ရေး လူမှုကယ်ဆယ်ရေးကား မိုင်းဆွဲခံရ

မွန်ပြည်နယ်၊ ရေးမြို့က အောင်မင်္ဂလာနာရေးနှင့် လူမှုကယ်ဆယ်ရေးအသင်းကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရပြီး အသင်းသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိကြောင်း ယင်းအသင်းထံမှ သိရသည်။ အဆိုပါ အသင်းကားသည် စက်တင်ဘာ ၈ ရက်နေ့ ည ၁၂ နာရီ (ယနေ့ နံနက်)...

နဘုလယ် လဲရှောင်ရွာသားတစ်ဦးပစ်သတ်ခံရ

ရေဖြူမြို့နယ် နဘုလယ် လဲရှောင်ရွာတွင် ယမန်နေ့(စက်တင်ဘာ ၈ ) ညနေပိုင်းက အမျိုးသားတစ်ဦးပစ်သတ်ခံခဲ့ရသည်။ သေဆုံးသူမှာ လဲရှောင်ရွာသားဖြစ်ပြီး နအဖအစိုးရလက်ထက် ကျေးရွာအုပ်ချုပ်ရေးမှုးဟောင်းဖြစ်သူ အသက် ငါးဆယ်ကျော်အရွယ်ရှိ ဦးကြည်စိုးဆိုသူဖြစ်သည်။ ယင်းနေ့ညနေ...

ကုန်ဈေးနှုန်းကြောင့် ထားဝယ်မုန့်လက်သုပ် ဈေးထပ်တက်

ကုန်ဈေးနှုန်း ကြီးလာခြင်းကြောင့် ထားဝယ်မုန့်လက်သုပ်ဈေးလည်း ထပ်တက်လာကြောင်း‌ ထားဝယ်ဒေသခံအချို့က ပြောသည်။ ထားဝယ်တွင် ယခင်က ၃၀၀ ကျပ်တန် မုန့်လက်သုပ်မှာ တစ်ပွဲ ၄၀၀ ဖြစ်လာပြီး ၄၀၀ ကျပ်ဖြင့်ရောင်းနေသည့်ဆိုင်တွင် တစ်ပွဲ ၅၀၀ ကျပ်ဖြစ်လာသည်ဟု...

ကဗျာဆရာမောင်ယုပိုင်အပါအဝင် လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသားများပြန်လွတ်

နာမည်ကျော်ကဗျာဆရာ မောင်ယုပိုင်အပါအဝင် မြိတ်မြို့မှ လွတ်ရက်စေ့ နိုင်ငံရေး အကျဉ်းသားများ ပြန်လည်လွတ်မြောက်လာကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။ ယနေ့ (စက်တင်ဘာ ၉) နံနက် ၈ နာရီက မြိတ်အကျဉ်းထောင်တွင် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူ ၃၀ ဦးလွတ်မြောက်လာသည်ဟု...

စက်သုံးဆီဈေးထပ်တက်၍ ကင်းမွန်ငါးဖမ်းလုပ်ငန်း ထက်ဝက်ခန့်ရပ်နားထားရ

ကင်းမွန်းငါးဖမ်းရာသီမစတင်မီ စက်သုံးဆီဈေးနှုန်း ထပ်မံမြင့်တက်နေသဖြင့် ကင်းမွန်ငါးဖမ်းလုပ်ငန်း ထက်ဝက်ခန့် ရပ်နားထားရကြောင်း ယင်းလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောပြသည်။ ကင်းမွန်ငါးဖမ်းရာသီမှာ လာမည့်နိုဝင်ဘာလတွင် စတင်မည်ဖြစ်သော်လည်း လှေထွက်နိုင်ရေး ယခုအချိန်တွင် စတင်ပြင်ဆင်နေကြပြီဖြစ်ရာ လှေထက်ဝက်ခန့်မှာ ပြင်ဆင်ခြင်းမရှိသေးဘဲ အခြေအနေစောင့်ကြည့် နေကြခြင်းဖြစ်သည်။

ထိုင်း ပရာကျွတ်ခီရီခန်တွင် တရားမဝင် မြန်မာလုပ်သား ၁၉ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ ပရာကျွတ်ခီရီခန်တွင် တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော မြန်မာအလုပ်သမား ၁၉ ဦးကို ယနေ့ (စက်တင်ဘာ ၈) မနက်ပိုင်းအချိန်တွင် ထိုင်းရဲတပ်ဖွဲ့များက ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ပရာကျွတ်ခီရီခန်ခရိုင် ကိုလက်ဒေသရှိ ရာဘာတောထဲတွင် တရားမဝင် မြန်မာအလုပ်သမားများကို...

