ကဗျာဆရာမောင်ယုပိုင်အပါအဝင် လွတ်ရက်စေ့ နိုင်ငံရေးအကျဉ်းသားများပြန်လွတ်

0
528

နာမည်ကျော်ကဗျာဆရာ မောင်ယုပိုင်အပါအဝင် မြိတ်မြို့မှ လွတ်ရက်စေ့ နိုင်ငံရေး အကျဉ်းသားများ ပြန်လည်လွတ်မြောက်လာကြောင်း နီးစပ်သည့်အသိုင်းအဝိုင်းမှ သိရသည်။

ယနေ့ (စက်တင်ဘာ ၉) နံနက် ၈ နာရီက မြိတ်အကျဉ်းထောင်တွင် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား/အကျဉ်းသူ ၃၀ ဦးလွတ်မြောက်လာသည်ဟု အကျဉ်းသား မိသားစုဝင်များ ကပြောသည်။

လွတ်မြောက်လာသူများတွင် အမျိုးသား ၂၃ ဦး၊ အမျိုးသမီး ၆ ဦး၊ LGBT ၁ ဦးပါဝင်ကြောင်း သိရသည်။

ကဗျာဆရာ မောင်ယုပိုင် အပါအဝင် ကွက်သစ်တွင် အဖမ်းခံရသူအားလုံး ပြန်လွတ်လာ၍ အိမ်ပြန်ရောက်နေကြပြီဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သူ တစ်ဦးကပြောသည်။

ကဗျာဆရာမောင်ယုပိုင်အပါအဝင် ယနေ့လွတ်မြောက်လာသူများမှာ ၂၀၂၁ ခုနှစ် မတ်လ အတွင်းက အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

မြိတ်မြို့၊ကွက်သစ်ရပ်ကွက်၌ ဆန္ဒထုတ်ဖော်ရန် လူစုနေစဉ် စစ်ကားများဖြင့်ပိတ်ဆို့ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နေ့ကလည်း လွတ်ရက်စေ့ နိုင်ကျဉ်း ၁၉ ဦးပြန်လည်လွတ်မြောက်ခဲ့သည်။