ဘေးကင်းတဲ့ သားဆက်ခြားနည်း‌

ကလေးယူဖို့ အဆင်သင့်မဖြစ်သေးတဲ့အချိန်မှာ ကိုယ်ဝန်ရသွားမယ်ဆိုရင် မိဘတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်လာနိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ အဆင်သင့်မဖြစ်ခင် ရုတ်တရက် ကလေးရသွားတာမျိုး မဖြစ်စေဖို့ သားဆက်ခြားနည်းတွေကို သိဖို့လိုအပ်ပါတယ်။ ဘေးကင်းလုံခြုံတဲ့ သားဆက်ခြားနည်းတွေကို သိရှိစေဖို့ တင်ဆက်ပေးလိုက်ပါတယ်။

ရှမ်းမြောက်မှာ ဘာတွေဖြစ်နေလဲ

တော်လှန်ရေးအဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ စုပေါင်းပြီး အာဏာသိမ်း စစ်ကောင်စီကို ထိုးစစ်ဆင် တိုက်ခိုက်မှုတွေက နိုင်ငံအနှံ့ ဖြစ်ပေါ်နေပါတယ်။ ရှမ်းပြည်မြောက်ပိုင်းက မြို့သိမ်းတိုက်ပွဲတွေကလည်း အရှိန်ကောင်းနေပါပြီ။ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA၊ ရခိုင်တပ် AA...

စပ်ဆေးအန္တရာယ်

ဆေးဆိုင်တွေက ရောင်းတဲ့ စပ်ဆေးတွေက အများအားဖြင့် အန္တရာယ်ရှိပါတယ်။ စပ်ဆေးတွေ သုံးတာကြောင့် ကျောက်ကပ်ထိတာ၊ အသည်း ပျက်တာ၊ အစာအိမ်သွေးကြော ပေါက်တာ၊ အရိုး ပွတာ၊ ဆေးယဉ်ပါးတာတွေ ဖြစ်နိုင်ပြီး အသက်ပါဆုံးရှုံးနိုင်ပါတယ်။

ဗုံးခိုကျင်းတွေ ဆောက်ဖို့လိုပြီ

တိုက်ပွဲများပိုမိုပြင်းထန်လာပြီး လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းဖြင့်ဗုံးချတိုက်ခိုက်မှုများ ပိုမိုများပြားလာသည့် တနင်္သာရီတိုင်းတွင် ဗုံးခိုကျင်းများလိုအပ်နေပြီလား ဆိုသည်မှာစဉ်းစားစရာဖြစ်လာသည်။ ဒါကြောင့် လုံခြုံတဲ့ ဗုံးခိုကျင်းတစ်ခုကို ဘယ်လိုလုပ်မလဲဆိုတာ ဖော်ပြလိုက်ပါတယ်။

ကြည်း၊ ရေ နှစ်ဖက်ညှပ်တိုက်နေတဲ့ ပုလောတိုက်ပွဲ

ပုလောမြို့နယ်က ပင်လယ်ကမ်းစပ်ရွာတစ်ပိုင်းဖြစ်တဲ့ လက္ကူးကျေးရွာအုပ်စုကို စစ်ကောင်စီက ကြည်းတပ်၊ ရေတပ် နှစ်ဖက်ညှပ်ပြီး ပြင်းပြင်းထန်ထန် တိုက်​နေတဲ့ အ​ခြေအ​နေကို တင်ဆက်လိုက်ပါတယ်။

စိတ်ဒဏ်သင့် ကလေးတွေမဖြစ်စေဖို့

မြန်မာနိုင်ငံက စစ်ပွဲတွေ၊ ပဋိပက္ခတွေအတွင်းမှာ ကလေးတွေက သွေးထွက်သံယိုမြင်ကွင်းတွေကို ပုံစံအမျိုးမျိုးနဲ့ မြင်တွေ့နေရတာ၊ စစ်ဘေးဒဏ်ခံရတာတွေကြောင့် စိတ်ဒဏ်ရာရရှိနေကြပါတယ်။ ကလေးတွေရဲ့ စိတ်ဒဏ်ရာ သက်သာစေဖို့ ဘာတွေလုပ်ဆောင်သင့်သလဲဆိုတာကို ဖော်ပြထားပါတယ်။

ပဋိပက္ခအတွင်း ဆေးဝါးကုသခွင့်

တိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ လက်နက်ကိုင် အဖွဲ့တွေရဲ့ လမ်းခရီး စစ်ဆေးတင်းကြပ်မှုတွေက ပိုမိုများပြားလာနေပါတယ်။ ဒါကြောင့်မို့ ပဋိပက္ခအတွင်း အချိန်မီ ဆေးဝါးကုသခွင့်မရဘဲ အသက်ဆုံးရှုံးရတဲ့ ပြည်သူတွေရှိလာနေပါတယ်။ လူနာတင်ယာဉ် ပစ်ခတ်ခံရမှုကြောင့် သေဆုံးမှုတွေလည်း ရှိနေပါတယ်။ ဒါကြောင့် စစ်ဖြစ်ပွားရာဒေသနဲ့၊...

ပြည်သူများအတွက် စောင့်ထိန်းရမည့် ကျင့်ဝတ်

အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် ပဋိပက္ခများ၊ တိုက်ပွဲများနှင့် အထွေထွေအကျပ်အတည်းများကြောင့် ပြည်သူအများမှာ အခက်အခဲ အကျပ်အတည်းမျိုးစုံ ကြုံတွေ့နေကြရသည်။ စား၊ဝတ်၊နေရေး အခက်အခဲများအပြင် မလုံခြုံမှုများကိုလည်း ပြည်သူများမှာနေ့စဉ်နှင့်အမျှ ကြုံတွေ့နေကြရသည်။ တိုက်ပွဲဖြစ်ပွားရာဒေသများနှင့် ပဋိပက္ခဒေသများတွင်...

သတိထားရမယ့် မြေမြှုပ်မိုင်းအန္တရာယ်

အရင်က အေးချမ်းတည်ငြိမ်ခဲ့တဲ့ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းကတော့ အခုအခါမှာ တိုက်ပွဲတွေ၊ ပဋိပက္ခတွေနဲ့အတူ မြေမြှုပ်မိုင်း အန္တရာယ်ပါ ကြုံတွေ့လာရပါပြီ။ တနင်္သာရီတိုင်းမှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးရတဲ့ အရပ်သားတွေ ခပ်စိပ်စိပ်ရှိလာနေပါတယ်။ ဒါကြောင့်...

အကျပ်အတည်းအတွင်း ပေးကမ်းမျှဝေခြင်း

ဒီလိုခေတ်ကျပ်ကြီးထဲမှာ တစ်ဦးနဲ့ တစ်ဦး ပေးကမ်းမျှဝေခြင်းက အရေးပါလာပါတယ်။ ဘယ်အကျိုးကိုမှ မမျှော်ကိုးဘဲ တစ်ဦးနဲ့ တစ်ဦး ကူကြ၊ မျှဝေကြတဲ့ အကျိုးကျေးဇူးတွေက ဘာတွေ ရလာလဲဆိုတာ သိရှိထားဖို လိုအပ်လှပါတယ်။