ဘီးလင်းစစ်မှုထမ်းဟောင်းအဖွဲ့  ဒုဥက္ကဋ္ဌဖြစ်သူ အငြိမ်းစားဗိုလ်မှူး ပစ်သတ်ခံရ

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဒုဥက္ကဋ္ဌ အငြိမ်းစားဗိုလ်မှူး လှဝင်းသိန်း သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ စက်တင်ဘာ ၈ ရက်နေ့ နံနက် ၈ နာရီအချိန်ခန့်က ဘီးလင်းမြို့ ကန်သာယာရပ်ကွက်နေ...

ငွေလွှဲ၊ ငွေထုတ်ပါက အချက်အလက်များဖြည့်၍ မှတ်ပုံတင်ပြရမည်ဟု Wave Money ထုတ်ပြန်

မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုစနစ် တစ်ခုဖြစ်သည့် wave money ဖြင့် ငွေလွှဲ၊ငွေထုတ်မည်ဆိုပါက မှတ်ပုံတင်ကို မဖြစ်မနေ ယူလာပြီး အချက်အလက်အပြည့်အစုံကို ဖြည့်စွက်ရမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီက ယနေ့ (စက်တင်ဘာ ၈ရက်)တွင် ထုတ်ပြန်လိုက်သည်။ စည်းမျဉ်းစည်းကမ်းများအရ ၀န်ဆောင်မှုလုပ်ငန်းများ ပိုမိုလုံခြုံစိတ်ချရစေရန် လုံခြုံရေးအဆင့်မြှင့်တင်နေကြောင်း ထုတ်ပြန်ချက်တွင်...

ခဲသတ္တု ပြင်ပပေါက်ဈေးမငြိမ်

ထားဝယ်အရှေ့တောနယ်မှ ထွက်ရှိသည့် ခဲသတ္တုဈေးနှုန်းမှာ ဈေးတည်ငြိမ်မှုမရှိဘဲ အတက်အကျများနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဝမ်းရေးအတွက် တစ်နိုင်တစ်ပိုင် ခဲထုတ်လုပ်(ဒေသအခေါ် ခဲယင်းသူ)သူများက ပြင်ပဝယ်လက်များထံ ရောင်းချသည့် ဈေးနှုန်းမှာ မတည်ငြိမ်ဖြစ်‌နေခြင်းဖြစ်သည်။ ဩဂုတ်လနှောင်းပိုင်းက...

မွန်တွင် ဆေးဝါးအချို့ပြတ်လပ်သဖြင့် သုံးစွဲသူများအခက်အခဲဖြစ်

မွန်ပြည်နယ် ဈေးကွက်အတွင်း ဆေးဝါးအချို့ ပြတ်လပ်နေသည့်အတွက် သုံးစွဲနေရသူများ အခက်အခဲကြုံတွေ့ နေရကြောင်း သုံးစွဲသူအချို့တို့ထံမှ သိရသည်။ ဆေးဝါးများကို ပြည်ပမှဒေါ်လာဖြင့် ဝယ်ယူတင်သွင်းရပြီး ဒေါ်လာရရှိရန် အခက်အခဲရှိသည့်အပြင် ဈေးအဆမတန် မြင့်တက်နေခြင်း၊ ဆေးဝါးသွင်းကုန်လိုင်စင်များ ကန့်သတ်ခံရခြင်းတို့ကြောင်းပြည်တွင်းဈေးကွက်တွင် ဈေးကြီးမြင့်ကာ...