆိုကာ ဖောင်းတောရွာခံ မမီးချို၊ မမီးလေး၊ မနှင်းမြင့်နှင့် မစုဝေ တို့ လေးဦးကို စစ်ကောင်စီတပ်က ဓာတ်ပုံမှတ်တမ်းနှင့်တကွ ဇွန်လ ၁၉ ရက်တွင် လာရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ ဇွန်လ ၂၀ ရက်က အဖမ်းခံရသည့် ကံပေါက်ရွာက ကိုအောင်ဇော်ဦးနှင့် မဥမ္မာအောင်တို့ ဇနီးမောင်နှံ နှစ်ဦးမှာလည်း ဖောင်းတောဒေသခံလေးဦးနှင့်အတူတူ တစ်ချိန်တည်းပြန်လွတ်မြောက်လာခဲ့သည်။ ဖောင်းတောရွာက ဖမ်းဆီးခံထားရသူ ၆ ဦးလုံး ပြန်လွတ်လာပြီဖြစ်ကြောင်း ရွာသားများထံမှ သိရသည်။ […]


